ငွေရှာဖို့ အရင်းအနှီးမရှိရင် ရွေးချယ်သင့်တဲ့ နည်းလမ်း…
ငွေပေါ်ငွေဆင့်ပြီး ရှာဖို့ အရင်းအနှီး မရှိရင် ရွေးချယ်သင့်သည့် ကပ်စေနည်းတဲ့ အကောင်းဆုံး နည်းလမ်း
အကြော်စုံကိုတစ်နေ့ (၃) သိန်းဖိုး ရောင်းရတာတို့၊ ကြက်ဒုတ်ထိုးရောင်းပြီး အိမ်ပိုင်တာတို့၊ ငပိရည် ကြက်သားသုပ်ရောင်းပြီး တိုက်ဆောက်တာတို့၊
ကွမ်းယာရောင်းပြီး နိုင်ငံခြားမှာ သားသမီးကို ကျောင်းထားတာတို့၊ ဘေထုတ်ရောင်းပြီး ကား၀ယ်တာတို့ စတာတွေကို လိုင်းပေါ်မှာချီးကျူးတာထက် ဝေဖန်တာကိုတွေ့ရလို့ ဒီလိုလေး တွေးမိပါတယ်။
၂၀၁၈ ခုနှစ်လောက်က ထင်တယ်၊ express စီးရင်းနဲ့ ဒရိုင်ဘာက ဘေးမှာပါလာတဲ့ စပယ်ယာအသစ်ကို စကားပြောနေတာပေါ့၊
ကိုယ်က ရှေ့ဆုံးခုံဆိုတော့ သူတို့ပြောသမျှ အကုန်ကြားနေရတာ၊ ဒရိုင်ဘာက ငြီးငြူနေတာ ငါတစ်လ (၁၅) သိန်းကျော်ရတယ် အခုထိအဖတ်တင်တာဘာမှမရှိဘူးတဲ့။
ငါ့စပယ်ယာက တလ (၁) သိန်းခွဲဘဲရတယ် အဲ့ဒါကို ပြီးခဲ့တဲ့လက ရွာမှာမြေကွက် ၀ယ်ပြီးပြီတဲ့၊
အဲ့ဒီကောင်ကွာ နဲနဲနောနောတွက်ကပ်တဲ့ကောင် မဟုတ်ဘူးတဲ့၊ ဒီကောင်ကွာ ဘယ်တော့မှ လက်ဖက်ရည်ဆိုင် မထိုင်ဘူး၊ အပြင်မုန့်ပဲသရေစာ ဘာမှမစားဘူး၊
အမြန်လမ်းမှာကျွေးတဲ့ ထမင်းစားတယ်၊ ဂိတ်ရောက်ရင်ကျွေးတာ စားတယ်၊ ရယ်ဒီမိတ်ကော်ဖီ တစ်ထုတ် (၂) ခါခွဲသောက် တယ်တဲ့၊ အပြင်အ၀တ်အစား မ၀ယ်ဘူးတဲ့ ဒါကကိုယ်တွေ့ နားနဲ့ကြားခဲ့တာ။
နောက်စတိုရီတပုဒ်ကတော့ ကြားဖူးနား၀ပါ ဘာလဲဆိုတော့ ရွာတရွာမှာ ဆင်းဆင်းရဲရဲ လယ်လုပ်သားမိသားစု (၂) စုရှိတာပေါ့
နှစ်တွေအတော်လေး ကြာလာတော့လယ် လုပ်သားမိသားစု တစုကတိုက်နဲ့တာနဲ့ အိမ်ဆိုင်အကြီးကြီးနဲ့ ရုတ်တရက်ကြီး ဖြစ်လာတာပေါ့..
အဲ့ဒါနဲ့ဆင်းရဲမြဲ ဆင်းရဲဆဲအိမ်က အရမ်းသိချင်လာတော့ အဲ့ဒီကုန်စုံဆိုင်ကြီးမှာ ဈေး၀ယ်ရင်းနဲ့ ပိုင်ရှင်ကိုမေးတာပေါ့၊ မင်းတို့နဲ့ ငါတို့နဲ့အတူတူ နှစ်တွေဖြတ်သန်းလာတာ၊
မင်းတို့ကဘယ်လိုဖြစ်လို့ ဒီလိုတွေ ချမ်းသာလာတာတုန်း၊ ဘာအလုပ်တွေ လုပ်ခဲ့သတုန်းပေါ့..
အဲ့ဒီမှာ သူဌေးကဘယ်လို ဖြေလိုက်လဲဆိုတော့ “မင်းတို့က၀က်သားဟင်း စော စားခဲ့ကြတာကိုးတဲ့”..
အဲ့ဒီမှာ သူဆင်းရဲလယ်သမားက ဒါလဲဟုတ်ပေတာဘဲ ငါတို့နေ့တိုင်းရသမျှ ငွေကြေးဥစ္စာကို အစားကောင်းအသောက်ကောင်းတွေ ၀ယ်ခြမ်းစားသောက် နေတဲ့အချိန်မှာ
သူတို့အိမ်ကလယ်ကန်သင်းက ကန်ဇွန်းရွက်လေးခူးကြော်၊ ငပိထောင်းလေးနဲ့ နေခဲ့ကြတာဘဲလေတဲ့၊
ဒါကကြားဖူးနား၀ ဘယ်ကစတယ်တော့ မသိပေမယ့် “မင်းက ၀က်သားဟင်း စော စားခဲ့တာကိုး” ဆိုတဲ့စကားကို ကြိုက်လို့ မှတ်ထားတာ..
နောက်ထပ် ရှိသေးတယ် ၊ အရင်အင်္ဂလိပ်ခေတ်ပြီးစအချိန် မြို့တစ်မြို့မှာပေါ့၊ မြို့လယ်ခေါင်မှာ မြန်မာအိမ်တွေရှိတယ် အဲ့ဒီအိမ်တွေရဲ့ အောက်မှာ အိန္ဒိယတွေက တွန်းလှည်းဆိုင်လေးတွေ ဖွင့်ထားကြတယ်၊
နိုင်ငံရေးအခြေ အနေတွေမကောင်း ခေတ်ပျက်နေတဲ့အချိန်ဆိုတော့ မြန်မာတွေက အိမ်ထဲမှာဘဲနေ အိမ်အောက်ထက်မှာ တွန်းလှည်း ဆိုင်လာဖွင့်နေတဲ့ အိန္ဒိယတွေဆီက ဆန်လေးယူလိုက်၊ ဆီလေးယူလိုက်၊
တံမြက်စည်းလေးယူလိုက်၊ ကွမ်းဆေးလိပ်လေးယူလိုက် ပြီးရင် အကြွေးမှတ်ထားအုန်းနော်ပေါ့၊ ဒီလိုနဲ့ မြန်မာတွေကလဲ ရသလောက်အကြွေးယူပြီးရင် မှတ်ထားခိုင်း ၊ တကယ့်ကို ပေါ့ပေါ့ဆဆနော်..
အဲ့လိုအချိန် အိန္ဒိယတွေက “ပဲ” ဟင်းချက်၊ ခြေမကြားထဲ “ငရုတ်သီး” တောင့်ညှပ်ပြီး ရှိစုမဲ့စုနဲ့ ကြိတ်မှိတ်စားတာ၊ အကြွေးတောင်းသမျှ ပေးတယ်၊ ရသမျှလိပ်စုတယ်၊
ဒီလိုနဲ့ နှစ်တွေကြာလာတော့ ဟိုကစားရင်းဇယားနဲ့လာတာ၊ မပေးနိုင်ရင် အိမ်သိမ်းဘဲ၊ ဘာမှ လာမပြောနဲ့တော့၊ တရားရင်ဆိုင်လဲ ရှုံးလေ၊ လက်ထဲတပြားတချပ်မှ မရှိကြတာ၊
အဲ့ဒါနဲ့ အဲ့မြို့လယ်ခေါင်အိမ်တွေ အကုန်လုံးဟာ သူတို့ဆီ ပါသွားကြရောတဲ့၊ ဒါက အိမ်ကအဘွား ပြောပြတာ..
ဆိုလိုချင်တာက သူတစ်ပါးအောင်မြင် ဖြစ်ထွန်းသွားတဲ့အခါ ရုတ်တရက်ကြီး ချမ်းသာလာတာလား၊ ဖြစ်ကိုမဖြစ်နိုင်ဘူး၊ မဟုတ်တာ လုပ်စားလို့၊ ဖြတ်လမ်းနည်းနဲ့လုပ်လို့ရလာတာလို့ ဝါးလုံးရှည်နဲ့ ပတ်ရမ်းလို့မရဘူး
သူတို့ဘယ်လို ဒုက္ခခံ၊ ဘယ်လို အငတ်ခံ၊ အခက်အခဲတွေကြားဘယ်လိုဖြတ်သန်းခဲ့သလဲ၊ လူ့စည်းစိမ်ကို တစ်ပါးသူတွေခံစားနေချိန်မှာ
သူတို့မနက် (၄) နာရီထပြီး ဈေးပေါပေါပဲပဲကုန်စိမ်းတွေ လိုက်ကောက်၊ တစ်နေကုန် ချက်ပြုတ်ရောင်းချဆေးကြော၊ ညအိပ်ချိန် တစ်ချိန်လေးဘဲ ရှိခဲ့တာတွေကို နားလည်ပေးရမယ်၊ နားလည်နိုင်စွမ်း ရှိရမယ်။
လူ့စည်းစိမ်ကို လူတိုင်း ၀ယ်စားတာ ကြိုက်တယ်၊ စားချင်တာလေးတွေလုပ် မယ်မယ်ရရ မရှိဘဲဖုန်းသုံး၊ တီဗီကြည့် စိတ်အလိုမှန်သမျှ လိုက်ချင်းတိုင်းလိုက်၊
တစ်ခုခုအားထည့်မယ် မကျန်သေးဘူး၊ နားအုန်းမယ် နားချင်ပြီ အဲ့လိုတွေ လူတိုင်း မလုပ်ချင်ဘူးလား ၊လုပ်ချင်ပါတယ်၊ လုပ်လို့လည်း ကောင်းပါတယ်၊
ဒါပေမယ့် အဲ့လိုလူ့စည်းစိမ်တွေကို မခံစားဘဲ ကြိုးစားနေတဲ့ သူတွေကိုတော့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်..
ဘယ်အရာမှ အစွန်းရောက်တာ မကောင်းဘူးပေါ့၊ သင့်တင့်မျှတအောင် မစားဘဲနဲ့ nutrition out ပြီး စုဆောင်းထားသမျှ ဆေးရုံမှာကုန်တယ် ဆိုတာလည်း မဟုတ်သေးဘူး၊
ဒါပေမယ့် ကိုယ်မလိုချင်တဲ့ ဘ၀တစ်ခုကနေ ရုန်းထွက်နိုင်ဖို့ ဆိုရင်တော့ မလုပ်ချင်လည်းလုပ်၊မတွက်ကပ်ချင်လဲ တွက်ကပ်ရတော့မယ့် အရာတွေ ရှိလာတတ်တယ်၊
ငွေပေါ်ငွေဆင့်ပြီး ရှာဖို့လည်း အရင်းအနှီးမရှိရင်တော့ ကပ်စေနည်းတဲ့ နည်းလမ်းကိုရွေးချယ်တာ အသင့်တော်ဆုံးပါ.. အာဟာရ သင့်တင့်မျှတအောင် စားပြီးစုနိုင်ဆောင်းနိုင်ကြပါစေ။
Source – White Sone
Zawgyi Version ျဖင့္ဖတ္ရန္
ေငြ႐ွာဖို႔ အရင္းအႏွီးမ႐ွိရင္ ေ႐ြးခ်ယ္သင့္တဲ့ နည္းလမ္း…
ေငြေပၚေငြဆင့္ၿပီး ႐ွာဖို႔ အရင္းအႏွီး မ႐ွိရင္ ေ႐ြးခ်ယ္သင့္သည့္ ကပ္ေစနည္းတဲ့ အေကာင္းဆုံး နည္းလမ္း
အေၾကာ္စုံကိုတစ္ေန႔ (၃) သိန္းဖိုး ေရာင္းရတာတို႔၊ ၾကက္ဒုတ္ထိုးေရာင္းၿပီး အိမ္ပိုင္တာတို႔၊ ငပိရည္ ၾကက္သားသုပ္ေရာင္းၿပီး တိုက္ေဆာက္တာတို႔၊
ကြမ္းယာေရာင္းၿပီး ႏိုင္ငံျခားမွာ သားသမီးကို ေက်ာင္းထားတာတို႔၊ ေဘထုတ္ေရာင္းၿပီး ကား၀ယ္တာတို႔ စတာေတြကို လိုင္းေပၚမွာခ်ီးက်ဴးတာထက္ ေဝဖန္တာကိုေတြ႕ရလို႔ ဒီလိုေလး ေတြးမိပါတယ္။
၂၀၁၈ ခုႏွစ္ေလာက္က ထင္တယ္၊ express စီးရင္းနဲ႔ ဒ႐ိုင္ဘာက ေဘးမွာပါလာတဲ့ စပယ္ယာအသစ္ကို စကားေျပာေနတာေပါ့၊
ကိုယ္က ေ႐ွ႕ဆုံးခုံဆိုေတာ့ သူတို႔ေျပာသမွ် အကုန္ၾကားေနရတာ၊ ဒ႐ိုင္ဘာက ၿငီးျငဴေနတာ ငါတစ္လ (၁၅) သိန္းေက်ာ္ရတယ္ အခုထိအဖတ္တင္တာဘာမွမ႐ွိဘူးတဲ့။
ငါ့စပယ္ယာက တလ (၁) သိန္းခြဲဘဲရတယ္ အဲ့ဒါကို ၿပီးခဲ့တဲ့လက ႐ြာမွာေျမကြက္ ၀ယ္ၿပီးၿပီတဲ့၊
အဲ့ဒီေကာင္ကြာ နဲနဲေနာေနာတြက္ကပ္တဲ့ေကာင္ မဟုတ္ဘူးတဲ့၊ ဒီေကာင္ကြာ ဘယ္ေတာ့မွ လက္ဖက္ရည္ဆိုင္ မထိုင္ဘူး၊ အျပင္မုန္႔ပဲသေရစာ ဘာမွမစားဘူး၊
အျမန္လမ္းမွာေကြၽးတဲ့ ထမင္းစားတယ္၊ ဂိတ္ေရာက္ရင္ေကြၽးတာ စားတယ္၊ ရယ္ဒီမိတ္ေကာ္ဖီ တစ္ထုတ္ (၂) ခါခြဲေသာက္ တယ္တဲ့၊ အျပင္အ၀တ္အစား မ၀ယ္ဘူးတဲ့ ဒါကကိုယ္ေတြ႕ နားနဲ႔ၾကားခဲ့တာ။
ေနာက္စတိုရီတပုဒ္ကေတာ့ ၾကားဖူးနား၀ပါ ဘာလဲဆိုေတာ့ ႐ြာတ႐ြာမွာ ဆင္းဆင္းရဲရဲ လယ္လုပ္သားမိသားစု (၂) စု႐ွိတာေပါ့
ႏွစ္ေတြအေတာ္ေလး ၾကာလာေတာ့လယ္ လုပ္သားမိသားစု တစုကတိုက္နဲ႔တာနဲ႔ အိမ္ဆိုင္အႀကီးႀကီးနဲ႔ ႐ုတ္တရက္ႀကီး ျဖစ္လာတာေပါ့..
အဲ့ဒါနဲ႔ဆင္းရဲၿမဲ ဆင္းရဲဆဲအိမ္က အရမ္းသိခ်င္လာေတာ့ အဲ့ဒီကုန္စုံဆိုင္ႀကီးမွာ ေဈး၀ယ္ရင္းနဲ႔ ပိုင္႐ွင္ကိုေမးတာေပါ့၊ မင္းတို႔နဲ႔ ငါတို႔နဲ႔အတူတူ ႏွစ္ေတြျဖတ္သန္းလာတာ၊
မင္းတို႔ကဘယ္လိုျဖစ္လို႔ ဒီလိုေတြ ခ်မ္းသာလာတာတုန္း၊ ဘာအလုပ္ေတြ လုပ္ခဲ့သတုန္းေပါ့..
အဲ့ဒီမွာ သူေဌးကဘယ္လို ေျဖလိုက္လဲဆိုေတာ့ “မင္းတို႔က၀က္သားဟင္း ေစာ စားခဲ့ၾကတာကိုးတဲ့”..
အဲ့ဒီမွာ သူဆင္းရဲလယ္သမားက ဒါလဲဟုတ္ေပတာဘဲ ငါတို႔ေန႔တိုင္းရသမွ် ေငြေၾကးဥစၥာကို အစားေကာင္းအေသာက္ေကာင္းေတြ ၀ယ္ျခမ္းစားေသာက္ ေနတဲ့အခ်ိန္မွာ
သူတို႔အိမ္ကလယ္ကန္သင္းက ကန္ဇြန္း႐ြက္ေလးခူးေၾကာ္၊ ငပိေထာင္းေလးနဲ႔ ေနခဲ့ၾကတာဘဲေလတဲ့၊
ဒါကၾကားဖူးနား၀ ဘယ္ကစတယ္ေတာ့ မသိေပမယ့္ “မင္းက ၀က္သားဟင္း ေစာ စားခဲ့တာကိုး” ဆိုတဲ့စကားကို ႀကိဳက္လို႔ မွတ္ထားတာ..
ေနာက္ထပ္ ႐ွိေသးတယ္ ၊ အရင္အဂၤလိပ္ေခတ္ၿပီးစအခ်ိန္ ၿမိဳ႕တစ္ၿမိဳ႕မွာေပါ့၊ ၿမိဳ႕လယ္ေခါင္မွာ ျမန္မာအိမ္ေတြ႐ွိတယ္ အဲ့ဒီအိမ္ေတြရဲ႕ ေအာက္မွာ အိႏၵိယေတြက တြန္းလွည္းဆိုင္ေလးေတြ ဖြင့္ထားၾကတယ္၊
ႏိုင္ငံေရးအေျခ အေနေတြမေကာင္း ေခတ္ပ်က္ေနတဲ့အခ်ိန္ဆိုေတာ့ ျမန္မာေတြက အိမ္ထဲမွာဘဲေန အိမ္ေအာက္ထက္မွာ တြန္းလွည္း ဆိုင္လာဖြင့္ေနတဲ့ အိႏၵိယေတြဆီက ဆန္ေလးယူလိုက္၊ ဆီေလးယူလိုက္၊
တံျမက္စည္းေလးယူလိုက္၊ ကြမ္းေဆးလိပ္ေလးယူလိုက္ ၿပီးရင္ အေႂကြးမွတ္ထားအုန္းေနာ္ေပါ့၊ ဒီလိုနဲ႔ ျမန္မာေတြကလဲ ရသေလာက္အေႂကြးယူၿပီးရင္ မွတ္ထားခိုင္း ၊ တကယ့္ကို ေပါ့ေပါ့ဆဆေနာ္..
အဲ့လိုအခ်ိန္ အိႏၵိယေတြက “ပဲ” ဟင္းခ်က္၊ ေျခမၾကားထဲ “င႐ုတ္သီး” ေတာင့္ညႇပ္ၿပီး ႐ွိစုမဲ့စုနဲ႔ ႀကိတ္မွိတ္စားတာ၊ အေႂကြးေတာင္းသမွ် ေပးတယ္၊ ရသမွ်လိပ္စုတယ္၊
ဒီလိုနဲ႔ ႏွစ္ေတြၾကာလာေတာ့ ဟိုကစားရင္းဇယားနဲ႔လာတာ၊ မေပးႏိုင္ရင္ အိမ္သိမ္းဘဲ၊ ဘာမွ လာမေျပာနဲ႔ေတာ့၊ တရားရင္ဆိုင္လဲ ႐ႈံးေလ၊ လက္ထဲတျပားတခ်ပ္မွ မ႐ွိၾကတာ၊
အဲ့ဒါနဲ႔ အဲ့ၿမိဳ႕လယ္ေခါင္အိမ္ေတြ အကုန္လုံးဟာ သူတို႔ဆီ ပါသြားၾကေရာတဲ့၊ ဒါက အိမ္ကအဘြား ေျပာျပတာ..
ဆိုလိုခ်င္တာက သူတစ္ပါးေအာင္ျမင္ ျဖစ္ထြန္းသြားတဲ့အခါ ႐ုတ္တရက္ႀကီး ခ်မ္းသာလာတာလား၊ ျဖစ္ကိုမျဖစ္ႏိုင္ဘူး၊ မဟုတ္တာ လုပ္စားလို႔၊ ျဖတ္လမ္းနည္းနဲ႔လုပ္လို႔ရလာတာလို႔ ဝါးလုံး႐ွည္နဲ႔ ပတ္ရမ္းလို႔မရဘူး
သူတို႔ဘယ္လို ဒုကၡခံ၊ ဘယ္လို အငတ္ခံ၊ အခက္အခဲေတြၾကားဘယ္လိုျဖတ္သန္းခဲ့သလဲ၊ လူ႕စည္းစိမ္ကို တစ္ပါးသူေတြခံစားေနခ်ိန္မွာ
သူတို႔မနက္ (၄) နာရီထၿပီး ေဈးေပါေပါပဲပဲကုန္စိမ္းေတြ လိုက္ေကာက္၊ တစ္ေနကုန္ ခ်က္ျပဳတ္ေရာင္းခ်ေဆးေၾကာ၊ ညအိပ္ခ်ိန္ တစ္ခ်ိန္ေလးဘဲ ႐ွိခဲ့တာေတြကို နားလည္ေပးရမယ္၊ နားလည္ႏိုင္စြမ္း ႐ွိရမယ္။
လူ႕စည္းစိမ္ကို လူတိုင္း ၀ယ္စားတာ ႀကိဳက္တယ္၊ စားခ်င္တာေလးေတြလုပ္ မယ္မယ္ရရ မ႐ွိဘဲဖုန္းသုံး၊ တီဗီၾကည့္ စိတ္အလိုမွန္သမွ် လိုက္ခ်င္းတိုင္းလိုက္၊
တစ္ခုခုအားထည့္မယ္ မက်န္ေသးဘူး၊ နားအုန္းမယ္ နားခ်င္ၿပီ အဲ့လိုေတြ လူတိုင္း မလုပ္ခ်င္ဘူးလား ၊လုပ္ခ်င္ပါတယ္၊ လုပ္လို႔လည္း ေကာင္းပါတယ္၊
ဒါေပမယ့္ အဲ့လိုလူ႕စည္းစိမ္ေတြကို မခံစားဘဲ ႀကိဳးစားေနတဲ့ သူေတြကိုေတာ့ အသိအမွတ္ျပဳရမွာ ျဖစ္ပါတယ္..
ဘယ္အရာမွ အစြန္းေရာက္တာ မေကာင္းဘူးေပါ့၊ သင့္တင့္မွ်တေအာင္ မစားဘဲနဲ႔ nutrition out ၿပီး စုေဆာင္းထားသမွ် ေဆး႐ုံမွာကုန္တယ္ ဆိုတာလည္း မဟုတ္ေသးဘူး၊
ဒါေပမယ့္ ကိုယ္မလိုခ်င္တဲ့ ဘ၀တစ္ခုကေန ႐ုန္းထြက္ႏိုင္ဖို႔ ဆိုရင္ေတာ့ မလုပ္ခ်င္လည္းလုပ္၊မတြက္ကပ္ခ်င္လဲ တြက္ကပ္ရေတာ့မယ့္ အရာေတြ ႐ွိလာတတ္တယ္၊
ေငြေပၚေငြဆင့္ၿပီး ႐ွာဖို႔လည္း အရင္းအႏွီးမ႐ွိရင္ေတာ့ ကပ္ေစနည္းတဲ့ နည္းလမ္းကိုေ႐ြးခ်ယ္တာ အသင့္ေတာ္ဆုံးပါ.. အာဟာရ သင့္တင့္မွ်တေအာင္ စားၿပီးစုႏိုင္ေဆာင္းႏိုင္ၾကပါေစ။
Source – White Sone