News

PDFကို ဖ-မ်းဖို့ ဆိုင်ကယ်နှင့်လိုက်သွားသည့် ရဲနှစ်ဦး…

PDFကို ဖ-မ်းဖို့ ဆိုင်ကယ်နှင့်လိုက်သွားသည့် ရဲနှစ်ဦး…

PDF ကို ဖ-မ်းဖို့ ဆိုင်ကယ်နှင့်လိုက်သွားသည့် နံချပ်ကူဗန်ဒိန်းအပါအဝင် ရဲနှစ်ဦး ‌ေ-သနတ်နဲ့ပစ်ခတ်ခံရ အခုတော့ဆေးရုံမှာ

CjPlatform🖋အောင်နိူင်သူ

PDF တွေကို ဖမ်းဖို့ဆိုင်ကယ်နှင့်လိုက်သွားသည့် မန္တလေးအောင်ပင်လယ်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်နှစ်ဦး ယနေ့ မနက်ပိုင်းက ပ-စ်ခတ်ခံခဲ့ရသည်ဟု မြို့ခံတွေဆီက သိရသည်။

ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရဲစခန်းမှ ရဲတပ်ဖွဲ့များသည် ယနေ့ နံနက်ပိုင်းတွင် စောင့်ကြည့်လုံခြုံရေးယူထားစဉ်

ဆိုင်ကယ်ဖြင့် လူငယ်နှစ်ဦးအား တွေ့၍ PDF များဟုဆိုကာ

ရဲနှစ်ဦးမှ ပြေးလိုက်သွားရာမှ ပ-စ်ခတ်ခံရတာဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“မလိုက်နဲ့လို့ပြောတာမရဘူး ကြာတယ်ဗျာ ဆိုပြီး နှစ်ယောက်သားလိုက်သွားတာ

ခဏနေတော့ ဖုန်းဝင်လာလို့ကိုင်လိုက်တော့ ‌ေ-သနတ်နဲ့ပ-စ်ခံရပြီး ဆေးရုံမှ ရောက်နေတယ်ကြားတယ်”ဟု ပြောသည်။

‌ေ-သနတ်ဖြင့် ပ-စ်ခတ်မှု့ကြောင့် အောင်ပင်လယ်ရဲစခန်းမှ ရဲဒုတပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရဲစခန်းအနီးနေသူတစ်ဦးက ပြောသည်။

“အပစ်ခံရတဲ့ရဲက နံကျပ်ကူလား ဘာလားမသိဘူး ခါးမှာအမြဲထိုးထားတယ် ဟိုက‌ေ-သနတ်နဲ့ပ-စ်ရင် အဲ့ဒါနဲ့လုပ်လို့ရတာမှ မဟုတ်တာ

သူ့ကို ရဲတွေခေါ်တာရှိသေးတယ် ဗန်ဒိန်း ဆိုလားဘဲ အခုတော့ဆေးရုံမှာ”ဟုပြောသည်။

လက်ရှိအခြေအနေတွင် ချမ်းမြသာစည်မြို့နယ် အောင်ပင်လယ်ရဲစခန်းမှာ စစ်ကောင်စီတပ်နှင့် ရဲများလုံခြုံရေးတိုးမြှင့်ချထားသည်ဟု မြို့ခံတွေဆီက သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရဲစခန်းတွင် မကြာခဏ ဗုံးပေါက်ပြီး

‌ေ-သနတ်ဖြင့် ပ-စ်ခတ်ခံရ၍ ရဲတပ်ဖွဲ့ဝင်အချို့ ‌ေ-သဆုံးခဲ့သည့် ဖြစ်စဉ်လည်းရှိသည်။

Source – CjPlatform🖋အောင်နိူင်သူ

Zawgyi Version ဖြင့်ဖတ်ရန်



CjPlatform🖋အောင်နိုင်သူ













Source – CjPlatform🖋အောင်နိုင်သူ