စစ်တပ်သတင်းပေးလို့ နာမည်ကြီးသူ ၂ ဦး…
စစ်တပ်သတင်းပေးလို့နာမည်ကြီးသူ ၂ ဦး ပ-စ်ခတ်ခံရ၊ ၁ ဦးမှာ ေ-သနတ်ဒဏ်ရာနဲ့ မြစ်ထဲခုန်ချထွက်ပြေးလို့ရေနစ် tay ဆုံး
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်
မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်တွင် စက်တင်ဘာ လ ၂၈ ရက် ယနေ့ မနက်ပိုင်းက တပ်သတင်းပေးဟု နာမည်ကြီးသူ ၂ ဦး ေ-သနတ်ဖြင့် ပ-စ်ခတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရသည်။
ပ-စ်ခတ်ခံရသူများမှာ စစ်ကောင်စီတပ်သို့ သတင်းပေးနေသည်ဟု နာမည်ကြီးသည့် မဲကြီးနှင့် တင်ထွန်းအောင် ဆိုသူ ၂ ဦးဖြစ်ပြီး ကမ်းနားလမ်းတွင်စကားရပ်ပြောနေစဉ် ေ-သနတ်ဖြင့်ပ-စ်ခတ်ခံရပြီး
မဲကြီးဆိုသူမှာ ရင်ဘတ်ကျည်ထိမှန်ဒဏ်ရာဖြင့် ဧရာဝတီမြစ်အတွင်းသို့ ချခုန်ထွက်ပြေးခဲ့ကြောင်း သိရသည်။
”ေ-သသွားတဲ့ မဲကြီးဆိုတာက ဒီမြို့နယ် ဒလန်အကြီးစား အဓိကလူပဲ။ သူကပ-စ်ခံရပြီး ရင်ဘတ်ကိုထိတာ။ အဲဒီဒဏ်ရာကြီးနဲ့ ကြောက်လန့်ပြီး မြစ်ထဲခုန်ချပြီး ေ-သသွားတာ။
နောက်တယောက်က ခြေထောက်ကိုထိတာ ဒဏ်ရာရသွားတယ် “ဟု မန္တလေးမြို့ခံအမျိုးသားတဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
သေနတ်ပစ်ခံရပြီးနောက် မြစ်အတွင်းခုန်ချသွားသည့် မဲကြီးအား နယ်မြေခံကယ်ဆယ်ရေး အသင်းအဖွဲ့များက မြစ်အတွင်းပြန်လည်ရှာဖွေရာ ေ-သဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါပ-စ်ခတ်မှုအား ဒေသတွင်းတော်လှန်ရေးအင် အားစုများဘက်မှ တစုံတရာ ထုတ်ပြန်ခြင်းမရှိသေးပါ။
Source – AyeyarwaddyTimes
Zawgyi Version ဖြင့်ဖတ်ရန်
ဧရာဝတီတိုင်းမ်
စက်တင်ဘာလ ၂၈ ရက်