Astrology

သင့်တစ်နေ့တာ ကံကောင်းဖို့ မိုးလင်းတာနဲ့ပြုလုပ်ရမယ့် ဘုရားရှိခိုးနည်း…

သင့်တစ်နေ့တာ ကံကောင်းဖို့ မိုးလင်းတာနဲ့ပြုလုပ်ရမယ့် ဘုရားရှိခိုးနည်း…

ဘုရားရှိခိုးတာ ဘုရားဂုဏ်တော်ပွားတာ မေတ္တာပို့တာ ထွက်လေဝင်လေ စူးစိုက်ပြီး ငါးမိနစ်ဆယ်မိနစ် တရားထိုင်တာဟာ

ကျန်းမာရေးလဲရ စိတ်ခွန်အားလဲကောင်း စိတ်ကြံခိုင်ရေးလဲ တိုးတယ်။

ကိုယ်ခန္ဓာ ခွန်အား တိုးတက် ကိုယ်ခန္ဓာ ကြံခိုင်ရေး လဲတိုးတက် အကုန်လုံးအကောင်းတွေချည်းပါပဲ။

ဘုရားရှိခိုး ပူဇော်ရသောအကျိုး ရှစ်ပါး။

(၁) သွားလေရာရာရောက်လေရာအရပ် ၁၀မျက်နှာတို့၌ အပူဇော်အချီးမြှောက်ကိုခံရခြင်း။

(၂) သွက်သွက်လက်လက်နှင့်ထက်မြတ်သောဉာဏ်ပညာ ကိုရရှိခြင်း။

(၃) ကိုယ့်အလိုလိုက်ပြီးကိုယ့်အကြိုက်ကိုသာလုပ်ကိုင်ပေးကြသောအခြွေအရံပရိသတ်နှင့်ပြည့်စုံရခြင်း။

(၄) မရေ မတွက်နိုင်သော စည်းစိမ် ချမ်းသာနှင့် ပြည့်စုံခြင်း။

(၅) ဘဝတိုင်း ဘဝတိုင်း အဆင်းရုပ်ရည်လှပခြင်း။

(၆)ကိုယ်လှ စိတ်လှ အတွင်းအပြင် လှပ သည့် အတွက် အများ ၏နှစ်သက်ခြင်း ကို ခံယူရခြင်း။

(၇)မိတ်ဆွေအ ပေါင်းအသင်းတို့၏ချစ်ခင်ရိုသေလေးစားမှုခိုင်မြဲခြင်း။

(၈) ကောင်းမြတ်သော သီတင်းကျော်စော ပျံ့နှံ့ခြင်း။

ဤ ၈ ပါးသော အကျိုးတို့ကိုဆုတောင်း ပတ္တနာမပြုရဘဲ ဆုမတောင်းရဘဲ ပြည့်စုံရသည်ဟု( တိဿရဏဂမနိယတ္ထေရ အပါဒါန် )ပါဠိတော်မှာ လာသည်။

ယုံယုံကြည်ကြည်နှင့် နေ့စဉ်မှန်မှန်ကြိုးစား၍ရှိခိုးကြပါ၊ ပူဇော်ကြပါ၊ ကျန်းမာ ချမ်းသာကြပါစေ။ မပျင်းကြနဲ့နော်။

Credit

Zawgyi Version ဖ်င္႕ဖတ္ရန္

သင့္တစ္ေန႔တာ ကံေကာင္းဖို႔ မိုးလင္းတာနဲ႔ျပဳလုပ္ရမယ့္ ဘုရား႐ွိခိုးနည္း…

ဘုရား႐ွိခိုးတာ ဘုရားဂုဏ္ေတာ္ပြားတာ ေမတၱာပို႔တာ ထြက္ေလဝင္ေလ စူးစိုက္ၿပီး ငါးမိနစ္ဆယ္မိနစ္ တရားထိုင္တာဟာ

က်န္းမာေရးလဲရ စိတ္ခြန္အားလဲေကာင္း စိတ္ၾကံခိုင္ေရးလဲ တိုးတယ္။

ကိုယ္ခႏၶာ ခြန္အား တိုးတက္ ကိုယ္ခႏၶာ ၾကံခိုင္ေရး လဲတိုးတက္ အကုန္လုံးအေကာင္းေတြခ်ည္းပါပဲ။

ဘုရား႐ွိခိုး ပူေဇာ္ရေသာအက်ိဳး ႐ွစ္ပါး။

(၁) သြားေလရာရာေရာက္ေလရာအရပ္ ၁၀မ်က္ႏွာတို႔၌ အပူေဇာ္အခ်ီးေျမႇာက္ကိုခံရျခင္း။

(၂) သြက္သြက္လက္လက္ႏွင့္ထက္ျမတ္ေသာဉာဏ္ပညာ ကိုရ႐ွိျခင္း။

(၃) ကိုယ့္အလိုလိုက္ၿပီးကိုယ့္အႀကိဳက္ကိုသာလုပ္ကိုင္ေပးၾကေသာအေႁခြအရံပရိသတ္ႏွင့္ျပည့္စုံရျခင္း။

(၄) မေရ မတြက္ႏိုင္ေသာ စည္းစိမ္ ခ်မ္းသာႏွင့္ ျပည့္စုံျခင္း။

(၅) ဘဝတိုင္း ဘဝတိုင္း အဆင္း႐ုပ္ရည္လွပျခင္း။

(၆)ကိုယ္လွ စိတ္လွ အတြင္းအျပင္ လွပ သည့္ အတြက္ အမ်ား ၏ႏွစ္သက္ျခင္း ကို ခံယူရျခင္း။

(၇)မိတ္ေဆြအ ေပါင္းအသင္းတို႔၏ခ်စ္ခင္႐ိုေသေလးစားမႈခိုင္ၿမဲျခင္း။

(၈) ေကာင္းျမတ္ေသာ သီတင္းေက်ာ္ေစာ ပ်ံ႕ႏွံ႔ျခင္း။

ဤ ၈ ပါးေသာ အက်ိဳးတို႔ကိုဆုေတာင္း ပတၱနာမျပဳရဘဲ ဆုမေတာင္းရဘဲ ျပည့္စုံရသည္ဟု( တိႆရဏဂမနိယေတၳရ အပါဒါန္ )ပါဠိေတာ္မွာ လာသည္။

ယုံယုံၾကည္ၾကည္ႏွင့္ ေန႔စဥ္မွန္မွန္ႀကိဳးစား၍႐ွိခိုးၾကပါ၊ ပူေဇာ္ၾကပါ၊ က်န္းမာ ခ်မ္းသာၾကပါေစ။ မပ်င္းၾကနဲ႔ေနာ္။

Credit