News

မင်းအောင်လှိုင် ဘယ်လောက် စည်းရုံးရေးဆင်းနေပါစေ ပေါက်နယ်ရှိ သရက်ကန်ရဲစခန်းကို…

မင်းအောင်လှိုင် ဘယ်လောက် စည်းရုံးရေးဆင်းနေပါစေ ပေါက်နယ်ရှိ သရက်ကန်ရဲစခန်းကို…

ပေါက်နယ်ရှိ သရက်ကန်ရဲစခန်းကို စစ်ကောင်စီတပ်နှင့်ရဲများက မီးရှို့ဖျ-က်ဆီးပြီး စခန်းကို စွန့်ခွာသွား

ရုပ်သံကိုတော့ အောက်ဆုံးမှာထည့်ပေးထားပါတယ်။

ဟာနာဆန်၊နွေးနွေး/People’s Spring

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ရှိ သရက်ကန်ရဲစခန်းအား စစ်ကောင်စီတပ်နှင့်ရဲများက ၎င်းတို့ကိုယ်တိုင်မီးရှို့ဖျ-က်ဆီးကာ စွန့်ခွာသွားကြောင်း

(ပခုက္ကူ ခရိုင်တပ်ရင်း-၇၊ တပ်ခွဲ-၃) 3 IN 1 PDF အဖွဲ့က သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၂၆ ရက်က စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ကြက်ဆူအိုင့်ရွာကို မီးရှို့ပြီး သရက်ကန်ရဲစခန်းသို့ စက်တင်ဘာ၂၇ ရက်တွင် ရောက်ရှိခဲ့သည်။

အဆိုပါအဖွဲ့သည် ယမန်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကောင်စီတပ်က ရဲတပ်ဖွဲ့အထိုင်ချတပ်စွဲထားသော သရက်ကန်ရဲစခန်းအား မီးရှို့နေသည်ကို

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တွေ့မြင်ခဲ့ကြောင်း 3 IN 1 PDF အဖွဲ့က အသိပေးသည်။

ယနေ့ (စက်တင်ဘာ ၂၈ ရက်)မွန်းတည့် ၁၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်များ ဆုတ်ခွာသွားကြောင်း သတင်းရ၍

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ 3 IN 1 PDF (ပခုက္ကူခရိုင်တပ်ရင်း-၇၊ တပ်ခွဲ- ၃) တပ်ဖွဲ့များနှင့်အတူ ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများက သရက်ကန်ကျေးရွာအတွင်းသို့ ဝင်ရောက် နယ်မြေရှင်းလင်းခဲ့သည်။

သရက်ကန်ရဲစခန်းမှာ အဆောက်အဦး၊ ဘန်ကာ၊ ခြံစည်းရိုးတံတိုင်းများ၊ စခန်းကုန်းတခုလုံးဖျက် ဆီးထားခဲ့ပြီး စခန်းတွင် အထိုင်ချထားသော ရဲများမှာ ရောက်ရှိလာသော စစ်ကောင်စီစစ်ကြောင်းနှင့်အတူ

ရဲစခန်းအား စွန့်ခွာပြီးတပ်ဆုတ်သွားကြောင်း 3 IN 1 PDF အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သရက်ကန်ရဲစခန်းကို စစ်ကောင်စီက မီးရှို့သွားသော်လည်း အခြေအနေအသေးစိတ်ကို စောင့်ကြည့်နေဆဲဟု ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ကိုစည်သူက ပြောသည်။

“ရဲစခန်းက ပုသိမ်-မုံရွာလမ်းဘေးနားမှာ။ ပေါက်နယ်ထဲ ပါတယ်။စစ်ကောင်စီတပ်က ရဲစခန်းကို အကုန်ရှို့သွားတာ မဟုတ်သေးဘူး။

ဟန်ပြရှို့တာလည်း ဖြစ်နိုင်တယ်။ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်”ဟု ကိုစည်သူက ဆိုသည်။

ပေါက်မြို့နယ်အတွင်း စစ်ကောင်စီစစ်ကြောင်းနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယခုရက်ပိုင်းအတွင်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲမရှိခဲ့ပေ။

စက်တင်ဘာ နောက်ဆုံးရက်သတ္တပတ်အတွင်း စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ တပ်ကြပ်တစ်ဦးအပါအဝင် စစ်ကောင်စီဘက်က လေးဦးသေဆုံးခဲ့သည်ဟု ကိုစည်သူကပြောသည်။

စစ်ကောင်စီတပ်ဘက်က အဘယ့်ကြောင့် ရဲစခန်းကို မီးရှို့ဖျက်ဆီးပြီး တပ်ဆုတ်သွားသည်ကိုမူ မသိရသေးပေ။

ပေါက်မြို့နယ်နှင့်မြိုင်နယ် နယ်စပ်တွင် ယခင်ရက်ပိုင်းက စစ်ကောင်စီတပ်နှင့်ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

ရုပ်သံ Source – 3 IN 1 PDF

ဟာနာဆန်၊နွေးနွေး/People’s Spring

Zawgyi Version ျဖင့္ဖတ္ရန္

မင္းေအာင္လိႈင္ ဘယ္ေလာက္ စည္း႐ုံးေရးဆင္းေနပါေစ ေပါက္နယ္႐ွိ သရက္ကန္ရဲစခန္းကို…

ေပါက္နယ္႐ွိ သရက္ကန္ရဲစခန္းကို စစ္ေကာင္စီတပ္ႏွင့္ရဲမ်ားက မီး႐ိႈ႕ဖ်-က္ဆီးၿပီး စခန္းကို စြန္႔ခြာသြား

႐ုပ္သံကိုေတာ့ ေအာက္ဆုံးမွာထည့္ေပးထားပါတယ္။

ဟာနာဆန္၊ေႏြးေႏြး/People’s Spring

မေကြးတိုင္းေဒသႀကီး၊ ပခုကၠဴခ႐ိုင္၊ ေပါက္ၿမိဳ႕နယ္႐ွိ သရက္ကန္ရဲစခန္းအား စစ္ေကာင္စီတပ္ႏွင့္ရဲမ်ားက ၎တို႔ကိုယ္တိုင္မီး႐ိႈ႕ဖ်-က္ဆီးကာ စြန္႔ခြာသြားေၾကာင္း

(ပခုကၠဴ ခ႐ိုင္တပ္ရင္း-၇၊ တပ္ခြဲ-၃) 3 IN 1 PDF အဖြဲ႕က သတင္းထုတ္ျပန္သည္။

စက္တင္ဘာ ၂၆ ရက္က စစ္ေကာင္စီစစ္ေၾကာင္းတစ္ေၾကာင္းသည္ ၾကက္ဆူအိုင့္႐ြာကို မီး႐ိႈ႕ၿပီး သရက္ကန္ရဲစခန္းသို႔ စက္တင္ဘာ၂၇ ရက္တြင္ ေရာက္႐ွိခဲ့သည္။

အဆိုပါအဖြဲ႕သည္ ယမန္ေန႔ ညေန ၅ နာရီခန္႔တြင္ စစ္ေကာင္စီတပ္က ရဲတပ္ဖြဲ႕အထိုင္ခ်တပ္စြဲထားေသာ သရက္ကန္ရဲစခန္းအား မီး႐ိႈ႕ေနသည္ကို

ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ား ေတြ႕ျမင္ခဲ့ေၾကာင္း 3 IN 1 PDF အဖြဲ႕က အသိေပးသည္။

ယေန႔ (စက္တင္ဘာ ၂၈ ရက္)မြန္းတည့္ ၁၂ နာရီဝန္းက်င္တြင္ စစ္ေကာင္စီတပ္မ်ား ဆုတ္ခြာသြားေၾကာင္း သတင္းရ၍

ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ 3 IN 1 PDF (ပခုကၠဴခ႐ိုင္တပ္ရင္း-၇၊ တပ္ခြဲ- ၃) တပ္ဖြဲ႕မ်ားႏွင့္အတူ ျပည္သူ႕ကာကြယ္ေရးတပ္ေပါင္းစုမ်ားက သရက္ကန္ေက်း႐ြာအတြင္းသို႔ ဝင္ေရာက္ နယ္ေျမ႐ွင္းလင္းခဲ့သည္။

သရက္ကန္ရဲစခန္းမွာ အေဆာက္အဦး၊ ဘန္ကာ၊ ျခံစည္း႐ိုးတံတိုင္းမ်ား၊ စခန္းကုန္းတခုလုံးဖ်က္ ဆီးထားခဲ့ၿပီး စခန္းတြင္ အထိုင္ခ်ထားေသာ ရဲမ်ားမွာ ေရာက္႐ွိလာေသာ စစ္ေကာင္စီစစ္ေၾကာင္းႏွင့္အတူ

ရဲစခန္းအား စြန္႔ခြာၿပီးတပ္ဆုတ္သြားေၾကာင္း 3 IN 1 PDF အဖြဲ႕၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

သရက္ကန္ရဲစခန္းကို စစ္ေကာင္စီက မီး႐ိႈ႕သြားေသာ္လည္း အေျခအေနအေသးစိတ္ကို ေစာင့္ၾကည့္ေနဆဲဟု ေပါက္ၿမိဳ႕နယ္ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ မွ ကိုစည္သူက ေျပာသည္။

“ရဲစခန္းက ပုသိမ္-မုံ႐ြာလမ္းေဘးနားမွာ။ ေပါက္နယ္ထဲ ပါတယ္။စစ္ေကာင္စီတပ္က ရဲစခန္းကို အကုန္႐ိႈ႕သြားတာ မဟုတ္ေသးဘူး။

ဟန္ျပ႐ိႈ႕တာလည္း ျဖစ္ႏိုင္တယ္။ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ေနပါတယ္”ဟု ကိုစည္သူက ဆိုသည္။

ေပါက္ၿမိဳ႕နယ္အတြင္း စစ္ေကာင္စီစစ္ေၾကာင္းႏွင့္ ေဒသခံျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မ်ား ယခုရက္ပိုင္းအတြင္း ထိပ္တိုက္ရင္ဆိုင္တိုက္ပြဲမ႐ွိခဲ့ေပ။

စက္တင္ဘာ ေနာက္ဆုံးရက္သတၱပတ္အတြင္း စစ္ေကာင္စီတပ္ကို မိုင္းဆြဲတိုက္ခိုက္ရာ တပ္ၾကပ္တစ္ဦးအပါအဝင္ စစ္ေကာင္စီဘက္က ေလးဦးေသဆုံးခဲ့သည္ဟု ကိုစည္သူကေျပာသည္။

စစ္ေကာင္စီတပ္ဘက္က အဘယ့္ေၾကာင့္ ရဲစခန္းကို မီး႐ိႈ႕ဖ်က္ဆီးၿပီး တပ္ဆုတ္သြားသည္ကိုမူ မသိရေသးေပ။

ေပါက္ၿမိဳ႕နယ္ႏွင့္ၿမိဳင္နယ္ နယ္စပ္တြင္ ယခင္ရက္ပိုင္းက စစ္ေကာင္စီတပ္ႏွင့္ေဒသကာကြယ္ေရးအဖြဲ႕မ်ား တိုက္ပြဲမ်ားျဖစ္ပြားခဲ့ၿပီး စစ္ေကာင္စီတပ္ဘက္က ထိခိုက္ေသဆုံးမႈမ်ား ႐ွိခဲ့သည္။

႐ုပ္သံၾကည့္ရန္

႐ုပ္သံ Source – 3 IN 1 PDF

ဟာနာဆန္၊ေႏြးေႏြး/People’s Spring