ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်တွင်…
ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ် မဟာသိမ်တော်ကြီးအနီးတွင် ပ-စ်ခတ်မှုဖြစ်၊
စစ်တပ်၊ရဲ နှင့်ဆေးရုံကားများ ရောက်လာပြီး ဆူးလေအထိ မဟာဗန္ဓုလ လမ်းမကြီးကို စစ်တပ်က ပိတ်ဆို့
ရန်ကုန်၊ စက်တင်ဘာ ၂၉
ရန်ကုန်မြို့လယ်ခေါင်၊ ပန်းဘဲတန်းမြို့နယ်၊ မဟာသိမ်တော်ကြီးအနီးတွင်
ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ပ-စ်ခတ်မှုဖြစ်ပြီး
လမ်းများပိတ်ဆို့လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။
“ရန်ကုန် ပန်းဘဲတန်း သိမ်တော်ကြီးနားမှာပစ်ခတ်သံကြားရတယ်။
၄ ချက် ၊ ၅ ချက်လောက်ကြားရတာ။ အခုဆိုအဲ့နားတဝိုက်ကိုပိတ်ထားလိုက်ပြီဗျ။
အသွား အလာလုပ်ခွင့်မပေးတော့ဘူး။
အမျိုးသမီးတစ်ဦး ထိတယ်လည်းပြောတယ်။ ဒလန်ရှင်းတယ်လည်းပြောတယ်။
ဘာမှန်းသေချာမသိရသေးဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိတွင် မဟာဗန္ဓုလလမ်းမကြီးကို ဆူးလေလမ်းပတ်ဝန်းကျင်အထိ လမ်းပိတ်ထားပြီး
ရဲကား၊ စစ်ကားများနှင့်ဆေးရုံကားများ ရောက်ရှိလာကြောင်း ဒေသခံများက ပြောဆိုသည်။
ဓာတ်ပုံ- ပန်းဘဲတန်းအနီးရှိ မဟာသိမ်တော်ကြီး မြင်ကွင်း။(ပုံအဟောင်းဖြစ်သည်)
ရန်ကုန်၊ စက်တင်ဘာ ၂၉
ခရက်ဒစ်
Zawgyi Version ဖြင့်ဖတ်ရန်
ရန်ကုန်၊ စက်တင်ဘာ ၂၉
ရန်ကုန်၊ စက်တင်ဘာ ၂၉
ခရက်ဒစ်