News

မြို့လယ်ခေါင်မှာ လုံခြုံရေးယူနေသည့် ရဲတစ်ဦးရဲ့ အဖြစ်…

မြို့လယ်ခေါင်မှာ လုံခြုံရေးယူနေသည့် ရဲတစ်ဦးရဲ့ အဖြစ်…

ပန်းဘဲတန်းတွင် လုံခြုံရေးယူနေသည့် ရဲတစ်ဦး ပ-စ်သ-တ်ခံရ

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ မဟာဗန္ဓုလမ်းမပေါ် ရှိ မဟာသိမ်တော်ကြီးတွင် လုံခြုံရေးယူနေသော ရဲတစ်ဦး

ယနေ့ စက်တင်ဘာ ၂၉ မွန်းလွဲပိုင်း၌ ပ-စ်သ-တ်ခံရပြီး တစ်ဦး ဒဏ်ရာရကြောင်း သိရသည်။

မွန်းလွဲ ၃ နာရီခွဲခန့်တွင် ကွမ်းယာသွားဝယ်နေစဉ် ပ-စ်သ-တ်ခံရခြင်းဖြစ်ပြီး

ပွဲချင်းပြီး tay ဆုံးခဲ့ကြောင်း Myanmar Now ၏ သတင်းရင်းမြစ်က ပြောသည်။

ထိုသို့ ပ-စ်သ-တ်ခံရပြီးပြီးချင်း မဟာဗန္ဓုလလမ်းဘလောက်ရှိ ရွှေတိဂုံဘုရားလမ်းမှ ရွှေဘုံသာလမ်းအထိ

လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်ဆို့စစ်ဆေးနေကြောင်း၊

ညနေ ၄ နာရီခွဲခန့်၌ သိမ်တော်ကြီးအနီးတစ်ဝိုက်ရှိ ပြည်သူများကို ခေါ်ယူရိုက်နှက်နေကြောင်း၊

ရန်ကုန်မြေပြင်သတင်းများ ပေးပို့နေသည့် Rangoon Scout Network ၏ တယ်လီဂရမ်တွင် ဖော်ပြထားသည်။

ပုံစာ-ရန်ကုန်မြို့တွင် လုံခြုံရေးယူနေသော ရဲတစ်ဦးကို ယခုနှစ် ဩဂုတ် ၁၅ က တွေ့ရစဉ်။

(ဓာတ်ပုံ-Myanmar Now)

Source – Myanmar Now

Zawgyi Version ဖြင့်ဖတ်ရန်












(ဓာတ်ပုံ-Myanmar Now)

Source – Myanmar Now