News
စစ်ဆရာဝန် ၂ ဦး လိုက်ပါသော ကား ဗုံးပေါ-က်ပြီး…
စစ်ဆရာဝန် ၂ ဦး လိုက်ပါသော ကား ဗုံးပေါ-က်ပြီး…
စစ်ဆရာဝန် ၂ ဦး လိုက်ပါသော ကား ဗုံးပေါ-က်ပြီး မီးလော-င်၊ စစ်ဆရာဝန် တစ်ဦး tay ဆုံးပြီး အခြားစစ်ဆရာဝန် တစ်ဦး ဒဏ်ရာရ
ရန်ကုန်၊ စက်တင်ဘာ ၂၉
ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ ဟိုနောင်ရပ်ကွက်တွင် စစ်တပ်ဝင်းထဲမှ ကား တစ်စီး ဗုံးပေါက်ပြီး မီးလောင် ပေါက်ကွဲသဖြင့်
စစ်ဆရာဝန် ၁ ဦး tay ဆုံးပြီး အခြား စစ်ဆရာဝန် ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။
စက်တင်ဘာ ၂၉ ရက်နေ့ ည ၇ နာရီအချိန်တွင် စစ်တပ်ဝင်းထဲမှ အိမ်စီးကား ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး စစ်ဆရာဝန် ၁ ဦး မီးလောင် tay ဆုံးသွားကြောင်း၊
အခြားစစ်ဆရာဝန်မှာ ခြေထောက်တွင် ဒဏ်ရာရရှိသဖြင့် မီးငြိမ်းသတ်မှုနှင့် လူနာကို ဆေးရုံပို့ဆောင်လိုက်ကြောင်း သိရှိရသည်။
“နမ့်ခမ်း ဟိုနောင်ရပ်ကွက်မှာ စစ်ကား ဗုံးကွဲပြီး မီးလော-င်ပါတယ်။ စစ်ဆရာဝန် တစ်ဦးခြေပြတ်တယ်။
တစ်ဦးကတော့ မီးလောင်ပြီး tay တယ်။ ည ၇ နာရီဖြစ်တာ။ ဖြစ်တာက တပ်ထဲက အိမ်စီးကား ။ စစ်တပ်က ကား။
ဟိုနောင်ရပ်ကွက်ဘက်မှာ စခန်းသစ်လို့ခေါ်တဲ့ကုန်းပေါ်က စခန်းကားပါ။ တပ်နာမည်ကတော့ အတိအကျမသိဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
မည်သည့်အတွက်ကြောင့် ကားပေါ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်သည်ဆိုသော အကြောင်း အရာကိုမူ မသိရှိရသေးဘဲ စစ်တပ်နှင့်ရဲက လာရောက်စုံစမ်းမှုများရှိသည်ဟု သိရှိရသည်။
ဓာတ်ပုံ- ယနေ့ည ၇ နာရီ ဗုံးပေါက်ပြီး မီးလောင်သွားသည့် စစ်ဆရာဝန် ၂ ဦးလိုက်ပါသော ကား။
ခရက်တစ်
Zawgyi Version ဖငြ့်ဖတ်ရန်
ရန်ကုန်၊ စက်တင်ဘာ ၂၉
ခရက်တစ်