ဒေါ်လာကိုင်ထားသူတွေ ငိုရတော့မယ့် ယနေ့ဒေါ်လာဈေးနှင့် ရွှေဈေး…
ယနေ့ ရွှေဈေးကတော့…
၃ နာရီ ၅၂ မိနစ်တွင်
အခေါက်ရွှေရောင်းဈေး – ၂၅၈၅၀၀၀
အခေါက်ရွှေဝယ်ဈေး – ၂၅၅၅၀၀၀
၁၅ပဲရည်ရွှေရောင်းဈေး – ၂၄၃၂၉၀၀
(အချိန်နှင့်အမျှ အပြောင်းအလဲ ရှိနိုင်ပါသည်)
ကမ္ဘာ့ရွှေဈေးကတော့ တစ်အောင်စကို ၁၆၅၀ ကျော် ဖြစ်ပါတယ်။
ဒေါ်လာဈေးကတော့ တစ်ဒေါ်လာလျှင် ၂၈၇၈-၂၈၉၀ ကျပ်ဖြစ်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို စျေးပြိုင်တင်ဒါလေလံစနစ်နဲ့ စက်တင်ဘာ ၂၉ ရက်က စတင် ရောင်းချပေးမယ်လို့ စစ်ကောင်စီက အသိပေး ကြေညာထားပါတယ်။
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်နဲ့ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ ရှိတဲ့ Star Mart Mandalay တို့မှာ
ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီကနေ ၃ နာရီအတွင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမယ်လို့ဆိုပါတယ်။
ဝယ်ယူလိုသူတွေ အနေနဲ့ သတ်မှတ်ထားတဲ့ တင်ဒါပုံစံဖြည့်စွက်ပြီး စျေးပြိုင်တင်ဒါစနစ်နဲ့ဝယ်ယူရ မှာဖြစ်ပါတယ်။
စိတ်ဝင်စားသူတွေအနေနဲ့ မြန့်မာကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော် ရုံးချုပ်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်)နဲ့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊
မန္တလေးစခန်းရုံးတို့မှာ အသေးစိတ် စုံစမ်းနိုင်တယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီအစီအစဉ်နဲ့ပက်သက်ပြီး ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာလည်း အသိပေး ကြေညာထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ရွှေဈေးနှုန်း မြင့်တက်နေတာကို ထိန်းညှိဖို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရွှေဒင်္ဂါးပြားတွေကိုလည်း ထုတ်ရောင်းပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာ့အခေါက်ရွှေစျေးဟာ စက်တင်ဘာ ၂၈ ရက်မှာ တကျပ်သားကို ၂,၅၉၀,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး တရက်အတွင်း ကျပ်တသိန်းကျော် ထပ်မံကျဆင်းခဲ့ပါတယ်။
ရန်ကုန်မြို့ရှိ ရွှေအရောင်းဆိုင်တွေရဲ့ စျေးနှုန်းဖော်ပြချက်အရ စက်တင်ဘာ ၂၇ ရက်က အခေါက်ရွှေတကျပ်သားကို ကျပ် ၂၇ သိန်းဝန်းကျင်မှာ စျေးပိတ်ခဲ့ပြီး
နောက်တနေ့ နေ့ညနေပိုင်းမှာတော့ တကျပ်သားကို ၂၆ သိန်းအောက်ထိ ပြန်လည်ကျဆင်းခဲ့တာပါ။
ကမ္ဘာ့ရွှေစျေးနဲ့ ပြင်ပဒေါ်လာပေါက်စျေး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းလာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
သတင်း Source – DVB
Zawgyi Version ျဖင့္ဖတ္ရန္
ေဒၚလာကိုင္ထားသူေတြ ငိုရေတာ့မယ့္ ယေန႔ေဒၚလာေဈးႏွင့္ ေ႐ႊေဈး…
ယေန႔ ေ႐ႊေဈးကေတာ့…
၃ နာရီ ၅၂ မိနစ္တြင္
အေခါက္ေ႐ႊေရာင္းေဈး – ၂၅၈၅၀၀၀
အေခါက္ေ႐ႊဝယ္ေဈး – ၂၅၅၅၀၀၀
၁၅ပဲရည္ေ႐ႊေရာင္းေဈး – ၂၄၃၂၉၀၀
(အခ်ိန္ႏွင့္အမွ် အေျပာင္းအလဲ ႐ွိႏိုင္ပါသည္)
ကမ႓ာ့ေ႐ႊေဈးကေတာ့ တစ္ေအာင္စကို ၁၆၅၀ ေက်ာ္ ျဖစ္ပါတယ္။
ေဒၚလာေဈးကေတာ့ တစ္ေဒၚလာလွ်င္ ၂၈၇၈-၂၈၉၀ က်ပ္ျဖစ္ပါတယ္။
ရန္ကုန္နဲ႔ မႏၲေလးၿမိဳ႕တို႔မွာ ေ႐ႊစင္တုံးနဲ႔ ေ႐ႊစင္ခဲ ၃ ပိႆာစီကို ေစ်းၿပိဳင္တင္ဒါေလလံစနစ္နဲ႔ စက္တင္ဘာ ၂၉ ရက္က စတင္ ေရာင္းခ်ေပးမယ္လို႔ စစ္ေကာင္စီက အသိေပး ေၾကညာထားပါတယ္။
ရန္ကုန္ၿမိဳ႕၊ ကမ႓ာေအးဘုရားလမ္းမွာ႐ွိတဲ့ ျမန္မာ့ေက်ာက္မ်က္ရတနာျပတိုက္နဲ႔ မႏၲေလးၿမိဳ႕ ၂၆ လမ္းနဲ႔ ၆၆ လမ္းေထာင့္မွာ ႐ွိတဲ့ Star Mart Mandalay တို႔မွာ
ေ႐ႊစင္တုံးနဲ႔ ေ႐ႊစင္ခဲ ၃ ပိႆာစီကို စက္တင္ဘာ ၂၉ ရက္ ေန႔လယ္ ၁ နာရီကေန ၃ နာရီအတြင္း သယံဇာတနဲ႔ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ေရာင္းခ်ေပးမယ္လို႔ဆိုပါတယ္။
ဝယ္ယူလိုသူေတြ အေနနဲ႔ သတ္မွတ္ထားတဲ့ တင္ဒါပုံစံျဖည့္စြက္ၿပီး ေစ်းၿပိဳင္တင္ဒါစနစ္နဲ႔ဝယ္ယူရ မွာျဖစ္ပါတယ္။
စိတ္ဝင္စားသူေတြအေနနဲ႔ ျမန္႔မာေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း ေနျပည္ေတာ္ ႐ုံးခ်ဳပ္၊ ျမန္မာ့ေက်ာက္မ်က္ရတနာျပတိုက္ (ရန္ကုန္)နဲ႔ ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း၊
မႏၲေလးစခန္း႐ုံးတို႔မွာ အေသးစိတ္ စုံစမ္းႏိုင္တယ္လို႔ ထုတ္ျပန္ထားတာပါ။
အဲဒီအစီအစဥ္နဲ႔ပက္သက္ၿပီး ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းရဲ႕ လူမႈကြန္ရက္ စာမ်က္ႏွာမွာလည္း အသိေပး ေၾကညာထားပါတယ္။
လက္႐ွိမွာ စစ္ေကာင္စီအေနနဲ႔ ေ႐ႊေဈးႏႈန္း ျမင့္တက္ေနတာကို ထိန္းညႇိဖို႔ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္တို႔မွာ ေ႐ႊဒဂၤါးျပားေတြကိုလည္း ထုတ္ေရာင္းေပးေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။
ျမန္မာ့အေခါက္ေ႐ႊေစ်းဟာ စက္တင္ဘာ ၂၈ ရက္မွာ တက်ပ္သားကို ၂,၅၉၀,၀၀၀ က်ပ္ဝန္းက်င္႐ွိၿပီး တရက္အတြင္း က်ပ္တသိန္းေက်ာ္ ထပ္မံက်ဆင္းခဲ့ပါတယ္။
ရန္ကုန္ၿမိဳ႕႐ွိ ေ႐ႊအေရာင္းဆိုင္ေတြရဲ႕ ေစ်းႏႈန္းေဖာ္ျပခ်က္အရ စက္တင္ဘာ ၂၇ ရက္က အေခါက္ေ႐ႊတက်ပ္သားကို က်ပ္ ၂၇ သိန္းဝန္းက်င္မွာ ေစ်းပိတ္ခဲ့ၿပီး
ေနာက္တေန႔ ေန႔ညေနပိုင္းမွာေတာ့ တက်ပ္သားကို ၂၆ သိန္းေအာက္ထိ ျပန္လည္က်ဆင္းခဲ့တာပါ။
ကမ႓ာ့ေ႐ႊေစ်းနဲ႔ ျပင္ပေဒၚလာေပါက္ေစ်း ဆက္တိုက္က်ဆင္းေနတာေၾကာင့္ ျပည္တြင္းေ႐ႊေဈး ထပ္မံက်ဆင္းလာတာ ျဖစ္တယ္လို႔ ေ႐ႊလုပ္ငန္း႐ွင္ေတြက ဆိုပါတယ္။
သတင္း Source – DVB