ကေတီဗီ သွားတဲ့ စစ်သားတွေ အုပ်ကြီးအိမ်မှာထားခဲ့တဲ့…
KTV သွားတဲ့ စစ်သားတွေ အုပ်ကြီးအိမ်မှာထားခဲ့တဲ့ သေနတ် ၇လက်ကို PDF ဝင်သိ-မ်း
မြင်းခြံ ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၂ ။
မန္တလေးတိုင်း မြင်းခြံမြို့အနီးက ပျော်ဘွယ်စံပြကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ သေနတ်တွေ ထားပြီး
စစ်ကောင်စီတပ်သားတွေ KTV သွားနေချိန်မှာ အုပ်ချုပ်ရေးမှူးအိမ်ကို PDF တွေ ဝင်စီးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ရက် ဒီနေ့ နေ့လယ် ၁နာရီဝန်းကျင်မှာ အဲ့ဒီ အုပ်ချုပ်ရေးမှူးအိမ်ကို နွားထိုးကြီး PDF က ဝင်စီးတဲ့ အချိန်
အဲ့ဒီေ-သနတ် ၇လက်ကို ရခဲ့တာဖြစ်တယ်လို့ မြင်းခြံမြို့ခံတဦးက ပြောပါတယ်။
“စစ်သားတွေက မြင်းခြံက KTVကိုသွားတာ သွားတဲ့ အချိန်မှာ သူတို့ ေ-သနတ်တွေကို အုပ်ကြီးရဲ့ အိမ်မှာ ထားသွားတာ အဲဒါကို PDF တွေက သတင်းရပြီး ဝင်စီးတာ
အုပ်ကြီးက ထွက်ပြေးသွားတော့ ကျည်ဆံမကုန်ပဲ ေ-သနတ် ၇ လက် ရရှိခဲ့တယ်”လို့ မြင်းခြံမြို့ခံတဦးက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးအိမ်ကနေ MA-1 သုံးလက်၊ ရှော့ဂန်း တစ်လက်နဲ့ ကာဘိုင်သုံးလက်အပါအဝင် စုစုပေါင်း ေ-သနတ် ၇ လက်တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဇူလိူင် ၂၉ ရက်နေ့ကလည်း အဲဒီအုပ်ချုပ်ရေးမှူးအိမ်ကို နွားထိုးကြီး PDFတွေ ဝင်စီးခဲ့စဉ်ကလည်း ကာဘိုင် ၁လက် ၊ 12 Bore Slide Action Shotgun ၁ လက်နဲ့
12 Bore Shotgun ကျည်အတောင့် ၂၀ တို့ကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ အဲဒီဒေသခံက ပြောပါတယ်။
Source – မြေလတ်အသံ
Zawgyi Version ဖြင့်ဖတ်ရန်
ဇူလိုင် ၂၉ ရက်နေ့ကလည်း အဲဒီအုပ်ချုပ်ရေးမှူးအိမ်ကို နွားထိုးကြီး PDFတွေ ဝင်စီးခဲ့စဉ်ကလည်း ကာဘိုင် ၁လက် ၊ 12 Bore Slide Action Shotgun ၁ လက်နဲ့
Source – မြေလတ်အသံ