ကြားသိရသမျှ

PDF လေးတွေမှ ဘယ်လောက်တော်လဲဆိုတာ ဒါကိုသာကြည့်လိုက်တော့…

PDF လေးတွေမှ ဘယ်လောက်တော်လဲဆိုတာ ဒါကိုသာကြည့်လိုက်တော့…

PDF ကလေး တပ်ရင်း (၁၂) မှ တပိုင်တနိုင် ရေအားလျှပ်စစ် ထုတ်လုပ်အောင်မြင်

ရုပ်သံကိုတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်ရှိ PDF(Kalay) တပ်ရင်း ၁၂ မှ အတတ်ပညာရှင်များ ပူးပေါင်းကာ

တောင်ကျချောင်းမှ ရေသွယ်၍ တစ်နိုင်တစ်ပိုင်ရေအားလျှပ်စစ် အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ကြောင်းသိရသည်။

“အဓိကစိတ်ကူးတာတော့ ကုန်ကျစရိတ်သက်သာဖို့ ပြည်သူတွေအခက်အခဲတွေ ကြားထဲက အလှူခံရတာ အားနာလို့၊ အတတ်နိုင်ဆုံး ပြည်သူတွေထောက်ပံ့ပေးတာ သက်သာဖို့။

လက်နက်ထုတ်လုပ်ရေးပိုင်းမှာရော အဓိက လိုအပ်နေတာ လျှပ်စစ်မီးပါဗျာ။ ဒါ့ကြောင့် တပ်ရင်းမှူးကိုယ်တိုင် ဦးဆောင်ပြီး တပ်သားတွေနဲ့ လုပ်ခဲ့တာပါ။

ကုန်ကျစရိတ်အနေနဲ့ လေးသိန်းဝန်းကျင်လောက်ကျပါတယ်။” ဟု Kalay PDF တပ်ရင်း (၁၂) မှ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမ ကိုပြောသည်။

PDF Kalay တပ်ရင်း (၁၂) မှ ထုတ်လုပ်သော တစ်နိုင်တစ်ပိုင် ရေအားလျှပ်စစ်အား စက်တင်ဘာလ ၂၁ ရက်နေ့က စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင် စတင်အသုံးပြုခဲ့ကြောင်း သိရသည်။

“အကျိုးအမြတ်ကတော့ ကုန်ကျစရိတ်သက်သာတာပေါ့။ တောင်ပေါ်ဒေသဆိုတော့ နေရောင်လည်းလုံလောက် မှုမရဝောာ့ Solar တွေ အမြဲအားကိုးလို့မရဘူးဗျာ။

အခုဆို စကားပြောစက်တွေ ၊ ဖုန်းတွေ အားသွင်းဖို့ ၂၄နာရီ မီးရတော့ အဆင်ပြေတာပေါ့ ။

ဓာတ်ဆီ သုံးစွဲမှုလည်း မရှိသလောက်ပါပဲဗျာ။အကျိုးကျေးဇူးတော့ အများကြီးပေါ့။” ဟု ရေအားလျှပ်စစ်မှ ရရှိသော အကျိုးအမြတ်နှင့်ပတ်သက်၍ PDF Kalay တပ်ရင်း (၁၂) က ရဲဘော်တစ်ဦးကဆိုသည်။

အဆိုပါ ရေအားလျှပ်စစ်သည် လျှပ်စစ်ဓါတ်အား watts 2,000 ခန့် ထုတ်လုပ်နိုင်ပြီး ကုန်ကျစရိတ်လည်း အလွန်သက်သာကြောင်း သိရှိရပြီး

ယခုလက်ရှိတွင်တော့ မီးကြိုးလိုအပ်နေ၍ လိုအပ်သလောက်အသုံးပြု၍အဆင်မပြေသေးကြောင်း သိရသည်။

စာတည်း – သန့်ဇော်(သန်လျင်)

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

Source – mizzima

Zawgyi Version ျဖင့္ဖတ္ရန္

PDF ေလးေတြမွ ဘယ္ေလာက္ေတာ္လဲဆိုတာ ဒါကိုသာၾကည့္လိုက္ေတာ့…

PDF ကေလး တပ္ရင္း (၁၂) မွ တပိုင္တႏိုင္ ေရအားလွ်ပ္စစ္ ထုတ္လုပ္ေအာင္ျမင္

႐ုပ္သံကိုေတာ့ ေအာက္ဆုံးမွာ ထည့္ေပးထားပါတယ္။

မဇၩိမ။ ။စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးၿမိဳ႕နယ္႐ွိ PDF(Kalay) တပ္ရင္း ၁၂ မွ အတတ္ပညာ႐ွင္မ်ား ပူးေပါင္းကာ

ေတာင္က်ေခ်ာင္းမွ ေရသြယ္၍ တစ္ႏိုင္တစ္ပိုင္ေရအားလွ်ပ္စစ္ ေအာင္ျမင္စြာ ထုတ္လုပ္ႏိုင္ခဲ့ေၾကာင္းသိရသည္။

“အဓိကစိတ္ကူးတာေတာ့ ကုန္က်စရိတ္သက္သာဖို႔ ျပည္သူေတြအခက္အခဲေတြ ၾကားထဲက အလႉခံရတာ အားနာလို႔၊ အတတ္ႏိုင္ဆုံး ျပည္သူေတြေထာက္ပံ့ေပးတာ သက္သာဖို႔။

လက္နက္ထုတ္လုပ္ေရးပိုင္းမွာေရာ အဓိက လိုအပ္ေနတာ လွ်ပ္စစ္မီးပါဗ်ာ။ ဒါ့ေၾကာင့္ တပ္ရင္းမႉးကိုယ္တိုင္ ဦးေဆာင္ၿပီး တပ္သားေတြနဲ႔ လုပ္ခဲ့တာပါ။

ကုန္က်စရိတ္အေနနဲ႔ ေလးသိန္းဝန္းက်င္ေလာက္က်ပါတယ္။” ဟု Kalay PDF တပ္ရင္း (၁၂) မွ ျပန္ၾကားေရးတာဝန္ခံက မဇၩိမ ကိုေျပာသည္။

PDF Kalay တပ္ရင္း (၁၂) မွ ထုတ္လုပ္ေသာ တစ္ႏိုင္တစ္ပိုင္ ေရအားလွ်ပ္စစ္အား စက္တင္ဘာလ ၂၁ ရက္ေန႔က စတင္ျပဳလုပ္ခဲ့ျခင္းျဖစ္ၿပီး စက္တင္ဘာလ ၂၇ ရက္ေန႔တြင္ စတင္အသုံးျပဳခဲ့ေၾကာင္း သိရသည္။

“အက်ိဳးအျမတ္ကေတာ့ ကုန္က်စရိတ္သက္သာတာေပါ့။ ေတာင္ေပၚေဒသဆိုေတာ့ ေနေရာင္လည္းလုံေလာက္ မႈမရေဝာာ့ Solar ေတြ အၿမဲအားကိုးလို႔မရဘူးဗ်ာ။

အခုဆို စကားေျပာစက္ေတြ ၊ ဖုန္းေတြ အားသြင္းဖို႔ ၂၄နာရီ မီးရေတာ့ အဆင္ေျပတာေပါ့ ။

ဓာတ္ဆီ သုံးစြဲမႈလည္း မ႐ွိသေလာက္ပါပဲဗ်ာ။အက်ိဳးေက်းဇူးေတာ့ အမ်ားႀကီးေပါ့။” ဟု ေရအားလွ်ပ္စစ္မွ ရ႐ွိေသာ အက်ိဳးအျမတ္ႏွင့္ပတ္သက္၍ PDF Kalay တပ္ရင္း (၁၂) က ရဲေဘာ္တစ္ဦးကဆိုသည္။

အဆိုပါ ေရအားလွ်ပ္စစ္သည္ လွ်ပ္စစ္ဓါတ္အား watts 2,000 ခန္႔ ထုတ္လုပ္ႏိုင္ၿပီး ကုန္က်စရိတ္လည္း အလြန္သက္သာေၾကာင္း သိ႐ွိရၿပီး

ယခုလက္႐ွိတြင္ေတာ့ မီးႀကိဳးလိုအပ္ေန၍ လိုအပ္သေလာက္အသုံးျပဳ၍အဆင္မေျပေသးေၾကာင္း သိရသည္။

စာတည္း – သန္႔ေဇာ္(သန္လ်င္)

႐ုပ္သံၾကည့္ရန္

Source – mizzima