ရန်ကုန်-နေပြည်တော်-လွိုင်ကော်ပြေးဆွဲသည့် MNA ခရီးသည်တင်လေယာဉ် အပ-စ်ခံရပြီး…
ရန်ကုန်-နေပြည်တော်-လွိုင်ကော်ပြေးဆွဲသည့် MNA ခရီးသည်တင်လေယာဉ်သေနတ်ဖြင့်ပစ်ခတ်ခံရ
မြန်မာ့လေကြောင်းလိုင်းရဲ့ ခရီးသည်တင် လေယာဉ်တစ်စင်း စက်တင်ဘာလ ၃၀ ရက် ဒီနေ့မနက်ပိုင်း ကယားပြည်နယ် လွိုင်ကော်လေဆိပ်အဆင်းမှာ သေနတ်နဲ့ အပစ်ခံရတာကြောင့်
ခရီးသည်တစ်ဦး ကျည်ဆန်ထိမှန် သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လေယာဉ်ပေါ် လိုက်ပါလာပြီး ကိုယ်တိုင်မြင်တွေ့ခဲ့တဲ့ ခရီးသည်တစ်ဦးရဲ့ ပြောပြမှုအရ
ခရီးသည်တစ်ဦး ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာရခဲ့တာ မှန်ကန်တယ်လို့ လွိုင်ကော်ဒေသခံ ကိုသိုင်းက RFA ကို ပြန်ပြောပြပါတယ်။
“ရန်ကုန်ကနေ လာပြီးတော့ လွိုင်ကော်ကို လေယာဉ်အဆင်းမှာ အပစ်ခံရတာ။ တစ်ယောက်ထိတယ်လို့ သိရတယ်။ သေ၊ မသေတော့ တိတိကျကျ မသိရဘူး။
ဒီနေ့က သောကြာနေ့ဆိုတော့ မြန်မာ့လေကြောင်းလိုင်း (MAI) အလှည့်ပဲ။ ခရီးသည်တင် လေယာဉ်ပါ။ ဒီမနက်ပိုင်းမှာ ဖြစ်တာ”
လူမှုကွန်ရက် ဖေ့စ်ဘွတ်ပေါ်မှာ ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ ခရီးသည်တင်လေယာဉ်ပေါ်က ထိုင်ခုံပေါ်မှာ သွေးတွေ၊ ပတ်တီးနဲ့ တစ်သျှုးတွေ တွေ့ရသလို
ကြမ်းခင်းမှာ ကျည်ဆန် ဖောက်ဝင်ရာလို့ ယူဆရတဲ့ အပေါက်ရာလည်းတွေ့ရပါတယ်။
အဲဒီလေယာဉ်ဟာ ရန်ကုန်ကနေ လွိုင်ကော်ကို တိုက်ရိုက်ပျံသန်းလာတာဖြစ်ပြီး
ကျည်ဆန် ထိမှန်တဲ့ ခရီးသည် ေ-သဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
လေယာဉ်အပစ်ခံရပြီး လွိုင်ကော်မှာ စစ်ကောင်စီတပ်က လုံခြုံရေးတွေ ပိုတိုးချပြီး အစစ်အဆေးတွေ တင်းကျပ်နေတာကြောင့် အရေးကြီးကိစ္စမရှိရင် အပြင်မထွက်ကြဖို့
အချင်းချင်း သတိပေးနေကြတယ်လို့ လွိုင်ကော် ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့သလဲဆိုတာ RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို ဘယ်အဖွဲ့အစည်းကမှလည်း သူတို့လက်ချက်ဆိုတာကို ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တိတိကျကျသိရဖို့ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် (KNDF) အပါအဝင် ဒေသခံကာကွယ်ရေး အဖွဲ့တွေကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
ကယားပြည်နယ် လွိုင်ကော်လေဆိပ်အဆင်းမှာ ပ-စ်ခတ်ခံရသည့် လေယာဉ်ပေါ်မှ ကျည်ထိမှန်နေရာကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်။
(Photo: Kyaw Ko Ko Tin)
Zawgyi Version ျဖင့္ဖတ္ရန္
ရန္ကုန္-ေနျပည္ေတာ္-လြိဳင္ေကာ္ေျပးဆြဲသည့္ MNA ခရီးသည္တင္ေလယာဥ္ အပ-စ္ခံရၿပီး…
ရန္ကုန္-ေနျပည္ေတာ္-လြိဳင္ေကာ္ေျပးဆြဲသည့္ MNA ခရီးသည္တင္ေလယာဥ္ေသနတ္ျဖင့္ပစ္ခတ္ခံရ
ျမန္မာ့ေလေၾကာင္းလိုင္းရဲ႕ ခရီးသည္တင္ ေလယာဥ္တစ္စင္း စက္တင္ဘာလ ၃၀ ရက္ ဒီေန႔မနက္ပိုင္း ကယားျပည္နယ္ လြိဳင္ေကာ္ေလဆိပ္အဆင္းမွာ ေသနတ္နဲ႔ အပစ္ခံရတာေၾကာင့္
ခရီးသည္တစ္ဦး က်ည္ဆန္ထိမွန္ သြားတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ေလယာဥ္ေပၚ လိုက္ပါလာၿပီး ကိုယ္တိုင္ျမင္ေတြ႕ခဲ့တဲ့ ခရီးသည္တစ္ဦးရဲ႕ ေျပာျပမႈအရ
ခရီးသည္တစ္ဦး က်ည္ဆန္ထိမွန္ၿပီး ဒဏ္ရာရခဲ့တာ မွန္ကန္တယ္လို႔ လြိဳင္ေကာ္ေဒသခံ ကိုသိုင္းက RFA ကို ျပန္ေျပာျပပါတယ္။
“ရန္ကုန္ကေန လာၿပီးေတာ့ လြိဳင္ေကာ္ကို ေလယာဥ္အဆင္းမွာ အပစ္ခံရတာ။ တစ္ေယာက္ထိတယ္လို႔ သိရတယ္။ ေသ၊ မေသေတာ့ တိတိက်က် မသိရဘူး။
ဒီေန႔က ေသာၾကာေန႔ဆိုေတာ့ ျမန္မာ့ေလေၾကာင္းလိုင္း (MAI) အလွည့္ပဲ။ ခရီးသည္တင္ ေလယာဥ္ပါ။ ဒီမနက္ပိုင္းမွာ ျဖစ္တာ”
လူမႈကြန္ရက္ ေဖ့စ္ဘြတ္ေပၚမွာ ပ်ံ႕ႏွံ႔လာတဲ့ ဓာတ္ပုံေတြအရ ခရီးသည္တင္ေလယာဥ္ေပၚက ထိုင္ခုံေပၚမွာ ေသြးေတြ၊ ပတ္တီးနဲ႔ တစ္သွ်ဳးေတြ ေတြ႕ရသလို
ၾကမ္းခင္းမွာ က်ည္ဆန္ ေဖာက္ဝင္ရာလို႔ ယူဆရတဲ့ အေပါက္ရာလည္းေတြ႕ရပါတယ္။
အဲဒီေလယာဥ္ဟာ ရန္ကုန္ကေန လြိဳင္ေကာ္ကို တိုက္႐ိုက္ပ်ံသန္းလာတာျဖစ္ၿပီး
က်ည္ဆန္ ထိမွန္တဲ့ ခရီးသည္ ေ-သဆုံးသြားၿပီလို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ RFA အေနနဲ႔ သီးျခား အတည္မျပဳႏိုင္ေသးပါဘူး။
ေလယာဥ္အပစ္ခံရၿပီး လြိဳင္ေကာ္မွာ စစ္ေကာင္စီတပ္က လုံျခဳံေရးေတြ ပိုတိုးခ်ၿပီး အစစ္အေဆးေတြ တင္းက်ပ္ေနတာေၾကာင့္ အေရးႀကီးကိစၥမ႐ွိရင္ အျပင္မထြက္ၾကဖို႔
အခ်င္းခ်င္း သတိေပးေနၾကတယ္လို႔ လြိဳင္ေကာ္ ေဒသခံေတြက ေျပာပါတယ္။
ဒီပစ္ခတ္မႈနဲ႔ ပတ္သက္ၿပီး ဘယ္အဖြဲ႕က လုပ္ေဆာင္ခဲ့သလဲဆိုတာ RFA အေနနဲ႔ သီးျခား အတည္မျပဳႏိုင္ေသးသလို ဘယ္အဖြဲ႕အစည္းကမွလည္း သူတို႔လက္ခ်က္ဆိုတာကို ထုတ္ေဖာ္ေျပာဆိုတာ မ႐ွိေသးပါဘူး။
စစ္ေကာင္စီဘက္ကလည္း တစ္စုံတစ္ရာ သတင္းထုတ္ျပန္တာ မ႐ွိေသးပါဘူး။
ဒီကိစၥနဲ႔ ပတ္သက္ၿပီး တိတိက်က်သိရဖို႔ ကရင္နီ အမ်ိဳးသားကာကြယ္ေရးတပ္ (KNDF) အပါအဝင္ ေဒသခံကာကြယ္ေရး အဖြဲ႕ေတြကို ဆက္သြယ္ေနေပမယ့္ ဆက္သြယ္လို႔ မရေသးပါဘူး။
ကယားျပည္နယ္ လြိဳင္ေကာ္ေလဆိပ္အဆင္းမွာ ပ-စ္ခတ္ခံရသည့္ ေလယာဥ္ေပၚမွ က်ည္ထိမွန္ေနရာကို ၂၀၂၂ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္ေန႔က ေတြ႕ရစဥ္။
(Photo: Kyaw Ko Ko Tin)