Astrology

စီးပွားတက်မည့် အိမ် ဆိုတာ…

စီးပွားတက်မည့် အိမ် ဆိုတာ…

(မဖတ်ထားရင် နောင်တရမယ်နော်)

မိမိအိမ်မှာ လာဘ်ပွင့်ငွေဝင်ပြီး အိမ်အေးချမ်းအောင် ဒါတွေလုပ်ဆောင်ပါ။

(1) ဘုရားပန်း နှင့်သောက်တော်ရေဆွမ်း ဆီမီးအမြဲကပ်ပါ။ ဘုရားပန်းမနွမ်းပါစေနဲ့။

ဘုရားပန်းအိုးထဲမှ ရေများမပူပါစေနဲ့။ သောက်တော်ရေကို သတိရတိုင်း ကပ်ပေးပါ။

(2) ဘုရားရှိခိုးလျင် အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ အိမ်ဝန်းအတွင်း မှီတင်းနေထိုင်စောင့်ရှောက်ကြသော နတ်မြတ်နတ်ကောင်းများ၊

မြင်အပ်မမြင်အပ် သတ္တဝါများ အားလုံးကို မေတ္တာပို့ အမျှဝေပေးပါ။

(3) အလွန်ကံညံ့ လာဘ်ပိတ်နေလျင် ညသန်းခေါင် ပရိတ်ရွတ်ဖတ်ပါ။

ည ၁၂ နာရီ နောက်ပိုင်းသည် နတ်မြတ်နတ်ကောင်းများ လူ့ပြည်သို့ လှည့်လည်ကြည့်ရှုချိန်ဖြစ်၍ ညဘက်ပရိတ်ရွတ်ဖတ်ဆုတောင်းလျင် ပို၍ ဆုတောင်းပြည့်၀ စေပါတယ်။

(4) အိမ်မှာ အဟောင်းအစုတ်တွေ မထားပါနဲ့။ အချိူ့အိမ်တွေမှာ နှမြောပြီး ထားတတ်ကြတာတွေ ရှိပါတယ်။

ပုလင်းကွဲတွေ ဒန်အိုးပေါက်တွေ အဝတ်အစားစုတ်တွေ ဘယ်လိုမှ သုံးမရတာတွေဆို လွှတ်ပစ်လိုက်ပါ။အိမ်မှာ လိုအပ်တာတွေသာ အဓိကထားပါ။

(5) အိမ်ကို တံမြက်စည်းလှည်းလျှင် နံနက်လှည်းလျှင် အိမ်ရှေ့မှအိမ်နောက်သို့ လှည်းပါ။ ညနေနှင့် ညဘက်လှည်းလျှင် အိမ်နောက်မှ အိမ်ရှေ့သို့လှည်းပါ။

(6) မီးဖိုချောင်တွင် ဆန်နှင့်ဆီကို အပြတ်မခံပါနဲ့။ မကုန်မီ ကြိုတင်၍ ဝယ်ပါ။

(7) အိမ်ရှိလှေကားများ ကျိူးပျက်နေပါက တတ်နိုင်သမျှ အလျှင်အမြန်ပြုပြင်ပါ။

လှေကားများ ကျိူးပျက်နေခြင်းက လာဘ်တိတ်စေသလို မကောင်းသော အန္တရာယ်များကိုလည်း ဖိတ်ခေါ်စေပါတယ်။

ခရက်ဒစ် – မူရင်း

Zawgyi Version ျဖင့္ဖတ္ရန္

စီးပြားတက္မည့္ အိမ္ ဆိုတာ…

(မဖတ္ထားရင္ ေနာင္တရမယ္ေနာ္)

မိမိအိမ္မွာ လာဘ္ပြင့္ေငြဝင္ၿပီး အိမ္ေအးခ်မ္းေအာင္ ဒါေတြလုပ္ေဆာင္ပါ။

(1) ဘုရားပန္း ႏွင့္ေသာက္ေတာ္ေရဆြမ္း ဆီမီးအၿမဲကပ္ပါ။ ဘုရားပန္းမႏြမ္းပါေစနဲ႔။

ဘုရားပန္းအိုးထဲမွ ေရမ်ားမပူပါေစနဲ႔။ ေသာက္ေတာ္ေရကို သတိရတိုင္း ကပ္ေပးပါ။

(2) ဘုရား႐ွိခိုးလ်င္ အိမ္ေစာင့္နတ္၊ ျခံေစာင့္နတ္၊ အိမ္ဝန္းအတြင္း မွီတင္းေနထိုင္ေစာင့္ေ႐ွာက္ၾကေသာ နတ္ျမတ္နတ္ေကာင္းမ်ား၊

ျမင္အပ္မျမင္အပ္ သတၱဝါမ်ား အားလုံးကို ေမတၱာပို႔ အမွ်ေဝေပးပါ။

(3) အလြန္ကံညံ့ လာဘ္ပိတ္ေနလ်င္ ညသန္းေခါင္ ပရိတ္႐ြတ္ဖတ္ပါ။

ည ၁၂ နာရီ ေနာက္ပိုင္းသည္ နတ္ျမတ္နတ္ေကာင္းမ်ား လူ႕ျပည္သို႔ လွည့္လည္ၾကည့္႐ႈခ်ိန္ျဖစ္၍ ညဘက္ပရိတ္႐ြတ္ဖတ္ဆုေတာင္းလ်င္ ပို၍ ဆုေတာင္းျပည့္၀ ေစပါတယ္။

(4) အိမ္မွာ အေဟာင္းအစုတ္ေတြ မထားပါနဲ႔။ အခ်ိဴ႕အိမ္ေတြမွာ ႏွေျမာၿပီး ထားတတ္ၾကတာေတြ ႐ွိပါတယ္။

ပုလင္းကြဲေတြ ဒန္အိုးေပါက္ေတြ အဝတ္အစားစုတ္ေတြ ဘယ္လိုမွ သုံးမရတာေတြဆို လႊတ္ပစ္လိုက္ပါ။အိမ္မွာ လိုအပ္တာေတြသာ အဓိကထားပါ။

(5) အိမ္ကို တံျမက္စည္းလွည္းလွ်င္ နံနက္လွည္းလွ်င္ အိမ္ေ႐ွ႕မွအိမ္ေနာက္သို႔ လွည္းပါ။ ညေနႏွင့္ ညဘက္လွည္းလွ်င္ အိမ္ေနာက္မွ အိမ္ေ႐ွ႕သို႔လွည္းပါ။

(6) မီးဖိုေခ်ာင္တြင္ ဆန္ႏွင့္ဆီကို အျပတ္မခံပါနဲ႔။ မကုန္မီ ႀကိဳတင္၍ ဝယ္ပါ။

(7) အိမ္႐ွိေလွကားမ်ား က်ိဴးပ်က္ေနပါက တတ္ႏိုင္သမွ် အလွ်င္အျမန္ျပဳျပင္ပါ။

ေလွကားမ်ား က်ိဴးပ်က္ေနျခင္းက လာဘ္တိတ္ေစသလို မေကာင္းေသာ အႏၲရာယ္မ်ားကိုလည္း ဖိတ္ေခၚေစပါတယ္။

ခရက္ဒစ္ – မူရင္း