‘ဘယ်သူပုန်ကိုမှ မကြောက်လို့ပြောင်းလာတာ’ဆိုတဲ့ ရဲစခန်းမှူးနှင့်အဖွဲ့ ဘဝပြောင်းသွားပုံ…
‘ဘယ်သူပုန်ကိုမှ မကြောက်လို့ ပြောင်းလာတာ’ ဟုဆိုသူ ခေါဇာရဲစခန်းမှူးနှင့် အဖွဲ့ကို ရေးဘီလူးအဖွဲ့က ပ-စ်ခတ်ရှင်းလင်းမှု ရဲ ၃ ဦး tay ဆုံးပြီးသေနတ် ၃ လက် ရရှိ
ရန်ကုန်၊ စက်တင်ဘာ ၃၀
မွန်ပြည်နယ်၊ ရေးမြို့နှင့် ခေါဇာမြို့ ဆက်သွယ်ထားသော ကားလမ်းပိုင်းတစ်နေရာတွင် ခေါဇာမြို့မရဲစခန်းမှူးနှင့် အဖွဲ့ကို ရေးဘီလူးအဖွဲ့က
စက်တင် ဘာ လ ၃၀ ရက် ယနေ့နံနက် ၁၀ နာရီဝန်းကျင်၌ ပ-စ်ခတ်တိုက်ခိုက်ရာ စခန်းမှူးအပါအဝင် ၃ ဦးtayဆုံးပြီး သေနတ် ၃ လက်နှင့် ခဲယမ်းအချို့ ရရှိကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။
“ခေါဇာကနေ အိမ်စီးကားနဲ့ တက်လာတဲ့ စခန်းမှူး အပါအဝင် တပ်သား ၂ ဦးကို ကဗျာကြီးကနေ စောင့်ပြီး ရှင်းလင်းလိုက်တာဖြစ်ပါတယ်။
အခုရှင်းလိုက်တဲ့ စခန်းမှူး အပါအဝင် တပ်သား ၂ ဦးမှာဆိုရင် သိမ်းဆည်းရခဲ့တဲ့ လက်နက်တွေဆိုရင် ကျနော်တို့ G3 ၂ လက် ၊ စခန်းမှူးကိုင်တဲ့ ပစ္စတို ၁ လက် သိမ်းဆည်းရခဲ့တာဖြစ်ပါတယ်။
ကျည်ဆန် တချို့လည်း သိမ်းဆည်းရခဲ့တာဖြစ်ပါတယ်။ စကားပြောစက် အသေးတစ်လုံး ခွေးတွေဆီကနေ သိမ်းဆည်းလာတာဖြစ်ပါတယ်။
ခေါဇာကို မကြာသေးခင်ကမှ ပြောင်းလာတဲ့စခန်းမှူး။
PDF တွေကို မကြောက်လို့ ဂရုမစိုက်လို့ ခေါဇာနယ်ထဲကို ပြောင်းလာတဲ့စခန်းမှူးကို ဒီနေ့ မနက် ၁၀ နာရီကျော်မှာ ရေးဘီလူးအဖွဲ့မှ သုတ်သင်ရှင်းလင်းလိုက်တာဖြစ်ပါတယ်” ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုသည်။
tay ဆုံးသွားသော ရဲစခန်းမှူးသည် အသစ်ပြောင်းလာသူဖြစ်ပြီး ‘ဘယ်သူပုန်မှ မကြောက်လို့ ခေါဇာ ပြောင်းလာတာ’ ဟု ကြွေးကြော်ထားသူဖြစ်ကြောင်း ဒေသ ခံများက ပြောဆိုသည်။
ခေါဇာမှ ထွက်လာသည့် စခန်းမှူးအပါအဝင် ၃ ဦးကို ကဗျာကြီးရွာတွင် စောင့်ပြီး ပစ်ခတ်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။
တိုက်ခိုက်ပြီးနောက် ခေါဇာရဲစခန်းမှူးနှင့်အဖွဲ့ထံမှ ခြောက်လုံးပြူး သေနတ် ၁ လက်၊ G3 သေနတ် ၂ လက်၊ ကျည်ကတ် ၅ ခု၊ ကျည်ဆံများ၊ လက်ထိပ် ၁ ခု၊
ဖုန်းနှစ်လုံးနှင့် ရဲအသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရမိကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရှိရသည်။
Source – ခေတ်သစ်
Zawgyi Version ဖြင့်ဖတ်ရန်
ရန်ကုန်၊ စက်တင်ဘာ ၃၀
Source – ခေတ်သစ်