News

ရက်စက်လိုက်ကြတာ…မိုးဗြဲ PDF ရဲဘော် ၃ ဦးကို

ရက်စက်လိုက်ကြတာ…မိုးဗြဲ PDF ရဲဘော် ၃ ဦးကို

မိုးဗြဲ PDF ရဲဘော် ၃ ဦးကို စစ်တပ်က သ-တ်ဖြ-တ်ပြီး ရုပ်အလောင်းများကို ရေတွင်းထဲထည့်ကာ ဖျောက်ဖျက်ခဲ့

ရန်ကုန်၊ စက်တင်ဘာ ၃၀

ကယားပြည်နယ် မိုးဗြဲမြို့နယ် မင်္ဂလာရွာအနီး တိုက်ပွဲတွင် ပျောက်ဆုံးခဲ့သည့် PDF ရဲဘော် ၃ ဦး၏ ရုပ်အလော-င်းများကို ရေတွင်းထဲ၌ ပြန်လည် တွေ့ရှိခဲ့ကြောင်း MBPDF – လင်းယုန် တပ်ခွဲထံမှ သိရသည်။

ပျောက်ဆုံးသွားသော ရဲဘော်များသည် MBPDF လင်းယုန် တပ်ခွဲမှ ရဲဘော် ၂ ဦးနှင့် သိန်းငှက်တပ်ခွဲမှ ရဲဘော် ၁ ဦးတို့ဖြစ်ပြီး

စက်တင်ဘာလ ၂၃ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီနှင့် မိုးဗြဲ လွယ်ယင်း မင်္ဂလာကျေးရွာ၌ ထိပ်တိုက် ပ-စ်ခတ်မှု ဖြစ်စဥ်အတွင်း ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ MBPDF ရဲဘော် ၃ ဦး၏ ရုပ်အလော-င်းများကို စက်တင်ဘာလ ၂၉ ရက်နေ့တွင် ရေတွင်းထဲမှ ပြန်လည်ဆည်ယူ နိုင်ခဲ့ကြောင်း၊

tayဆုံးသွားသော ရဲဘော်များ၏ ရုပ်လော-င်းအား စစ်ဆေးချက်အရ အကြမ်းဖက် စစ်တပ်၏ ပ-စ်ခတ်မူကြောင့် ရဲဘော် ၂ ဦး ပွဲချင်းပြီး tayဆုံးသည်ဟု ယူဆရကြောင်း၊

ကျန်ရဲဘော် ၁ ဦးသည် ပေါင်တွင် tayနတ်ကျည်ထိမှန်ကာ လှုပ်ရှား၍ မရသည့် အနေထားကြောင့် စစ်တပ်၏ နှိပ်စက်မှုများကြောင့် tayဆုံးသည်ဟု ယူဆရကြောင်း MBPDF – လင်းယုန် တပ်ခွဲထံမှ ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်တပ်သည် tayဆုံးသွားသော ရဲဘော် ၃ ဦး၏ ရုပ်အလော-င်းများကို ၃၅ ပေအနက်ရှိ ရေတွင်းထဲတွင် ပ-စ်ချကာ

အဝတ်အစားများ၊ ငှက်ပျောပင်များဖြင့် ဖုံးဖိကာ အလော-င်း ဖျောက်ထားခဲ့သည့် အတွက်ကြောင့် MBPDF လင်းယုန်တပ်ခွဲ ရဲဘော်များနှင့် ပူးပေါင်းမဟာမိတ် တပ်ပေါင်းစုတို့ စွန့်စားကြိုးစားမူများကြောင့်

ရုပ်အလော-င်းအား ပြန်လည်ရရှိခဲ့ပြီး ကောင်းမွန်စွာ သ​ဂြိုဟ်မြုပ်နှံ နိုင်ခဲ့ကြောင်း သိရသည်။

Source – ခေတ်သစ်

Zawgyi Version ဖြင့်ဖတ်ရန်

ရရက်စက်လိုက်ကြတာ…မိုးဗြဲ PDF ရဲဘော် ၃ ဦးကို


ရန်ကုန်၊ စက်တင်ဘာ ၃၀










Source – ခေတ်သစ်