News

အောက်တိုဘာလအတွင်း မုန်တိုင်း(၂)ကြိမ်ဖြစ်နိုင်တာကြောင့် အထူးသတိထားရမည့်ဒေသများကို ထုတ်ပြန်

အောက်တိုဘာလအတွင်း မုန်တိုင်း(၂)ကြိမ်ဖြစ်နိုင်တာကြောင့် အထူးသတိထားရမည့်ဒေသများကို ထုတ်ပြန်

အောက်တိုဘာလအတွင်း မုန်တိုင်း (၂)ကြိမ်ဖြစ်နိုင်ဟု သတိပေးချက်ထုတ်ပြန်

လာမယ့် အောက်တိုဘာလ အတွင်း မုန်တိုင်း ၂ ကြိမ် ဖြစ်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနမှက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ လပတ်အတွက် မိုးလေဝသခန့်မှန်းချက်အနေဖြင့် ဘင်္ဂလား ပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၄)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊

(၂)ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်တယ်လို့ဆိုပါတယ်။

အနောက်တောင်မုတ်သုံလေကတော့အောက်တိုဘာ ၃ ရက်နေ့ကနေ ၇ ရက်နေ့အတွင်းမြစ်ဝကျွန်းပေါ်ဒေသများမှလည်းကောင်း၊

အောက်တိုဘာ ၈ ရက်နေ့ကနေ ၁၂ ရက်နေ့အတွင်း မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှဆုတ်ခွာသွားဖွယ်ရှိတယ်လို့ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် တိမ်အသင့်အတင့်မှတိမ်ထူထပ်နိုင်ပြီး၊ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင်မုတ်သုံလေအားအနည်းငယ် ရှိနိုင်ပါသည်။

မိုးရွာသွန်းမှုအခြေအနေမှာ နေပြည်တော်၊ မန္တလေး၊ မကွေး၊ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီ၊ ရခိုင်၊ ကယား၊ ကရင်နှင့်

မွန်ပြည်နယ်တို့တွင် မိုးရွာသွန်းမြဲထက်ပိုနိုင်ပြီး၊ စစ်ကိုင်း၊ ကချင်၊ ရှမ်းနှင့် ချင်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့လည်းဆိုပါတယ်။

ယင်းအပြင် ပဲခူး(အရှေ့ပိုင်း)၊ ရန်ကုန်၊ ဧရာဝတီ၊ တနင်္သာရီတိုင်းဒေသကြီး၊ကရင်နှင့် မွန်ပြည်နယ်တို့တွင် (၁၉)ရက်မှ (၂၂)ရက်ခန့်၊စစ်ကိုင်းအထက်ပိုင်း၊

ပဲခူး(အနောက်ပိုင်း)၊ ကချင်၊ရှမ်း(တောင်ပိုင်း)၊ ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်တို့တွင်(၁၅)ရက်မှ (၁၈)ရက်ခန့်နှင့်

နေပြည်တော်၊ စစ်ကိုင်းအောက်ပိုင်း၊ မန္တလေး၊မကွေးတိုင်းဒေသကြီးနှင့် ရှမ်း(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် (၁၁)ရက်မှ(၁၄)ရက်ခန့်မိုးထစ်ချုန်းရွာနိုင်ပါတယ်လို့လည်းဆိုပါတယ်။

ခရက်ဒစ်

Zawgyi Version ျဖင့္ဖတ္ရန္

ေအာက္တိုဘာလအတြင္း မုန္တိုင္း(၂)ႀကိမ္ျဖစ္ႏိုင္တာေၾကာင့္ အထူးသတိထားရမည့္ေဒသမ်ားကို ထုတ္ျပန္

ေအာက္တိုဘာလအတြင္း မုန္တိုင္း (၂)ႀကိမ္ျဖစ္ႏိုင္ဟု သတိေပးခ်က္ထုတ္ျပန္

လာမယ့္ ေအာက္တိုဘာလ အတြင္း မုန္တိုင္း ၂ ႀကိမ္ ျဖစ္ႏိုင္တယ္လို႔ မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားေရးဦးစီးဌာနမွက သတိေပးခ်က္ ထုတ္ျပန္လိုက္ပါတယ္။

ေအာက္တိုဘာလ လပတ္အတြက္ မိုးေလဝသခန္႔မွန္းခ်က္အေနျဖင့္ ဘဂၤလား ပင္လယ္ေအာ္တြင္ ေလဖိအားနည္းရပ္၀န္း (၄)ႀကိမ္ ျဖစ္ေပၚႏိုင္ၿပီး၊

(၂)ႀကိမ္တြင္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ေရာက္႐ွိႏိုင္တယ္လို႔ဆိုပါတယ္။

အေနာက္ေတာင္မုတ္သုံေလကေတာ့ေအာက္တိုဘာ ၃ ရက္ေန႔ကေန ၇ ရက္ေန႔အတြင္းျမစ္ဝကြၽန္းေပၚေဒသမ်ားမွလည္းေကာင္း၊

ေအာက္တိုဘာ ၈ ရက္ေန႔ကေန ၁၂ ရက္ေန႔အတြင္း ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးမွဆုတ္ခြာသြားဖြယ္႐ွိတယ္လို႔ဆိုပါတယ္။

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းတြင္ တိမ္အသင့္အတင့္မွတိမ္ထူထပ္ႏိုင္ၿပီး၊ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္မုတ္သုံေလအားအနည္းငယ္ ႐ွိႏိုင္ပါသည္။

မိုး႐ြာသြန္းမႈအေျခအေနမွာ ေနျပည္ေတာ္၊ မႏၲေလး၊ မေကြး၊ပဲခူး၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီ၊ ရခိုင္၊ ကယား၊ ကရင္ႏွင့္

မြန္ျပည္နယ္တို႔တြင္ မိုး႐ြာသြန္းၿမဲထက္ပိုႏိုင္ၿပီး၊ စစ္ကိုင္း၊ ကခ်င္၊ ႐ွမ္းႏွင့္ ခ်င္းျပည္နယ္တို႔တြင္ ႐ြာသြန္းၿမဲခန္႔ မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါတယ္လို႔လည္းဆိုပါတယ္။

ယင္းအျပင္ ပဲခူး(အေ႐ွ႕ပိုင္း)၊ ရန္ကုန္၊ ဧရာဝတီ၊ တနသၤာရီတိုင္းေဒသႀကီး၊ကရင္ႏွင့္ မြန္ျပည္နယ္တို႔တြင္ (၁၉)ရက္မွ (၂၂)ရက္ခန္႔၊စစ္ကိုင္းအထက္ပိုင္း၊

ပဲခူး(အေနာက္ပိုင္း)၊ ကခ်င္၊႐ွမ္း(ေတာင္ပိုင္း)၊ ရခိုင္၊ ခ်င္းႏွင့္ ကယားျပည္နယ္တို႔တြင္(၁၅)ရက္မွ (၁၈)ရက္ခန္႔ႏွင့္

ေနျပည္ေတာ္၊ စစ္ကိုင္းေအာက္ပိုင္း၊ မႏၲေလး၊မေကြးတိုင္းေဒသႀကီးႏွင့္ ႐ွမ္း(ေျမာက္ပိုင္းႏွင့္ အေ႐ွ႕ပိုင္း)တို႔တြင္ (၁၁)ရက္မွ(၁၄)ရက္ခန္႔မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါတယ္လို႔လည္းဆိုပါတယ္။

ခရက္ဒစ္