နေပြည်တော် ထွက်ပြေးသည့် အငြိမ်းစား စစ်အရာရှိကြီးများ…
နေပြည်တော် ထွက်ပြေးသည့် အငြိမ်းစား စစ်အရာရှိကြီးများ PDFကြောက်လို့ အချင်းချင်း နေအိမ်လိပ်စာမပေးရဲ
CjPlatform🖋အောင်နိူင်သူ
ဗိုလ်ချုပ်အုန်းသွင် ရှင်းလင်းခံရပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ အာဏာသိမ်းစစ်တပ်မှ အငြိမ်းစားအရာရှိကြီးအချို့နေပြည်တော်ကို ပြောင်းရွေ့နေထိုင်ရာတွင်
တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုမရှိ၍ စစ်ကောင်စီက သတိပေး ပြောဆိုရသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။
ရန်ကုန်တိုင်းအတွင်းရှိ အငြိမ်းစားဗိုလ်မှူးချုပ် ၊ဗိုလ်မှူးကြီးများ စက်တင်ဘာ ၂၆ရက်မှ စတင်၍
နေပြည်တော်သို့ ပြောင်းရွေ့ကြသည်ဟု အမည်မဖော်လိုသူ ဗိုလ်မှူးအငြိမ်းစားတစ်ဦးက CJ Platform ကိုပြောသည်။
“သူတို့စဉ်းစားတာက ဗိုလ်မှူးချုပ်အုန်းသွင်အပစ်ခံရတာ ပြီးတော့ Mytel က ဦးသိန်းဆောင်လည်း အပစ်ခံရတယ်သူဆို ဘဏ္ဍာရေးအမှုဆောင်အရာရှိချုပ်နော် ဒေါ်သန်းသန်းဆွေအပစ်ခံရတာ၊
တွန်းအားပေးသွားတာက သန်လျင်က တပ်သားနှစ်ဦးက ဗိုလ်ကြီးအပါအဝင်ပစ်တဲ့ကိစွပဲ အခု သူမယုံ ကိုယ်မယုံနဲ့ ခရီးဆက်နေကြတာ အငြိမ်းစားတွေက”ဟု ပြောသည်။
နေပြည်တော်သို့ အငြိမ်းစားဗိုလ်မှူးချုပ်များ ဗိုလ်မှူးကြီးများ ရောက်ရှိပြီးနောက် အတွင်းရေးများနှင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုမရှိကြသည်ကို တွေ့ရသည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးကပြောသည်။
“အချို့က သားကခေါ်တာ သမီးကခေါ်တာ အရင်အိမ်မှာ ပြန်နေတာဆိုပြီး သတင်းလွှင့်ကြတာ တူတာတစ်ခုပဲရှိတယ်
နေပြည်တော်ကို ပြောင်းနေရရေးပဲ အခုဒီရောက်တော့ တစ်ဦးနဲ့တစ်ဦးအဆက်အသွယ်မလုပ်ကြတော့ဘူး ယုံကြည်မှု မရှိတော့တာ”ဟု ရှင်းပြသည်။
အငြိမ်းစားအရာရှိကြီး အချင်းအချင်းမှာလည်း တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုများပျက်ပြားနေသည်ဟု ပုဗ္ဗသီရီမြို့ခံတစ်ဦးက ပြောသည်။”
ဒုဗိုလ်မှူးကြီးက သူ့ဆရာကို အဘ အခုဘယ်မှာတည်းနေလဲလို့မေးတာ
ဟိုက ငါ့ကို သတ်မလို့လား ပြောတော့ ဆက်မပြောရဲတော့ဘူး”ဟု နေပြည်တော်အခြေစိုက် စစ်ကောင်စီနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။
နေပြည်တော်ကောင်စီနယ်မြေရှိ ဥတ္တရသီရီ၊ ပုဗ္ဗသီရိ ၊ လယ်ဝေး၊ တပ်ကုန်းနှင့် ပျဉ်းမနားမြို့နယ်တို့တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့မှစတင်ကာ
စစ်ကောင်စီက ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားသည့် အတွက် ပြောင်းရွေ့နေထိုင်ကြတာလည်း ဖြစ်သည်ဟု သုံးသပ်ကြသူတွေလည်း ရှိသည်။
ရန်ကုန်တိုင်းအတွင်း ယခုလ စက်တင်ဘာ ၁ ရက်မှ ၃၀ ရက်နေ့အထိ ပစ်ခတ်မှုများ ၄၂ ကြိမ်ဖြစ်ခဲ့ပြီး အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင်အပါအဝင် ၁၅ဦးသေဆုံးပြီး ၂၅ဦး ဒဏ်ရာရရှိခဲ့ပြီးနောက်
အငြိမ်းစား စစ်အရာရှိများအနေဖြင့် လုံခြုံမှုမရှိသည့်အတွက် နေပြည်တော်ကိုပြောင်းရွေ့ကြတာဖြစ်သည်။
CjPlatform🖋အောင်နိူင်သူ
Zawgyi Version ျဖင့္ဖတ္ရန္
ေနျပည္ေတာ္ ထြက္ေျပးသည့္ အၿငိမ္းစား စစ္အရာ႐ွိႀကီးမ်ား…
ေနျပည္ေတာ္ ထြက္ေျပးသည့္ အၿငိမ္းစား စစ္အရာ႐ွိႀကီးမ်ား PDFေၾကာက္လို႔ အခ်င္းခ်င္း ေနအိမ္လိပ္စာမေပးရဲ
CjPlatform🖋ေအာင္ႏိူင္သူ
ဗိုလ္ခ်ဳပ္အုန္းသြင္ ႐ွင္းလင္းခံရၿပီးေနာက္ ရန္ကုန္တိုင္းအတြင္း႐ွိ အာဏာသိမ္းစစ္တပ္မွ အၿငိမ္းစားအရာ႐ွိႀကီးအခ်ိဳ႕ေနျပည္ေတာ္ကို ေျပာင္းေ႐ြ႕ေနထိုင္ရာတြင္
တစ္ဦးအေပၚတစ္ဦး ယုံၾကည္မႈမ႐ွိ၍ စစ္ေကာင္စီက သတိေပး ေျပာဆိုရသည္ဟု စစ္တပ္ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
ရန္ကုန္တိုင္းအတြင္း႐ွိ အၿငိမ္းစားဗိုလ္မႉးခ်ဳပ္ ၊ဗိုလ္မႉးႀကီးမ်ား စက္တင္ဘာ ၂၆ရက္မွ စတင္၍
ေနျပည္ေတာ္သို႔ ေျပာင္းေ႐ြ႕ၾကသည္ဟု အမည္မေဖာ္လိုသူ ဗိုလ္မႉးအၿငိမ္းစားတစ္ဦးက CJ Platform ကိုေျပာသည္။
“သူတို႔စဥ္းစားတာက ဗိုလ္မႉးခ်ဳပ္အုန္းသြင္အပစ္ခံရတာ ၿပီးေတာ့ Mytel က ဦးသိန္းေဆာင္လည္း အပစ္ခံရတယ္သူဆို ဘ႑ာေရးအမႈေဆာင္အရာ႐ွိခ်ဳပ္ေနာ္ ေဒၚသန္းသန္းေဆြအပစ္ခံရတာ၊
တြန္းအားေပးသြားတာက သန္လ်င္က တပ္သားႏွစ္ဦးက ဗိုလ္ႀကီးအပါအဝင္ပစ္တဲ့ကိစြပဲ အခု သူမယုံ ကိုယ္မယုံနဲ႔ ခရီးဆက္ေနၾကတာ အၿငိမ္းစားေတြက”ဟု ေျပာသည္။
ေနျပည္ေတာ္သို႔ အၿငိမ္းစားဗိုလ္မႉးခ်ဳပ္မ်ား ဗိုလ္မႉးႀကီးမ်ား ေရာက္႐ွိၿပီးေနာက္ အတြင္းေရးမ်ားႏွင့္ တစ္ဦးႏွင့္တစ္ဦး ယုံၾကည္မႈမ႐ွိၾကသည္ကို ေတြ႕ရသည္ဟု စစ္တပ္ႏွင့္ နီးစပ္သူတစ္ဦးကေျပာသည္။
“အခ်ိဳ႕က သားကေခၚတာ သမီးကေခၚတာ အရင္အိမ္မွာ ျပန္ေနတာဆိုၿပီး သတင္းလႊင့္ၾကတာ တူတာတစ္ခုပဲ႐ွိတယ္
ေနျပည္ေတာ္ကို ေျပာင္းေနရေရးပဲ အခုဒီေရာက္ေတာ့ တစ္ဦးနဲ႔တစ္ဦးအဆက္အသြယ္မလုပ္ၾကေတာ့ဘူး ယုံၾကည္မႈ မ႐ွိေတာ့တာ”ဟု ႐ွင္းျပသည္။
အၿငိမ္းစားအရာ႐ွိႀကီး အခ်င္းအခ်င္းမွာလည္း တစ္ဦးႏွင့္တစ္ဦး ယုံၾကည္မႈမ်ားပ်က္ျပားေနသည္ဟု ပုဗၺသီရီၿမိဳ႕ခံတစ္ဦးက ေျပာသည္။”
ဒုဗိုလ္မႉးႀကီးက သူ႕ဆရာကို အဘ အခုဘယ္မွာတည္းေနလဲလို႔ေမးတာ
ဟိုက ငါ့ကို သတ္မလို႔လား ေျပာေတာ့ ဆက္မေျပာရဲေတာ့ဘူး”ဟု ေနျပည္ေတာ္အေျခစိုက္ စစ္ေကာင္စီႏွင့္နီးစပ္သည့္ စီးပြားေရးလုပ္ငန္း႐ွင္ တစ္ဦးက ေျပာသည္။
ေနျပည္ေတာ္ေကာင္စီနယ္ေျမ႐ွိ ဥတၱရသီရီ၊ ပုဗၺသီရိ ၊ လယ္ေဝး၊ တပ္ကုန္းႏွင့္ ပ်ဥ္းမနားၿမိဳ႕နယ္တို႔တြင္ ၿပီးခဲ့သည့္ စက္တင္ဘာ ၁၇ ရက္ေန႔မွစတင္ကာ
စစ္ေကာင္စီက ညမထြက္ရအမိန္႔ ပုဒ္မ (၁၄၄) ထုတ္ျပန္ထားသည့္ အတြက္ ေျပာင္းေ႐ြ႕ေနထိုင္ၾကတာလည္း ျဖစ္သည္ဟု သုံးသပ္ၾကသူေတြလည္း ႐ွိသည္။
ရန္ကုန္တိုင္းအတြင္း ယခုလ စက္တင္ဘာ ၁ ရက္မွ ၃၀ ရက္ေန႔အထိ ပစ္ခတ္မႈမ်ား ၄၂ ႀကိမ္ျဖစ္ခဲ့ၿပီး အၿငိမ္းစားဗိုလ္မႉးခ်ဳပ္အုန္းသြင္အပါအဝင္ ၁၅ဦးေသဆုံးၿပီး ၂၅ဦး ဒဏ္ရာရ႐ွိခဲ့ၿပီးေနာက္
အၿငိမ္းစား စစ္အရာ႐ွိမ်ားအေနျဖင့္ လုံျခဳံမႈမ႐ွိသည့္အတြက္ ေနျပည္ေတာ္ကိုေျပာင္းေ႐ြ႕ၾကတာျဖစ္သည္။
CjPlatform🖋ေအာင္ႏိူင္သူ