ကြားသိရသမျှ

ရက်ရက်စက်စက် ကျကုန်ပြီဟေ့…ယနေ့ ရွှေနှင့်ဒေါ်လာဈေး

ရက်ရက်စက်စက် ကျကုန်ပြီဟေ့…ယနေ့ ရွှေနှင့်ဒေါ်လာဈေး

ယနေ့ ညနေပိုင်း(3:49 PM)ဈေးပါရှင့် 🙏

အခေါက်ရွှေ ရောင်းဈေး – ၂၄၈၀၀၀၀ ကျပ်

အခေါက်ရွှေ ဝယ်ဈေး – ၂၄၅၀၀၀၀ ကျပ်

၁၅ပဲရည် ရွှေရောင်းဈေး -၂၃၃၄၁၀၀ ကျပ်

အထက်ဖော်ပြပါ ဈေးနှုန်းများသည်အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။

ယနေ့ ကမ္ဘာရွှေဈေးကတော့ တစ်အောင်စလျှင် ၁၆၇၀ ကျပ် ဖြစ်ပါတယ်။

ယနေ့ဒေါ်လာဈေးကတော့ တစ်ဒေါ်လာလျှင် ၂၅၈၀ – ၂၆၀၀ ကျပ် ဖြစ်ပါတယ်။

ရွှေတစ်ကျပ်သား ၂၅ သိန်းကျပ်အောက်သို့ ပြန်လည်ကျဆင်းလာ

စက်တင်ဘာလ ၃၀ ရက်၊ ပြည်တွင်းရွှေဈေးကွက်မှာ ရွှေတစ်ကျပ်သားဟာ ကျပ် ၂၅ သိန်းအောက်ကို ပြန်လည်ကျဆင်းလာပါတယ်။

ကမ္ဘာ့ ရွှေစျေး ကျဆင်းလာတာ၊ ပြည်တွင်းမှာ မြင့်တက်နေတဲ့ ဒေါ်လာနဲ့ ဘတ်ငွေလဲနှုန်းတွေ ပြန်လည်ကျဆင်းလာတာ၊

ပြည်တွင်းရွှေ ဝယ်လိုအားကျဆင်းလာပြီးရောင်းလိုအားများလာတာ၊ ရွှေရင်းနှီးမြှုပ်နှံသူ နည်းလာတာ၊

အစိုးရက ရွှေထုတ်ရောင်းပေးတာ စတဲ့ အကြောင်းအချက်တွေကြောင့် မြန်မာ့ ရွှေဈေးနှုန်းက တဖြည်းဖြည်း ကျဆင်းလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ဒါ့အပြင် နှစ်စဥ် စက်တင်ဘာလကနေ ဒီဇင်ဘာလအထိဟာ ပြည်တွင်းမှာ ရွှေဈေးကျဆင်းလေ့ရှိတဲ့ ကာလဖြစ်တယ်လို့လည်း သိရပါတယ်။

“ဒေါ်လာဈေးက ၃၅၀၀ က ၂၇၀၀ လောက်အထိ ပြုတ်ကျသလို ဘတ်ဈေးကလည်းကျတယ်။

ဝယ်တဲ့သူတွေကလည်း အရင်ရက်တွေတုန်းကတော့ ဈေးတွေတက်မလားဆိုပြီး အင်တိုက်အားတိုက် အဝယ်များကြတယ်။

အခုရက်ပိုင်း ဝယ်လိုအား နည်းသွားတယ်။ စက်တင်ဘာကနေ ဒီဇင်ဘာက ပြည်တွင်းမှာ ပုံမှန် ရွှေဈေးကျလေ့ရှိတဲ့ ကာလတွေပါ။

ကောလာဟလ အကြောင်းတစုံတရာရှိရင်သာ လန့်ဖျပ်စျေးတက်တာမျိုး ရှိတတ်တာပါ။ လောလောဆယ်မှာတော့ဈေးကွက်မှာ ရွှေအလုံအလောက်ရှိတယ်။

ရွှေအိုင်နေတဲ့ သဘောပေါ့။ အမြင့်ပိုင်းကိုတော့မသွားနိုင်သေးဘူး။

အနိမ့်ပိုင်းမှာပဲ ဆက်ရှိနေနိုင်တယ်လို့ သုံးသပ်ပါတယ် ” လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ဘီဘီစီ ကိုပြောပါတယ်။

ပြည်တွင်းရွှေဈေးနှုန်းတွေ ကျဆင်းလာသလို အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေကျပ် ၃၅၀၀ ဝန်းကျင်ကနေ ဒီနေ့ စက်တင်ဘာ ၃၀ ရက်မှာ ၂၈၀၀ ဝန်းကျင်၊

ထိုင်းဘတ် တစ်ဘတ်ကို မြန်မာငွေ ၇၅ ကျပ်ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာပါတယ်။

စက်တင်ဘာလ ပထမပတ်အတွင်းက ရွှေတစ်ကျပ်သားကို ကျပ် ၃၁ သိန်း ကျော်ပေါက်ဈေးရှိခဲ့ပြီး

အခု စက်တင်ဘာလကုန်မှာတော့ တစ်ကျပ်သားကို ၂၄ သိန်းခွဲ၀န်းကျင် အထိ တဖြည်းဖြည်း ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေ တစ်ကျပ်သားကို ငွေကျပ် ၃၁ သိန်းရှိခဲ့ချိန်က ကမ္ဘာ့ ရွှေ တစ်အောင်စကို ဒေါ်လာ ၁၇၀၀ ဝန်းကျင်ရှိခဲ့ပြီး၊

လက်ရှိ ပြည်တွင်းရွှေဈေး ၂၅ သိန်းအောက်ရောက်ရှိချိန်မှာ ကမ္ဘာ့ရွှေတစ်အောင်စကို ၁၆၇၀ ဒေါ်လာ ဝန်းကျင်ခန့် ကျဆင်းနေတယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YGEA

Source – BBC

Zawgyi Version ျဖင့္ဖတ္ရန္

ရက္ရက္စက္စက္ က်ကုန္ၿပီေဟ့…ယေန႔ ေ႐ႊႏွင့္ေဒၚလာေဈး

ယေန႔ ညေနပိုင္း(3:49 PM)ေဈးပါ႐ွင့္ 🙏

အေခါက္ေ႐ႊ ေရာင္းေဈး – ၂၄၈၀၀၀၀ က်ပ္

အေခါက္ေ႐ႊ ဝယ္ေဈး – ၂၄၅၀၀၀၀ က်ပ္

၁၅ပဲရည္ ေ႐ႊေရာင္းေဈး -၂၃၃၄၁၀၀ က်ပ္

အထက္ေဖာ္ျပပါ ေဈးႏႈန္းမ်ားသည္အခ်ိန္ႏွင့္အမွ် အေျပာင္းအလဲ႐ွိႏိုင္ပါသည္။

ယေန႔ ကမ႓ာေ႐ႊေဈးကေတာ့ တစ္ေအာင္စလွ်င္ ၁၆၇၀ က်ပ္ ျဖစ္ပါတယ္။

ယေန႔ေဒၚလာေဈးကေတာ့ တစ္ေဒၚလာလွ်င္ ၂၅၈၀ – ၂၆၀၀ က်ပ္ ျဖစ္ပါတယ္။

ေ႐ႊတစ္က်ပ္သား ၂၅ သိန္းက်ပ္ေအာက္သို႔ ျပန္လည္က်ဆင္းလာ

စက္တင္ဘာလ ၃၀ ရက္၊ ျပည္တြင္းေ႐ႊေဈးကြက္မွာ ေ႐ႊတစ္က်ပ္သားဟာ က်ပ္ ၂၅ သိန္းေအာက္ကို ျပန္လည္က်ဆင္းလာပါတယ္။

ကမ႓ာ့ ေ႐ႊေစ်း က်ဆင္းလာတာ၊ ျပည္တြင္းမွာ ျမင့္တက္ေနတဲ့ ေဒၚလာနဲ႔ ဘတ္ေငြလဲႏႈန္းေတြ ျပန္လည္က်ဆင္းလာတာ၊

ျပည္တြင္းေ႐ႊ ဝယ္လိုအားက်ဆင္းလာၿပီးေရာင္းလိုအားမ်ားလာတာ၊ ေ႐ႊရင္းႏွီးျမႇဳပ္ႏွံသူ နည္းလာတာ၊

အစိုးရက ေ႐ႊထုတ္ေရာင္းေပးတာ စတဲ့ အေၾကာင္းအခ်က္ေတြေၾကာင့္ ျမန္မာ့ ေ႐ႊေဈးႏႈန္းက တျဖည္းျဖည္း က်ဆင္းလာတယ္လို႔ ေ႐ႊလုပ္ငန္း႐ွင္ေတြက ဆိုၾကပါတယ္။

ဒါ့အျပင္ ႏွစ္စဥ္ စက္တင္ဘာလကေန ဒီဇင္ဘာလအထိဟာ ျပည္တြင္းမွာ ေ႐ႊေဈးက်ဆင္းေလ့႐ွိတဲ့ ကာလျဖစ္တယ္လို႔လည္း သိရပါတယ္။

“ေဒၚလာေဈးက ၃၅၀၀ က ၂၇၀၀ ေလာက္အထိ ျပဳတ္က်သလို ဘတ္ေဈးကလည္းက်တယ္။

ဝယ္တဲ့သူေတြကလည္း အရင္ရက္ေတြတုန္းကေတာ့ ေဈးေတြတက္မလားဆိုၿပီး အင္တိုက္အားတိုက္ အဝယ္မ်ားၾကတယ္။

အခုရက္ပိုင္း ဝယ္လိုအား နည္းသြားတယ္။ စက္တင္ဘာကေန ဒီဇင္ဘာက ျပည္တြင္းမွာ ပုံမွန္ ေ႐ႊေဈးက်ေလ့႐ွိတဲ့ ကာလေတြပါ။

ေကာလာဟလ အေၾကာင္းတစုံတရာ႐ွိရင္သာ လန္႔ဖ်ပ္ေစ်းတက္တာမ်ိဳး ႐ွိတတ္တာပါ။ ေလာေလာဆယ္မွာေတာ့ေဈးကြက္မွာ ေ႐ႊအလုံအေလာက္႐ွိတယ္။

ေ႐ႊအိုင္ေနတဲ့ သေဘာေပါ့။ အျမင့္ပိုင္းကိုေတာ့မသြားႏိုင္ေသးဘူး။

အနိမ့္ပိုင္းမွာပဲ ဆက္႐ွိေနႏိုင္တယ္လို႔ သုံးသပ္ပါတယ္ ” လို႔ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ဘီဘီစီ ကိုေျပာပါတယ္။

ျပည္တြင္းေ႐ႊေဈးႏႈန္းေတြ က်ဆင္းလာသလို အေမရိကန္တစ္ေဒၚလာကို ျမန္မာေငြက်ပ္ ၃၅၀၀ ဝန္းက်င္ကေန ဒီေန႔ စက္တင္ဘာ ၃၀ ရက္မွာ ၂၈၀၀ ဝန္းက်င္၊

ထိုင္းဘတ္ တစ္ဘတ္ကို ျမန္မာေငြ ၇၅ က်ပ္ဝန္းက်င္အထိ ျပန္လည္က်ဆင္းလာပါတယ္။

စက္တင္ဘာလ ပထမပတ္အတြင္းက ေ႐ႊတစ္က်ပ္သားကို က်ပ္ ၃၁ သိန္း ေက်ာ္ေပါက္ေဈး႐ွိခဲ့ၿပီး

အခု စက္တင္ဘာလကုန္မွာေတာ့ တစ္က်ပ္သားကို ၂၄ သိန္းခြဲ၀န္းက်င္ အထိ တျဖည္းျဖည္း က်ဆင္းလာတာ ျဖစ္ပါတယ္။

ျပည္တြင္းေ႐ႊ တစ္က်ပ္သားကို ေငြက်ပ္ ၃၁ သိန္း႐ွိခဲ့ခ်ိန္က ကမ႓ာ့ ေ႐ႊ တစ္ေအာင္စကို ေဒၚလာ ၁၇၀၀ ဝန္းက်င္႐ွိခဲ့ၿပီး၊

လက္႐ွိ ျပည္တြင္းေ႐ႊေဈး ၂၅ သိန္းေအာက္ေရာက္႐ွိခ်ိန္မွာ ကမ႓ာ့ေ႐ႊတစ္ေအာင္စကို ၁၆၇၀ ေဒၚလာ ဝန္းက်င္ခန္႔ က်ဆင္းေနတယ္လို႔လည္း သိရပါတယ္။

ဓာတ္ပုံ ရင္းျမစ္, YGEA

Source – BBC