ဒီလိုမျိုးတွေသာ များများလုပ် စစ်စခန်းထဲကောင်တွေ ရူးပြီ
ရေထွက်ခပ်သည့်စစ်သား၅ ဦးကို အေအေကစနိုက်ဘာဖြင့်ပစ်ခတ်၍ ၄ ဦးသေပြီး ၁ ဦးဒဏ်ရာရ
နိရဉ္စရာ၊ စက်တင်ဘာ ၃၀/၂၀၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဆောက်ခပ်ကျေးရွာတွင် တပ်စွဲထားသည့် စကစ စခန်းမှ ရေထွက်ခပ်သည့် စစ်ကောင်စီတပ်သား ၅ ဦးကို ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ်ကာ စနိုက်ဘာဖြင့် ပ-စ်ခတ်သဖြင့်
စစ်သား ၄ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိသွားကြောင်းအေအေနှင့်နီးစပ်သည့် ခိုင်လုံသည့် သတင်းရင်းမြစ်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာ ၃၀ ရက်၊ နေ့လယ် ၃ နာရီကျော်တွင် ဖြစ်ပွားခဲ့ပြီး ဆောက်ခပ်ရွာ ဘုန်းကြီးကျောင်းအနီးရှိ ကန်ထဲ ရေဆင်းခပ်သည့် စစ်ကောင်စီတပ်သား ၅ ဦးကို
အေအေက ကင်းပုန်းဝပ်ကာ စနိုက်ဘာနှင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။
” စစ်သား ၅ ယောက်မှာ တစ်ယောက်ဘဲ ဒဏ်ရာနဲ့ ထွက်ပြေးသွားတယ်။ ၄ ယောက်က ပွဲချင်းပြီးtayတယ်။ သူတို့ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်ပစ်တယ်။
အဲဒီမှာ အခဲမကျေတဲ့ စကစဘက်က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်တာ”ဟု ပြောသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်ပြီးနောက် ဆောက်ခပ်စခန်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပ=စ်ခတ်ခဲ့သလို
ရသေ့တောင်မြို့ အခြေစိုက် တပ်ရင်း ၅၃၆ နှင့် ၅၃၇ တို့က ဆောက်ခပ်ရွာပတ်ဝန်းကျင်ကို တစ်နာရီ နီးပါး လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အိမ်ခြေ ၇၀ ကျော်ခန့်ရှိသည့် ဆောက်ခပ်ကျေးရွာ အနီးဝန်းကျင်တွင် ၂၀၁၉-၂၀၂၀ ၌ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ယင်းနောက်ပိုင်း စစ်တပ်က ဝင်ရောက်တပ်စွဲထားသဖြင့် ရွာသားများမှာ ရွာကို စွန့်ခွာသွားခဲ့ကြပြီး
ရသေ့တောင်မြို့ပေါ်စခန်းများနှင့် စေတီပြင် စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြသည်ဟု သိရသည်။
အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဆောက်ခပ်ဘက်က လက်နက်ကြီးသံ၊ လက်နက်ငယ်သံ တွေကို ဒီနေ့ ညနေပိုင်းမှာ တော်တော်ကြားလိုက်ရတယ်။ လက်နက်ငယ်သံတွေ ကြားလိုက်ရပေမယ့် တစ်ဖက်သတ် ပ-စ်တာမျိုးဘဲထင်တယ်။
လက်နက်ကြီး ပစ်တာကလည်း အလုံး လေးငါးဆယ်လောက်တောင်ရှိမယ်ထင်တယ်။ တစ်နာရီနီးပါး ပစ်ခဲ့တာ။ အဲသလိုလက်နက်ကြီး အများကြီးပစ်ရင် စစ်တပ်ဘက်က အထိနာနေပြီဆိုကို ဒေသခံတွေက နားလည် သဘောပေါက် ထားကြတယ်လေ”ဟု ပြောသည်။
ယနေ့ ည ၈ နာရီအချိန်ထိ ရသေ့တောင် အခြေစိုက် စကစတပ်ရင်း ၅၃၆ နှင့် ၅၃၇ တို့မှ ဆောက်ခပ်ရွာ အနီးဝန်းကျင်ကို လက်နက်ကြီးများ ပစ်ခတ်ခဲ့သဖြင့် စစ်ကောင်စီဘက်က အကျအဆုံးရှိ၍ ဖြစ်သည်ဟု ၎င်းက ဆိုသည်။
အဆိုပါ စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးသွားခြင်းနှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခနှင့် စစ်ကောင်စီ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရတို့ကို ဆက်သွယ်သော်လည်း
ဖုန်းလက်ခံဖြေဆိုခြင်းမရှိသေး၍ နိရဉ္စရာအနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းတော့မရှိသေးပါ။
ရက္ခိုင့်တပ်တော်(AA)သည် လက်ရှိ အချိန်တွင် စစ်ကောင်စီတပ်နှင့် ရခိုင်ပြည်နယ် မြို့နယ် အချို့နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး
စစ်ကောင်စီတပ်စခန်းများသို့ ရိက္ခာများသယ်ယူမှုကိုလည်း ဖြတ်တောက်ပိတ်ဆို့မှုများ တင်းတင်းကျပ်ကျပ် ပြုလုပ်ထားသဖြင့် စကစ စခန်းအများစုတွင် ရိက္ခာပြတ်လပ်မှုနှင့် ကြုံနေရသည်ဟု သတင်းရရှိသည်။
ခရက်တစ်
Zawgyi Version ျဖင့္ဖတ္ရန္
ဒီလိုမ်ိဳးေတြသာ မ်ားမ်ားလုပ္ စစ္စခန္းထဲေကာင္ေတြ ႐ူးၿပီ
ေရထြက္ခပ္သည့္စစ္သား၅ ဦးကို ေအေအကစႏိုက္ဘာျဖင့္ပစ္ခတ္၍ ၄ ဦးေသၿပီး ၁ ဦးဒဏ္ရာရ
နိရၪၥရာ၊ စက္တင္ဘာ ၃၀/၂၀၂၂
ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ေဆာက္ခပ္ေက်း႐ြာတြင္ တပ္စြဲထားသည့္ စကစ စခန္းမွ ေရထြက္ခပ္သည့္ စစ္ေကာင္စီတပ္သား ၅ ဦးကို ရကၡိဳင့္တပ္ေတာ္(AA) တပ္ဖြဲ႕ဝင္မ်ားက ကင္းပုန္းဝပ္ကာ စႏိုက္ဘာျဖင့္ ပ-စ္ခတ္သျဖင့္
စစ္သား ၄ ဦးေသဆုံးၿပီး ၁ ဦးဒဏ္ရာ ရ႐ွိသြားေၾကာင္းေအေအႏွင့္နီးစပ္သည့္ ခိုင္လုံသည့္ သတင္းရင္းျမစ္အရ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ စက္တင္ဘာ ၃၀ ရက္၊ ေန႔လယ္ ၃ နာရီေက်ာ္တြင္ ျဖစ္ပြားခဲ့ၿပီး ေဆာက္ခပ္႐ြာ ဘုန္းႀကီးေက်ာင္းအနီး႐ွိ ကန္ထဲ ေရဆင္းခပ္သည့္ စစ္ေကာင္စီတပ္သား ၅ ဦးကို
ေအေအက ကင္းပုန္းဝပ္ကာ စႏိုက္ဘာႏွင့္ ပစ္ခတ္ခဲ့ျခင္း ျဖစ္သည္ဟု ၎သတင္းရင္းျမစ္က ေျပာသည္။
” စစ္သား ၅ ေယာက္မွာ တစ္ေယာက္ဘဲ ဒဏ္ရာနဲ႔ ထြက္ေျပးသြားတယ္။ ၄ ေယာက္က ပြဲခ်င္းၿပီးtayတယ္။ သူတို႔ဘက္က လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ျပန္ပစ္တယ္။
အဲဒီမွာ အခဲမေက်တဲ့ စကစဘက္က လက္နက္ႀကီးေတြနဲ႔ ဆက္တိုက္ပစ္တာ”ဟု ေျပာသည္။
အဆိုပါ ပစ္ခတ္မႈျဖစ္ၿပီးေနာက္ ေဆာက္ခပ္စခန္း လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ပ=စ္ခတ္ခဲ့သလို
ရေသ့ေတာင္ၿမိဳ႕ အေျခစိုက္ တပ္ရင္း ၅၃၆ ႏွင့္ ၅၃၇ တို႔က ေဆာက္ခပ္႐ြာပတ္ဝန္းက်င္ကို တစ္နာရီ နီးပါး လက္နက္ႀကီးျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း သိရသည္။
အိမ္ေျခ ၇၀ ေက်ာ္ခန္႔႐ွိသည့္ ေဆာက္ခပ္ေက်း႐ြာ အနီးဝန္းက်င္တြင္ ၂၀၁၉-၂၀၂၀ ၌ တိုက္ပြဲ ျဖစ္ပြားခဲ့ၿပီး ယင္းေနာက္ပိုင္း စစ္တပ္က ဝင္ေရာက္တပ္စြဲထားသျဖင့္ ႐ြာသားမ်ားမွာ ႐ြာကို စြန္႔ခြာသြားခဲ့ၾကၿပီး
ရေသ့ေတာင္ၿမိဳ႕ေပၚစခန္းမ်ားႏွင့္ ေစတီျပင္ စစ္ေဘးေ႐ွာင္စခန္းမ်ားတြင္ ေနထိုင္ေနၾကသည္ဟု သိရသည္။
အမည္မေဖာ္လိုသူ ေဒသခံတစ္ဦးက “ေဆာက္ခပ္ဘက္က လက္နက္ႀကီးသံ၊ လက္နက္ငယ္သံ ေတြကို ဒီေန႔ ညေနပိုင္းမွာ ေတာ္ေတာ္ၾကားလိုက္ရတယ္။ လက္နက္ငယ္သံေတြ ၾကားလိုက္ရေပမယ့္ တစ္ဖက္သတ္ ပ-စ္တာမ်ိဳးဘဲထင္တယ္။
လက္နက္ႀကီး ပစ္တာကလည္း အလုံး ေလးငါးဆယ္ေလာက္ေတာင္႐ွိမယ္ထင္တယ္။ တစ္နာရီနီးပါး ပစ္ခဲ့တာ။ အဲသလိုလက္နက္ႀကီး အမ်ားႀကီးပစ္ရင္ စစ္တပ္ဘက္က အထိနာေနၿပီဆိုကို ေဒသခံေတြက နားလည္ သေဘာေပါက္ ထားၾကတယ္ေလ”ဟု ေျပာသည္။
ယေန႔ ည ၈ နာရီအခ်ိန္ထိ ရေသ့ေတာင္ အေျခစိုက္ စကစတပ္ရင္း ၅၃၆ ႏွင့္ ၅၃၇ တို႔မွ ေဆာက္ခပ္႐ြာ အနီးဝန္းက်င္ကို လက္နက္ႀကီးမ်ား ပစ္ခတ္ခဲ့သျဖင့္ စစ္ေကာင္စီဘက္က အက်အဆုံး႐ွိ၍ ျဖစ္သည္ဟု ၎က ဆိုသည္။
အဆိုပါ စစ္ေကာင္စီဘက္က တပ္ဖြဲ႕ဝင္ ၄ ဦးက်ဆုံးသြားျခင္းႏွင့္ ပတ္သက္ၿပီး ရကၡိဳင့္တပ္ေတာ္ ေျပာခြင့္ရသူ ဦးခိုင္သုခႏွင့္ စစ္ေကာင္စီ ရခိုင္ျပည္နယ္ နယ္လုံဝန္ႀကီး ဗိုလ္မႉးႀကီးေက်ာ္သူရတို႔ကို ဆက္သြယ္ေသာ္လည္း
ဖုန္းလက္ခံေျဖဆိုျခင္းမ႐ွိေသး၍ နိရၪၥရာအေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္းေတာ့မ႐ွိေသးပါ။
ရကၡိဳင့္တပ္ေတာ္(AA)သည္ လက္႐ွိ အခ်ိန္တြင္ စစ္ေကာင္စီတပ္ႏွင့္ ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ အခ်ိဳ႕ႏွင့္ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္တို႔တြင္ တိုက္ပြဲ ျပင္းထန္စြာျဖစ္ပြားေနၿပီး
စစ္ေကာင္စီတပ္စခန္းမ်ားသို႔ ရိကၡာမ်ားသယ္ယူမႈကိုလည္း ျဖတ္ေတာက္ပိတ္ဆို႔မႈမ်ား တင္းတင္းက်ပ္က်ပ္ ျပဳလုပ္ထားသျဖင့္ စကစ စခန္းအမ်ားစုတြင္ ရိကၡာျပတ္လပ္မႈႏွင့္ ၾကဳံေနရသည္ဟု သတင္းရ႐ွိသည္။
ခရက္တစ္