မြင်းခြံ၊မြောက်ကျွန်းရွာ စစ်တပ်စခန်းကို PDF တပ်ပေါင်းစု…
မြင်းခြံ၊ မြောက်ကျွန်း ရွာ စစ်တပ်စခန်းကို PDF တပ်ပေါင်းစု တိုက်ခိုက်မှု စစ်ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၆ ဦးေ-သဆုံးပြီး
စစ်အရာရှိ၏ ကလေးနှင့်ဇနီးကို အသက်ချမ်းသာပေးခဲ့၊ စစ်သားများ ညာသံပေးပြီး ထွက်ပြေး
ရန်ကုန်၊ အောက်တိုဘာ ၁
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြောက်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်က အထိုင်ချ တပ်စွဲထားသော ယာယီ အခြေစိုက်စခန်းကို PDF တပ်ပေါင်းစုက ယနေ့ နံနက်ပိုင်း တိုက်ခိုက် သိမ်းပိုက်သဖြင့်
စစ်ဗိုလ်တစ်ဦး အပါအဝင် စစ်သား ၆ ဦးေ-သဆုံးကြောင်း MGN Ranger မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
အောက်တိုဘာလ ၁ရက်နေ့ နံနက်အရုဏ်တက်ချိန်တွင် မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၏ အနောက်မြောက်ဘက်တွင်ရှိသော မြောက်ကျွန်းရွာရှိ စစ်တပ်အခြေချစခန်းကို PDFတပ်ပေါင်းစု၉ဖွဲ့က ဝင်ရောက်တိုက်ခိုက်ကြကြောင်း၊
၄၅ မိနစ်ခန့် အပြန်အလှန် ပစ်ခတ်ပြီးနောက် စစ်ဗိုလ်တစ်ဦး၊ အပါအဝင် စစ်သား ၆ ဦး ေ-သဆုံးသွားကြောင်း၊
ကျန်စစ်သားများမှာ ဒဏ်ရာများဖြင့် စခန်းကို ညာသံပေးပြီး စွန့်ထွက်ပြေးကြကြောင်း ၊ PDF များက စခန်းကို သိမ်းပိုက်ခဲ့ကြောင်း သိရှိရသည်။
“အခု စစ်တပ်က မြောက်ကျွန်းရွာသား ၅ ဦးကိုလည်းဖမ်းထားပြီး ရွာထဲမှာစစ် ဆေးနေပါတယ်။ ရွာအဝင်အထွက်ကိုလည်းပိတ်ထားပါတယ်။
ေ-သဆုံးဗိုလ်က တပ်မ ၈၈က ပါ” ဟု MGN Ranger မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ပြောဆိုသည်။
ယင်းနောက် အနိမ့်ကျေးရွာမှ စစ်ကူများ ရောက်ရှိလာသဖြင့် မဟာမိတ် PDF တပ်ပေါင်းစု က ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊
တိုက်ပွဲအပြန်လမ်းတွင် ေ-သဆုံးသွားသော စစ်ဗိုလ်အရာရှိ၏ ၃ နှစ်အရွယ်ကလေးနှင့် ဇနီးကို တွေ့ရှိသော်လည်း လူသားချင်းစာနာထောက်ထားသောအားဖြင့် အသက်ချမ်းသာပေးခဲ့ကြောင်း သိရှိရသည်။
တိုက်ခိုက်မှုကို MGN-RANGER (မြင်းခြံခရိုင်တပ်ရင်း ၂) ၊ People Defense Force- Taloke (မြင်းခြံခရိုင်တပ်ရင်း ၂ ) ၊ MDY-PDF (မန္တလေးခရိုင် တပ်ရင်း ၃ )၊
Phoenix အထူးပြောက်ကျားတပ်၊ ဒေါင်းညီနောင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ YSO -ISA ၊ Mobile People Defense MDF ၊
Black Wolf People Defense Force ( မန္တလေးခရိုင်တပ်ရင်း ၃ ၊ တပ်ခွဲ ၃ )၊ CDSOM တောင်ပိုင်း(ဗိုလ်ကျားသစ်အဖွဲ့) တို့က ပူးပေါင်းတိုက်ခိုက်ကြကြောင်း သိရှိရသည်။
ခရက်ဒစ်
Zawgyi Version ျဖင့္ဖတ္ရန္
ျမင္းျခံ၊ေျမာက္ကြၽန္း႐ြာ စစ္တပ္စခန္းကို PDF တပ္ေပါင္းစု…
ျမင္းျခံ၊ ေျမာက္ကြၽန္း ႐ြာ စစ္တပ္စခန္းကို PDF တပ္ေပါင္းစု တိုက္ခိုက္မႈ စစ္ဗိုလ္ ၁ ဦး အပါအဝင္ စစ္သား ၆ ဦးေ-သဆုံးၿပီး
စစ္အရာ႐ွိ၏ ကေလးႏွင့္ဇနီးကို အသက္ခ်မ္းသာေပးခဲ့၊ စစ္သားမ်ား ညာသံေပးၿပီး ထြက္ေျပး
ရန္ကုန္၊ ေအာက္တိုဘာ ၁
မႏၲေလးတိုင္း၊ ျမင္းျခံၿမိဳ႕နယ္၊ ေျမာက္ကြၽန္းေက်း႐ြာ႐ွိ စစ္ေကာင္စီတပ္က အထိုင္ခ် တပ္စြဲထားေသာ ယာယီ အေျခစိုက္စခန္းကို PDF တပ္ေပါင္းစုက ယေန႔ နံနက္ပိုင္း တိုက္ခိုက္ သိမ္းပိုက္သျဖင့္
စစ္ဗိုလ္တစ္ဦး အပါအဝင္ စစ္သား ၆ ဦးေ-သဆုံးေၾကာင္း MGN Ranger မွ တာဝန္႐ွိသူတစ္ဦးက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။
ေအာက္တိုဘာလ ၁ရက္ေန႔ နံနက္အ႐ုဏ္တက္ခ်ိန္တြင္ မႏၲေလးတိုင္း၊ျမင္းျခံၿမိဳ႕နယ္၏ အေနာက္ေျမာက္ဘက္တြင္႐ွိေသာ ေျမာက္ကြၽန္း႐ြာ႐ွိ စစ္တပ္အေျခခ်စခန္းကို PDFတပ္ေပါင္းစု၉ဖြဲ႕က ဝင္ေရာက္တိုက္ခိုက္ၾကေၾကာင္း၊
၄၅ မိနစ္ခန္႔ အျပန္အလွန္ ပစ္ခတ္ၿပီးေနာက္ စစ္ဗိုလ္တစ္ဦး၊ အပါအဝင္ စစ္သား ၆ ဦး ေ-သဆုံးသြားေၾကာင္း၊
က်န္စစ္သားမ်ားမွာ ဒဏ္ရာမ်ားျဖင့္ စခန္းကို ညာသံေပးၿပီး စြန္႔ထြက္ေျပးၾကေၾကာင္း ၊ PDF မ်ားက စခန္းကို သိမ္းပိုက္ခဲ့ေၾကာင္း သိ႐ွိရသည္။
“အခု စစ္တပ္က ေျမာက္ကြၽန္း႐ြာသား ၅ ဦးကိုလည္းဖမ္းထားၿပီး ႐ြာထဲမွာစစ္ ေဆးေနပါတယ္။ ႐ြာအဝင္အထြက္ကိုလည္းပိတ္ထားပါတယ္။
ေ-သဆုံးဗိုလ္က တပ္မ ၈၈က ပါ” ဟု MGN Ranger မွ တာဝန္႐ွိသူက ရန္ကုန္ေခတ္သစ္သတင္း ဌာနထံသို႔ေျပာဆိုသည္။
ယင္းေနာက္ အနိမ့္ေက်း႐ြာမွ စစ္ကူမ်ား ေရာက္႐ွိလာသျဖင့္ မဟာမိတ္ PDF တပ္ေပါင္းစု က ျပန္လည္ ဆုတ္ခြာခဲ့ေၾကာင္း၊
တိုက္ပြဲအျပန္လမ္းတြင္ ေ-သဆုံးသြားေသာ စစ္ဗိုလ္အရာ႐ွိ၏ ၃ ႏွစ္အ႐ြယ္ကေလးႏွင့္ ဇနီးကို ေတြ႕႐ွိေသာ္လည္း လူသားခ်င္းစာနာေထာက္ထားေသာအားျဖင့္ အသက္ခ်မ္းသာေပးခဲ့ေၾကာင္း သိ႐ွိရသည္။
တိုက္ခိုက္မႈကို MGN-RANGER (ျမင္းျခံခ႐ိုင္တပ္ရင္း ၂) ၊ People Defense Force- Taloke (ျမင္းျခံခ႐ိုင္တပ္ရင္း ၂ ) ၊ MDY-PDF (မႏၲေလးခ႐ိုင္ တပ္ရင္း ၃ )၊
Phoenix အထူးေျပာက္က်ားတပ္၊ ေဒါင္းညီေနာင္ ျပည္သူ႕ကာကြယ္ေရးတပ္မေတာ္၊ YSO -ISA ၊ Mobile People Defense MDF ၊
Black Wolf People Defense Force ( မႏၲေလးခ႐ိုင္တပ္ရင္း ၃ ၊ တပ္ခြဲ ၃ )၊ CDSOM ေတာင္ပိုင္း(ဗိုလ္က်ားသစ္အဖြဲ႕) တို႔က ပူးေပါင္းတိုက္ခိုက္ၾကေၾကာင္း သိ႐ွိရသည္။
ခရက္ဒစ္