လစာဒေါ်လာ မအပ်ရင် သင်္ဘောမလိုက်ရဘူးဆိုတဲ့ ကြေညာချက်အပေါ် ဗဟိုဘဏ် ရှင်းပြီ…
သင်္ဘောသား လစာဒေါ်လာတွေကို ယူလည်း ယူချင်တယ်၊ မယူလည်း မယူချင်ဘူး ဖြစ်နေတဲ့ ဗဟိုဘဏ်
နိုင်ငံခြားငွေနဲ့ ရရှိတဲ့ လစာတွေကို နိုင်ငံအတွင်းကို လွှဲပြောင်းပေးအပ်ခြင်း မလုပ်ဘူးဆိုရင် သင်္ဘောလိုက်ခွင့် ကန့်သတ်မယ်ဆိုတဲ့ ပြောဆိုချက်က
မှားယွင်းနေတယ်လို့ စကစ လက်အောက်ခံ ဗဟိုဘဏ်ဥက္ကဋ္ဌရုံး တာဝန်ရှိသူက ပြန်လည်ဖြေရှင်းပါတယ်။
“ပြည်ပရောက် သင်္ဘောသားလစာငွေ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန်ထားချက်တွေက အရင်အတိုင်းပါပဲ။ ဘာမှပြောင်းလဲခြင်း မရှိပါဘူး။
ထပ်မံထုတ်ပြန်တာလည်း မရှိပါဘူး’’လို့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်က ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း လူမှုကွန်ယက်စာမျက်နှာမှာ သင်္ဘေသားတွေအနေနဲ့ လစာငွေ မလွှဲဘူးဆိုရင် သင်္ဘောလိုက်ခွင့် ထိန်းချုပ်ကန့်သတ်မှုတွေ လုပ်ဆောင်သွားဖို့နဲ့
လစာငွေတွေ ပြန်လွှဲရမယ်ဆိုတဲ့ ခံဝန်ချက် လက်မှတ်ရေးထိုးရမယ်ဆိုတာတွေက သင်္ဘောသားမိသားစု အသိုင်းအဝိုင်းမှာ ပြန့်နှံ့ခဲ့တာပါ။
“အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့လည်း တောက်လျှောက် စောင့်ကြည့်နေပါတယ်။
အခုရက်ပိုင်း ပျံ့နှံ့နေတဲ့ သတင်းတွေက သိသာလွန်းတဲ့ သတင်းမှားတွေပါ”လို့ ဦးအောင်အောင်က ပြောကြားပါတယ်။
ပင်လယ်ကူးသင်္ဘောသား အလုပ်သမားများအဖွဲ့ချုပ်(MSF) ရဲ့ ထုတ်ပြန်ချက်မှာ သင်္ဘောသား အလုပ်အကိုင် အေးဂျင့်တချို့က နားလည်မူ အားနည်းတဲ့ သင်္ဘောသားနဲ့ မိသားစုတွေကို
ဗဟိုဘဏ်ညွန်ကြားချက်အရ (၁) ဒေါ်လာ ၂၁၀၀ ကျပ်နဲ့သာ လဲလှယ်ပေးမယ့် သတင်းများ သင်္ဘောသားတွေအကြား ဖြစ်ပေါ်နေတယ်လို့ ဖော်ပြထားပါတယ်။
“လက်ရှိအချိန်မှာ တစ်ဒေါ်လာလျှင် ကျပ် ၂၉၀၀ နှင့် ၃၃၀၀ ကျပ်အကြား ငွေလဲလှယ်နှုန်းရှိချိန်တွင် ၂၁၀၀ ကျပ်နှုန်းဖြင့် လဲလှယ်ပေးနေခြင်းသည်
MLC 2006, ILO, ITF နှင့် နိုင်ငံတော်မှ ပြဌာန်းထားသည့် လုပ်ခလစာအား အလုပ်ရှင် သို့မဟုတ် အလုပ်ရှင်ကိုယ်စားလှယ်မှ ဖြတ်တောက်ရယူခြင်း မပြုရဆိုသည့် အချက်အား
ပြောင်ပြောင်တင်းတင်း ဖောက်ဖျက်နေခြင်းဖြစ်သည်” လို့ ထုတ်ပြန်ပြောဆိုပါတယ်။
ဗဟိုဘဏ်ဥက္ကဋ္ဌရုံးကတော့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ‘ဘဏ်လမ်းကြောင်းကနေပြီးတော့ ဝင်ရောက်သုံးစွဲလာဖို့အတွက်ကိုပဲ ကျွန်တော်တို့က တွန်းအားပေးနေတာပဲရှိပါတယ်။
အတင်းအဓမ္မ ဖြစ်ရမယ်ဆိုနေတာ ဘာမှမရှိပါဘူး’လို့ ဖြေရှင်းချက်ပေးထားပါတယ်။
ဒါပေမယ့်လည်း သင်္ဘောသား လောကမှာတော့ လက်ရှိအချိန်မှာ ဂယက်အကြီးအကျယ် ထလျက်ရှိပြီး
ဒေါ်လာဈေးများ ရုတ်တရက် ကျဆင်းမှုဟာ အဆိုပါ ကြေညာချက်ကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
Source – Blacker
Zawgyi Version ျဖင့္ဖတ္ရန္
လစာေဒၚလာ မအပ္ရင္ သေဘၤာမလိုက္ရဘူးဆိုတဲ့ ေၾကညာခ်က္အေပၚ ဗဟိုဘဏ္ ႐ွင္းၿပီ…
သေဘၤာသား လစာေဒၚလာေတြကို ယူလည္း ယူခ်င္တယ္၊ မယူလည္း မယူခ်င္ဘူး ျဖစ္ေနတဲ့ ဗဟိုဘဏ္
ႏိုင္ငံျခားေငြနဲ႔ ရ႐ွိတဲ့ လစာေတြကို ႏိုင္ငံအတြင္းကို လႊဲေျပာင္းေပးအပ္ျခင္း မလုပ္ဘူးဆိုရင္ သေဘၤာလိုက္ခြင့္ ကန္႔သတ္မယ္ဆိုတဲ့ ေျပာဆိုခ်က္က
မွားယြင္းေနတယ္လို႔ စကစ လက္ေအာက္ခံ ဗဟိုဘဏ္ဥကၠ႒႐ုံး တာဝန္႐ွိသူက ျပန္လည္ေျဖ႐ွင္းပါတယ္။
“ျပည္ပေရာက္ သေဘၤာသားလစာေငြ ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ထားခ်က္ေတြက အရင္အတိုင္းပါပဲ။ ဘာမွေျပာင္းလဲျခင္း မ႐ွိပါဘူး။
ထပ္မံထုတ္ျပန္တာလည္း မ႐ွိပါဘူး’’လို႔ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေအာင္ေအာင္က ေျပာပါတယ္။
ယခုရက္ပိုင္းအတြင္း လူမႈကြန္ယက္စာမ်က္ႏွာမွာ သေဘၤသားေတြအေနနဲ႔ လစာေငြ မလႊဲဘူးဆိုရင္ သေဘၤာလိုက္ခြင့္ ထိန္းခ်ဳပ္ကန္႔သတ္မႈေတြ လုပ္ေဆာင္သြားဖို႔နဲ႔
လစာေငြေတြ ျပန္လႊဲရမယ္ဆိုတဲ့ ခံဝန္ခ်က္ လက္မွတ္ေရးထိုးရမယ္ဆိုတာေတြက သေဘၤာသားမိသားစု အသိုင္းအဝိုင္းမွာ ျပန္႔ႏွံ႔ခဲ့တာပါ။
“အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔လည္း ေတာက္ေလွ်ာက္ ေစာင့္ၾကည့္ေနပါတယ္။
အခုရက္ပိုင္း ပ်ံ႕ႏွံ႔ေနတဲ့ သတင္းေတြက သိသာလြန္းတဲ့ သတင္းမွားေတြပါ”လို႔ ဦးေအာင္ေအာင္က ေျပာၾကားပါတယ္။
ပင္လယ္ကူးသေဘၤာသား အလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္(MSF) ရဲ႕ ထုတ္ျပန္ခ်က္မွာ သေဘၤာသား အလုပ္အကိုင္ ေအးဂ်င့္တခ်ိဳ႕က နားလည္မူ အားနည္းတဲ့ သေဘၤာသားနဲ႔ မိသားစုေတြကို
ဗဟိုဘဏ္ၫြန္ၾကားခ်က္အရ (၁) ေဒၚလာ ၂၁၀၀ က်ပ္နဲ႔သာ လဲလွယ္ေပးမယ့္ သတင္းမ်ား သေဘၤာသားေတြအၾကား ျဖစ္ေပၚေနတယ္လို႔ ေဖာ္ျပထားပါတယ္။
“လက္႐ွိအခ်ိန္မွာ တစ္ေဒၚလာလွ်င္ က်ပ္ ၂၉၀၀ ႏွင့္ ၃၃၀၀ က်ပ္အၾကား ေငြလဲလွယ္ႏႈန္း႐ွိခ်ိန္တြင္ ၂၁၀၀ က်ပ္ႏႈန္းျဖင့္ လဲလွယ္ေပးေနျခင္းသည္
MLC 2006, ILO, ITF ႏွင့္ ႏိုင္ငံေတာ္မွ ျပဌာန္းထားသည့္ လုပ္ခလစာအား အလုပ္႐ွင္ သို႔မဟုတ္ အလုပ္႐ွင္ကိုယ္စားလွယ္မွ ျဖတ္ေတာက္ရယူျခင္း မျပဳရဆိုသည့္ အခ်က္အား
ေျပာင္ေျပာင္တင္းတင္း ေဖာက္ဖ်က္ေနျခင္းျဖစ္သည္” လို႔ ထုတ္ျပန္ေျပာဆိုပါတယ္။
ဗဟိုဘဏ္ဥကၠ႒႐ုံးကေတာ့ ေကာလာဟလေတြနဲ႔ ပတ္သက္ၿပီး ‘ဘဏ္လမ္းေၾကာင္းကေနၿပီးေတာ့ ဝင္ေရာက္သုံးစြဲလာဖို႔အတြက္ကိုပဲ ကြၽန္ေတာ္တို႔က တြန္းအားေပးေနတာပဲ႐ွိပါတယ္။
အတင္းအဓမၼ ျဖစ္ရမယ္ဆိုေနတာ ဘာမွမ႐ွိပါဘူး’လို႔ ေျဖ႐ွင္းခ်က္ေပးထားပါတယ္။
ဒါေပမယ့္လည္း သေဘၤာသား ေလာကမွာေတာ့ လက္႐ွိအခ်ိန္မွာ ဂယက္အႀကီးအက်ယ္ ထလ်က္႐ွိၿပီး
ေဒၚလာေဈးမ်ား ႐ုတ္တရက္ က်ဆင္းမႈဟာ အဆိုပါ ေၾကညာခ်က္ေၾကာင့္ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္ေနၾကပါတယ္။
Source – Blacker