News

မန္တလေး–မုံရွာ လမ်းပေါ်မှာ စစ်အုပ်စုရဲ့ ကားတန်းကို…

မန္တလေး–မုံရွာ လမ်းပေါ်မှာ စစ်အုပ်စုရဲ့ ကားတန်းကို…

မြင်းမူမြို့နယ် မန္တလေး–မုံရွာ လမ်းပေါ်တွင် စစ်အုပ်စုရဲ့ ကားတန်းကို မိုင်း(၁၆)လုံးနဲ့ သုံးကြိမ်ဆက် ဖော-က်ခွဲ၊

ရုပ်သံကိုတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။

MFP ၊ အောက်တိုဘာ – ၃

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်၊ မန္တလေး – မုံရွာ လမ်းပေါ်မှာ မနေ့က မနက်ပိုင်း စစ်အုပ်စုရဲ့ ကားငါးစီးကို ပဒေသာမိုင်း (၁၆)လုံးနဲ့ သုံးကြိမ်ဆက် ဖော-က်ခွဲ တိုက်ခိုက်ခဲ့ပြီး

စကစတွေ အtayအပျောက် ရှိနိုင်တယ်လို့ The Pentagram – ငါးထောင့်ကြယ် အဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။

မနေ့က အောက်တိုဘာ(၂)ရက် မနက်(၁၁)နာရီခွဲကျော်က စစ်ကိုင်းမြို့ တပ်မ(၃၃)ထဲက ထွက်လာပြီး

မုံရွာဘက် လာတဲ့ စစ်အုပ်စုရဲ့ ကားငါးစီးပါ ယာဉ်တန်းကို ပဒေသာမိုင်းတွေနဲ့ ဆက်တိုက် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ဆင်ရေး (၁) မနက်(၁၁)နာရီ (၃၄)မိနစ်အချိန် မြင်းမူမြို့နယ် နပဲကြူးဇရပ် အနီးတွင် ယာဉ်တန်း နှစ်စီးမြောက်အား အညာအုန်းသီး လေးလုံးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

စစ်ဆင်ရေး (၂) (၁၁)နာရီ (၃၅)မိနစ်အချိန် နပဲကြူးဇရပ်နှင့် ကန်ဖျားဇရပ်ကြားတွင် ယာဉ်တန်း သုံးစီးမြောက်အား အညာအုန်းသီး ရှစ်လုံးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

စစ်ဆင်ရေး (၃) (၁၁)နာရီ (၄၀)မိနစ်အချိန် ကန်ဖျားဇရပ်အနီးတွင် ယာဉ်တန်း လေးစီးမြောက်အား အညာအုန်းသီး လေးလုံးဖြင့် ဧည့်ခံ ကျွေးမွေးခဲ့ပါသည်။

အထက်ပါ စစ်ဆင်ရေး သုံးခုတွင် အကြမ်းဖက် စစ်ကောင်စီ ခွေးများ အထိအခိုက် အများအပြား ရှိကြောင်း သိရပြီး

လျော့ချ အကောင်ရေ စုံစမ်းနေဆဲ ဖြစ်ပါသည်” လို့ The Pentagram – ငါးထောင့်ကြယ် အဖွဲ့က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုကို THE PENTAGRAM – ငါးထောင့်ကြယ်၊ Moe Nyo Revolution Force M.N.R.F၊ People’s Guerillas Commando – Myinmu နှင့်

PEOPLE REVOLUTION FORCE P.R.F ညီနောင်လေးဖွဲ ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စစ်အုပ်စုက ပြန်လည် ရမ်းကား ပ-စ်ခတ်ပေမယ့်

ရဲဘော်တွေ ထိခိုက်မရှိဘဲ စစ်ဆင်ရေး အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

မနေ့က မနက်ပိုင်း စစ်ကိုင်း တပ်မ(၃၃)ထဲကနေ ကားကြီးနှစ်စီး၊ ကားလေးသုံးစီးနဲ့ ထွက်လာတဲ့ အရာရှိအဆင့်တွေ လိုက်ပါလာတယ်လို့ ယူဆရတဲ့ စစ်အုပ်စုရဲ့ ကားငါးစီးပါ ယာဉ်တန်းကို

ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက မန္တလေး – မုံရွာ လမ်းတလျှောက် မြင်းမူနှင့် ချောင်းဦး နယ်ထဲ (၁၀)ကြိမ် ထက်မနည်း မိုင်းထောင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး

စကစတွေ အtayအပျောက် များနိုင်တယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ထုတ်ပြန်ထားပါတယ်။

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

Source – MFP

Zawgyi Version ဖြင့်ဖတ်ရန်




MFP ၊ အောက်တိုဘာ – ၃
















ရုပ်သံကြည့်ရန်

Source – MFP