“သတိထားရမည့် အချိန်ကာလ” အရေးကြီးလို့ အားလုံးဖတ်ထားပါ…
” သတိထားရမည့် အချိန်ကာလ ”
ပထမဦးဆုံးပြောချင်တာ စစ်တပ်ဟာ သူတို့ဘက်က ရှုံးနေရင်
ကိုယ့်ဘက်မှာ ဒီလို သတင်းတွေနဲ့ အချင်းချင်းကြား ဒွိဟာတွေဖြစ်စေ တိုက်ခိုက်စေ NUG ကို အားမရဘူးဆိုတဲ့ စကားသံတွေနဲ့အတူ လှုပ်ခတ်နေစေပြီး
စစ်တပ်ပဲ နိုင်နေသယောင် ဖြိုခွင်းမရသယောင် အင်အားကြီးဟန်နေသယောင်တွေ ပုံဖော်နေတာကို တွေ့ရမယ်။
ဒီတော့ အရှင်းဆုံးအပြတ်သားဆုံးပြောလိုက်မယ် ခု Third Party ဆိုပြီး ဟိုက်လိုက်လုပ် ပုံဖော်ပြီး တစိုက်မက်ပြောဆိုလာနေခြင်းဟာ NUG ပေါ်မှာသာ မူတည်ပါတယ် ဆိုတာက
အကယ်၍ NUG က သာ တလရ ဦးမဆောင်နိုင်သူ အသုံးမကျဘူးဆိုရင် Third မဟုတ်ဘူး Fourth Party တောင်ပေါ်လာပါမယ်
ဒါဆိုရင် ပြည်သူဟာလည်း အားကိုးရာရှာ ယုံကြည်ရာနဲ့အတူ ဦးဆောင်မှုကောင်းပေးနိုင်သူတွေ နောက်ကိုသာ ပါသွားကြပါလိမ့်မယ်။
ထိုအတွက် မဖြစ်အောင် NUG မှ ယခုထက် တလရ စစ်ရေးကိုအလေးထားပြီး ဆောင်ရွက်ကြိုးစားပေးဖို့လိုကြောင်း သတိလေးတော့ ပေးပါရစေ။
သို့သော် ဒါက စကားအဖြစ်ပြောပြတာပါ ခုနေခါ ဖြစ်နိုင်လားဆို နောက်ဆုံးအဆင့် မဖြစ်နိုင်ပေမယ့် (NUGမှ စစ်ရေးသေချာပြင်ဆင်ဆောင်ရွက်နေ)
ထိုနောက်ဆုံးအဆင့်ကို စစ်တပ်ဘက်ကနေခွဲထုတ်ပြီး တလရကို ဖြိုခွင်းလာနိုင်ကြောင်းတော့ သတိရှိကြဖို့ အသိပေးပါရစေ
ဒီအဖြေကို ရှင်းလင်းစွာသိပြိဆိုရင် ခုစစ်တပ်ဘက်ကနေ ပစ်မှတ်ထားပြီး
✊🏻 တော်လှန်ရေး (စစ်ရေး) ဉီးဆောင်နေသူ
✊🏻 Sporting (ငွေကြေး) အကြီးစား ဆောင်ရွက်ဖန်တီးပေးနေသူ
✊🏻 နိုင်ငံရေး (သံတမန်) ရေးရာ ကိစ္စများ ဦးဆောင်ရေးသားလမ်းပြနေသူ
မည်သူ့မဆို (ဘယ်သူဘယ်ဝါမပြော) စစ်တပ်ဟာ သူတို့ကြောက်တဲ့ ရှုံးနိမ့်နေတဲ့ ဒီလူ ဒီအချက် ဒီနေရာ Point က လူတွေကို ဦးတည် ဖြိုခွင်းဖို့ လုပ်ဆောင်လာနေတာကို တွေ့ရတယ်။
ဒီတော့ ဒီနေရာမှာ ဘယ်သူမှန်မှား လူပ္ပိုလ်စွဲနဲ့မဟုတ်ပဲ လက်ရှိတလရမှာ ပါ၀င်ဉီးဆောင်နေတဲ့ သူတွေနဲ့ စစ်တပ်ဘက်က ကြောက်သော သူတွေဟာ
မည်သူ မည်ဝါတွေလည်းဆိုရင် နာမည်ကို လက်ရှိ ထွက်ပေါ်နေတဲ့ သူတွေနဲ့ အစားထိုးပြီး ဉပမာပေး ရှင်းပြပါမယ်
ဆိုရသော် (နာမည်အစားထိုး) ရေးသား ရှင်းလင်း ပုံဖော် ဥပမာပေးရလျှင် (သူတို့မှန်မှားနဲ့ ထောက်ခံမှု လက်ခံမှုဟာ ပြည်သူ့အပေါ်သာလျင်မူတည်သည် ပြည်သူရွေးချယ်ရမှာဖြစ်လေသည်)
ကျွန်ုပ်မှ နာမည် အစားထိုး ရေးရှင်းပြခြင်းသာဖြစ်၍ ပမာအားဖြင့်လည်း သူတို့နေရာ နာမ်တွေအစား
သူတို့လုပ်ဆောင်နေမှု နေရာ အရာ၌ မည်သူမဆို မည်သည့်နာမည် ပုဂ္ဂိုလ်မဆို အစားထိုး၍ ဖတ်ရှု့ကြဖို့လိုကြောင်းပါဟု သိစေချင်သည်။
– ဗိုလ်နဂါး
စစ်တပ်ကြောက်သော စစ်ရေး ဦးဆောင်နေသူဖြစ်သည့်အပြင် NUG နဲ့ပူးပေါင်း NUG အောက်မှာ လိုက်နာဆောင်ရွက်နေသူဖြစ်၍
သူ၏ လက်ရှိထွက်ပေါ်နေသော သတင်းများနဲ့ ပတ်သက်ပြီး MOD ကိုလည်း တင်ပြထားပြီ ဖြစ်တဲ့အတွက် သူ့လို ပြည်သူ ၉၀% ခန့် ယုံကြည်ထောက်ခံထားရုံမက
MOD နဲ့အတူ နာခံပြီး စစ်ရေးဦးဆောင်နေသူဖြစ်တဲ့အတွက် စစ်တပ်ရဲ့ ဖြိုခွင်းချင်ဆုံး ပစ်မှတ်သားကောင် ဖြစ်သည်ဆိုတာ သိပါ
– အိုင်းရင်း
သူ၏ ပါစင်နယ် ပုဂ္ဂိုလ်ရေး ထွက်ပေါ်နေသော သတင်းများအရ မှန်မှားနဲ့ ဟုတ်မဟုတ်ဆိုတာ ပြည်သူသိပြီး ဆုံးဖြတ်သက်မှတ်ရမှာဖြစ်သောကြောင့် သူ၏ ပါစင်နယ် ဖြစ်စဉ်တွေထက်
အဓိကအချက်ဖြစ်တဲ့ တလရမှာ ပါ၀င်ဉီးဆောင်နေမှုဖြစ်သော ငွေကြေးအကြီးစား ထောက်ပို့ကို စစ်တပ်ဟာ ကြောက်ရွံ့ပြီး
မြေပြင် PDF တွေနဲ့ ခွာပြဲအောင် NUG နဲ့ ဆက်ဆံမှု မပြုနိုင်အောင် ပြည်သူယုံကြည်မှု ကျဆင်းအောင် သပ်လျို ဖြိုခွင်းရမည့် ဒုတိယ ပစ်မှတ်သားကောင်ဆိုတာ သိပါ
မှတ်ချက်။ သပ်လျိုဟု သုံးထားခြင်းဟာ ထိုသူဟာ စစ်တပ်ဘက်ပြောင်းသွားသောသူ၊ တစင်ထောင်ချင်သူလည်း ဖြစ်နိုင်သည်ဟု ရည်ရွယ်၍
ထိုသူ၏ လုပ်ရပ် အပြုမူသည် ထိုသူ့အပေါ်တွင်သာ မူတည်ပြီး ပြည်သူက ဆုံးဖြတ်သက်မှတ်ရမည် ဖြစ်လေသည်
– နဒီခင်
နိုင်ငံရေး သံတမန်ရေး အရာ၌ ကျရှုံး တိုးမဝံ့သော စစ်တပ်အဖို့ … ပြည်သူကို နိုင်ငံရေး သံတမန်ခင်းနဲ့ လမ်းပြပြီး NUG ပါ ထောက်ပြ လမ်းညွန်နေရုံမက ပြည်သူပါ မိုတီခွန်အားပေး ဆွဲခေါ်ကာ မသိ နားမလည်သည်များနဲ့
နိုင်ငံ့ ကမ္ဘာ့ ပြည်တွင်း ပြည်ပ ရေးရာများအား ချိတ်ဆက် သုံးသပ်ပြပြီး လက်တွေ့ချက်လက်များဖြင့် ပြည့်စုံစွာ ရေးသားဖော်ပြပေးနေပြီး
ပြည်သူတွေရဲ့ နိုင်ငံရေး သံတမန်အခင်းကျင်း ကမ္ဘာ့ဖြစ်စဉ် ပြည်တွင်းရေးရာများပါ အသိဉဏ်လမ်းဖွင့်ပေးကာ စစ်တပ်ကို ထိုးနှပ် တလရကို ဦးဆောင်ပေးနေသူဖြစ်၍
ထိုလိုသူတွေကို နိုင်ငံရေးသံတမန်အခင်းကျင်းအတွက် စစ်တပ်ဟာ ကြောက်ရွံ့ပြီး ဖြိုခွင်းခြင်းနေမှာ အမှန်ဖြစ်သောကြောင့် ထိုလိုသူတွေဟာလည်း စစ်တပ်ရဲ့ တတိယ သားကောင် ပစ်မှတ်တွေပါပဲဆိုတာသိရင်
ထိုလိုသူတွေရဲ့ ဆယ်ခုမှာ အမှား တစ်ခုလောက်ကို အပြစ်မြင်နေခြင်း ယုံကြည်မှုလျော့ရဲခြင်း မပြုကြပဲ ဆက်လျက်စောင့်ကြည့်ပြီးမှ ယုံကြည် ကိုးစား လက်ခံမှု ပြုကြပါရန် အကြံပြု တိုက်တွန်းလျက်
ထိုအတွက် သေချာတာကတော့ မြင် လေ့လာ မိသလောက် မြေမြင်ရော အွန်လိုင်းထက်မှာပါ ကိုယ့်ဘက်သူသား သဏ္ဍန် သပ်လျိုသူတွေ အများပြား ရှိနေ စိမ့်၀င်နေလျက်ရှိနေကြပါပြီဆိုတာနဲ့
ယခုကို မွတ်စလင်တပ်ဦးဆိုပြီး စစ်တပ်က ဘာသာရေးပဠိပက္ခအတွက် ဖန်တီးလာနေခြင်းအပြင် ပျု မဘသ ဘုန်းကြီးတုတွေအား စစ်ရေးဦးဆောင်ခိုင်းနေခြင်း
ထိုအတွက် စစ်တပ်ဟာ ကျရှုံးတော့မည့် နောက်ဆုံးချိန်မှာ ရသလောက် ရပ်တည်နိုင်ဖို့ ထိုလိုသူတွေကို မြေပြင် ဝေဟင်မှာ လှုပ်ရှားနေစေပြီဆိုတာ အားလုံး အထူး သတိထားဖို့မှာကြားလိုကြောင်းပြောလိုသည်
ထိုအတွက် ဆိုင်ရာ အမည်နာမပါသူတွေရဲ့ အခြားဖြစ်စဉ် ပါစင်နယ်ဆိုင်ရာ ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ အမှန်အမှားဟာ ပြည်သူလက်ခံမှ ရမည်ဆိုတာနဲ့
သူတို့အကြောင်း ထုတ်ဖော်ရေးသားနေသူတွေကိုလည်း မည်သို့မျှ မစွတ်စွဲပဲ ထိုသူတွေမှားနေရင် မိမိတို့ဘက်က မှန်နေရင် ဆက်လျက် လုပ်ဆောင်ကြဖို့ လိုကြောင်းနဲ့
ပြည်သူရဲ့ အဓိက တာ၀န်သည် ယခုပါ စစ်တပ်ရဲ့ မစ်ရှင်းအကြီးစား ဖြိုခွင်းမှု ပလန်ကို သိပြီးရင် တလရ မပြိုပျက်အောင် နောက်ဆုံးအချိန်မှာ ညီညွတ်ပြီး တွဲလက်တွေ ညီထားလို့ အောင်ပွဲကို အရယူဖို့
ဆက်လျက် သီးခံ တောင့်ခံ သတင်း ဆိုက်ဝါး သပ်လျို ဒလံ ဂျင်းများအား ဖယ်ခွာလို့ ဆက်လျက် ချီတက်ကြပါအုံးစို့ဟု အသိပေးရင်း ဗိုလ် ထင် လင်း ဗိုလ်နဂါးရဲ့ စကားလေးနဲ့ နောက်ဆုံး ပိတ်ရရင်
” ကျနော်တို့ ဒီအဆင့်တွေ မဖြတ်ကျော်ပဲ အောင်ပွဲ မရနိုင်ပါဟု ”
အားလုံးကိုလေးစားလျက် !
မင်းတော်၀င်
Zawgyi Version ဖြင့်ဖတ်ရန်
– ဗိုလ်နဂါး
– အိုင်းရင်း
– နဒီခင်
မင်းတော်ဝင်