တစ်ချိန်က နာမည်ကြီးခဲ့တဲ့ သရုပ်ဆောင် ရဲမြညွှန့် ကွယ်လွန်…
ငယ်ငယ်ကတည်းက ကြည့်ခဲ့ရတဲ့ ရဲသရုပ်ဆောင် ရဲမြညွှန့် ကွယ်လွန်
ရုပ်ရှင်သက်ကြီးကန်တော့ခံ သရုပ်ဆောင်ရဲမြညွန့်ကွယ်လွန်သွားကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးမှသိရသည်၊၊
အောက်တိုဘာလ(၃)ရက် မနက်ပိုင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၈၉)နှစ်ရှိပြီ ဖြစ်သည်၊၊
“ဒီကနေ့မနက်ပိုင်းက အဘ ရဲမြညွန့်ကွယ်လွန်သွားပါတယ်၊၊
အသက်ကတော့(၈၀)ကျော်(၉၀)နားနီးနေပါပြီ၊၊သူရိုက်ကူးခဲ့တဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားတွေများစွာရှိပါတယ်၊၊
သူက ဇာတ်ပို့ ဇာတ်ရံအလွှာက သက်ကြီးကန်တော့ခံတစ်ဦးဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်၊၊
သရုပ်ဆောင်ရဲမြညွန့်သည် မြန်မာရုပ်ရှင်နှင့် ဗီဒီယို ဇာတ်ကားများတွင် ရဲတပ်ဖွဲ့ဝင်အဖြစ်နှစ်ပေါင်းများစွာသရုပ်ဆောင်ခဲ့ပြီး
ရဲဝတ်စုံနှင့် အသုံးအဆောင် ပစ္စည်းများငှားရမ်းခြင်းကိုလည်းဆောင်ရွက် ခဲ့ ကြောင်းသိရသည်၊၊
ရဲမြညွန့်သည် မကွယ်လွန်ခင်တွင် အိမ်ငှားမနေနိုင်သည့် အတွက်ရပ်ကွက်ရုံး နေရာလေးတွင် ခိုကပ်နေခဲ့ရကြောင်းလည်းသိရသည်၊၊
ရဲအခန်းလိုပြီဆို သူ့ ဆက်လိုက်တာနဲ့ ခေတ်အဆက်ဆက် ရဲယူနီဖောင်းတွေနဲ့ တပည့်တွေနဲ့ ချီတက်ခဲ့သူ
မြန်မာဗီဒီယိုဇာတ်ကားတွေမှာ ရဲအဖွဲ့နေရာမှာ အမြဲပါဝင်သရုပ်ဆောင်လေ့ရှိတဲ့ သရုပ်ဆောင် ရဲမြညွန့်
အောက်တိုဘာလ ၃ရက်နေ့၊ ဒီကနေ့မှာ ကွယ်လွန်သွားကြောင်း သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၉နှစ် ရှိပြီဖြစ်ပါတယ်။
အေးချမ်းရာမှာအနားယူပါ၊ ကောင်းရာသုဂတိ လားပါစေ လို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။
ခရက်ဒစ်
Zawgyi Version ဖြင့်ဖတ်ရန်
ခရက်ဒစ်