ပွဲကတော့ ပိုလှပြီဟေ့…
KNU သထုံခရိုင်ထဲက PDF တွေအပါအဝင် ၂၅ ဖွဲ့ပူးပေါင်း
မွန်ပြည်နယ်၊ သထုံခရိုင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ ကာကွယ်ရေး အဖွဲ့အစည်း ၂၅ ဖွဲ့ စုပေါင်းပြီး
မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုအဖြစ် ဖွဲ့စည်းလိုက်တယ်လို့ KNU က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီထဲမှာ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ ပါဝင်နေပြီး ဒီအဖွဲ့တွေဟာ KNU ရဲ့ ကြီးကြပ်မှုနဲ့ လှုပ်ရှားကြမှာဖြစ်တယ်လို့
တပ်ပေါင်းစုမှာ ပါဝင်တဲ့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) က ပြောပါတယ်။
“မြေပြင်မှာက ကျနော်တို့အဖွဲ့က တူတူရှိနေကြတာပေါ့နော်။ အဲဒီထဲမှာမှ စစ်ရေးပိုင်းဆိုင်ရာ ပိုအားကောင်းအောင်လုပ်နိုင်ဖို့ စုဖွဲ့ကြတဲ့ သဘောဖြစ်ပါတယ်ဗျ”
သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုမှာ PDF တပ်ရင်း (၁)၊ တပ်ရင်း (၂)၊ တပ်ရင်း (၃)၊ တပ်ရင်း (၄)၊ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)၊
ခရမ်း PDF၊ United Democratic Force အပါအဝင် အဖွဲ့ပေါင်း ၂၄ ဖွဲ့ပါဝင်ပြီး ဒီလို ဖြစ်လာဖို့ အရင်ကတည်းက ဆွေးနွေးမှုတွေရှိနေခဲ့တာလို့ ဆိုပါတယ်။
KNU သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီကတော့ ဒီအစုအဖွဲ့ဟာ စုပေါင်းဦးဆောင်မှုနဲ့ ဘုံရန်သူကို တော်လှန်သွားဖို့ဖြစ်တယ်လို့ ဒီမနက် ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါနဲ့ပတ်သက်လို့ တိတိကျကျသိရဖို့ တပ်မဟာ (၁) မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီထံ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ကလည်း မိတ်ဖက်အဖွဲ့အစည်းတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်း ၂၅ ချက်ကို KNU သထုံခရိုင်က ထုတ်ပြန်ခဲ့ပါတယ်။
သထုံခရိုင်အတွင်း ကရင်အမျိုးသား အာဇာနည်နေ့အခမ်းအနားတွင် KNU တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က တွေ့ရစဉ်။
(Photo: KNU-Doo Tha Htu District)
ပွဲကတော့ ပိုလှပြီပေါ့ဗျာ‼️
Zawgyi Version ျဖင့္ဖတ္ရန္
ပြဲကေတာ့ ပိုလွၿပီေဟ့…
KNU သထုံခ႐ိုင္ထဲက PDF ေတြအပါအဝင္ ၂၅ ဖြဲ႕ပူးေပါင္း
မြန္ျပည္နယ္၊ သထုံခ႐ိုင္ ကရင္အမ်ိဳးသားအစည္းအ႐ုံး (KNU) ထိန္းခ်ဳပ္နယ္ေျမထဲမွာ႐ွိတဲ့ ကာကြယ္ေရး အဖြဲ႕အစည္း ၂၅ ဖြဲ႕ စုေပါင္းၿပီး
မိတ္ဖက္ေတာ္လွန္ေရး တပ္ေပါင္းစုအျဖစ္ ဖြဲ႕စည္းလိုက္တယ္လို႔ KNU က ဒီမနက္မွာ ထုတ္ျပန္ပါတယ္။
အဲဒီထဲမွာ မြန္ျပည္နယ္နဲ႔ တနသၤာရီတိုင္းထဲက ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (PDF) ေတြ ပါဝင္ေနၿပီး ဒီအဖြဲ႕ေတြဟာ KNU ရဲ႕ ႀကီးၾကပ္မႈနဲ႔ လႈပ္႐ွားၾကမွာျဖစ္တယ္လို႔
တပ္ေပါင္းစုမွာ ပါဝင္တဲ့ ပုေလာၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (PPDF) က ေျပာပါတယ္။
“ေျမျပင္မွာက က်ေနာ္တို႔အဖြဲ႕က တူတူ႐ွိေနၾကတာေပါ့ေနာ္။ အဲဒီထဲမွာမွ စစ္ေရးပိုင္းဆိုင္ရာ ပိုအားေကာင္းေအာင္လုပ္ႏိုင္ဖို႔ စုဖြဲ႕ၾကတဲ့ သေဘာျဖစ္ပါတယ္ဗ်”
သထုံခ႐ိုင္ တပ္မဟာ (၁) မိတ္ဖက္ေတာ္လွန္ေရးတပ္ေပါင္းစုမွာ PDF တပ္ရင္း (၁)၊ တပ္ရင္း (၂)၊ တပ္ရင္း (၃)၊ တပ္ရင္း (၄)၊ ပုေလာၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (PPDF)၊
ခရမ္း PDF၊ United Democratic Force အပါအဝင္ အဖြဲ႕ေပါင္း ၂၄ ဖြဲ႕ပါဝင္ၿပီး ဒီလို ျဖစ္လာဖို႔ အရင္ကတည္းက ေဆြးေႏြးမႈေတြ႐ွိေနခဲ့တာလို႔ ဆိုပါတယ္။
KNU သထုံခ႐ိုင္ တပ္မဟာ (၁) မိတ္ဖက္ေရးရာ ႀကီးၾကပ္မႈေကာ္မတီကေတာ့ ဒီအစုအဖြဲ႕ဟာ စုေပါင္းဦးေဆာင္မႈနဲ႔ ဘုံရန္သူကို ေတာ္လွန္သြားဖို႔ျဖစ္တယ္လို႔ ဒီမနက္ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။
ဒါနဲ႔ပတ္သက္လို႔ တိတိက်က်သိရဖို႔ တပ္မဟာ (၁) မိတ္ဖက္ေရးရာ ႀကီးၾကပ္မႈေကာ္မတီထံ တယ္လီဖုန္းနဲ႔ ဆက္သြယ္ခဲ့ေပမယ့္ အဆက္အသြယ္မရခဲ့ပါဘူး။
ၿပီးခဲ့တဲ့ စက္တင္ဘာလ ၂၇ ရက္ေန႔ကလည္း မိတ္ဖက္အဖြဲ႕အစည္းေတြ လိုက္နာရမယ့္ စည္းမ်ဥ္းစည္းကမ္း ၂၅ ခ်က္ကို KNU သထုံခ႐ိုင္က ထုတ္ျပန္ခဲ့ပါတယ္။
သထုံခ႐ိုင္အတြင္း ကရင္အမ်ိဳးသား အာဇာနည္ေန႔အခမ္းအနားတြင္ KNU တပ္ဖြဲ႕ဝင္တခ်ိဳ႕အား ၂၀၂၂ ခုႏွစ္ ၾသဂုတ္လ ၁၂ ရက္ေန႔က ေတြ႕ရစဥ္။
(Photo: KNU-Doo Tha Htu District)
ပြဲကေတာ့ ပိုလွၿပီေပါ့ဗ်ာ‼️