လေတပ်ဦးစီးချုပ် မောင်မောင်ကျော် ရာထူးပြုတ်ခဲ့ရသော မိန်းမအရှုပ်တော်ပုံကြီးပေါ်ပေါက်လာ
လေတပ် ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ရာထူးပြုတ်ခဲ့ရသော မိန်းမကိစ္စအရှုပ်တော်ပုံ
By ဖရဲသီး
လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် အနားပေးလိုက်ခြင်းမှာ
ပုံမှန်သက်တမ်း တာဝန်ထမ်းဆောင်ပြီး၍ အနားပေးခြင်းမှာ လုံးဝ မဟုတ်ဘဲစစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှပါ ကျန်းမာရေး အကြောင်းပြ ဖယ်ရှားခဲ့သည်။
၂၀၁၈ ခုနှစ်မှစတင်ကာ လေချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ၊ အသက် ၅၈ နှစ် အရွယ် ရှိသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် ကျန်းမာရေးကြောင့် တာဝန်မှ အနားပေးခြင်းဟုဆိုသည်မှာလည်း လုံးဝ မမှန်ကန်ပေ။
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မှာ အပြေးဝါသနာပါသူဖြစ်ပြီး ဌာနချူပ်မှုး ဖြစ်စဉ်က အရာရှိ၊ စစ်သည်များအားသူနှင့်ယှဉ်ကာအပြေးပြိုင်တာမျိုးလုပ်လေ့လုပ်ထရှိလေသည်။
ဆိုလိုသည်မှာ ဒေါင်ဒေါင်မြည် ကျန်းမာရေး ကောင်းမွန်သော အပြေးသမား ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မှာ ကျန်းမာရေး အကောင်းလွန်နေသည်။
ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်ကို အဓိက အကြောင်းပြ ဖြုတ်လိုက်ရသည့်အကြောင်းအရင်းမှာ မိန်းမကိစ္စှနှင့်ပတ်သက်၍ တပ်တွင်း တိုင်စာတက်လာခြင်းဖြစ်ပြီး
ငါးရံ့နှစ်ကောင် တစ်ပြိုင်တည်း ဖမ်းရာကာ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုင်ကြခြင်း၏ နောက်ဆက်တွဲလည်းဖြစ်သည်။
ကျန်းမာရေး လိုက်စားသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် မှာ အရက် နှင့် မိန်းမလည်း အလွန်လိုက်စားသည်။
ဌာနချူပ်မှူးဖြစ်စဉ်က တပည့်ကျော်များနှင့် KTV များသို့ သွားရောက်လေ့ရှိပြီး ငွေကြေးသုံးဖြုန်း နိုင်ကာ Sponsor ပေးနိုင်သောကြောင့် မိန်းမငယ်လေးများဖြင့်ပျော်ပါးလေ့ရှိသည်။
တာဝန်မှရပ်နားခံခဲ့ရသည့် ဖြစ်စဉ်မှာလည်း မိန်းမကိစ္စကြောင့်ပင်ဖြစ်သည်။
ငါးရံ့နှစ်ကောင်ဖမ်းခြင်း
ကကလေ(နေပြည်တော်) စစ်ရုံးရှိ စစ်ဆင်ရေးနှင့် သုသေသနဌာနမှ အမျိုးသမီး အရာရှိ ဗိုလ်ကြီးနှင့် မောင်မောင်ကျော်တို့ လူမှုရေး ဖောက်ပြန်မှု အကြိမ်ကြိမ်ကျူး လွန်မှုများ ရှိခဲ့သည်။
ကကလေ(နေပြည်တော်) ရှိ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ ရုံးခန်းသည် စစ်ဆင်ရေးနှင့်သုသေသနဌာနမှာ မဝေးသောနေရာတွင်ရှိနေသောကြောင့် ထိတွေ့မှုများလာသည်နှင့် အမျှ
ယခင်ကတည်းက လက်မနှေးသော ဗိုလ်ချုပ်ကြီး မောင်မောင်ကျော် နှင့် ထိုဗိုလ်ကြီးအမျိုးသမီးတို့ ပေါ်ပေါ်တင်တင် ငြိစွန်းကြသည်။
တစ်ချိန်တည်းမှာပင် ထိုဗိုလ်ကြီးအမျိုးသမီးအပြင် အခြား ဗိုလ်ကြီးအရာရှိအမျိုးသမီးငယ်တစ်ဦးနှင့်လည်း ကိုယ်ဝန်ရသည်အထိ ဖောက်ပြန်ကျူးလွန်ခဲ့ပြန်သည်။
ထိုဖြစ်စဉ်နှစ်ခုသည် အပြန်အလှန် တိုင်ကြားမှုများကြောင့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံရောက်ရှိသွားသည်။
ယာယီထိန်းသိမ်းခံရခြင်းနှင့်ရာထူးပြုတ်ခြင်း
ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်ကို ရုံးဆင်းချိန်တွင် ၎င်းနေထိုင်ရာ ပိတောက်ဧည့်ရိပ်သာ၌ပင် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး
တိုင်စာပါ လူမှုရေး ဖောက်ပြန်မှုကိစ္စ စစ်မေးရာ ဗိုလ်ချုပ်ကြီး မောင် မောင်ကျော်မှ ဟုတ်မှန်ကြောင်းဝန်ခံခဲ့လေသည်။
ယင်းနောက် ကျန်းမာရေးအကြောင်းပြ ရာထူးတာဝန်မှ အနားပေးလိုက်သည်။ အရေးယူမှု တစ်စုံတစ်ရာ မရှိဘဲ သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့မှုကြောင့် အပြင်သို့အဖြစ်မှန် သတင်းပေါက် ကြားခဲ့ခြင်းမရှိခဲ့ပေ။
ယခုအချိန်တွင် မောင်မောင်ကျော်နှင့်ငြိစွန်းခဲ့သော အမျိုးသမီးအရာရှိ ဗိုလ်ကြီးအမျိုးသမီးမှာ အရပ်ဘက်လေယာဉ်အပိုပစ္စည်းဝယ်ယူရေး ကုမ္မဏီတစ်ခုသို့ တပ်ကရွှေ့ပြောင်းပေးလိုက်သည်။
ထိုသို့ လေတပ် ဉီးစီးချုပ်လုပ်သူက အမျိုးသမီးငယ်တစ်ဦးနှင့် အမျိုးသမီးသက်လတ်ပိုင်းတစ်ဦးတို့ကို တစ်ပြိုင်နက်တည်း လွန်လွန်ကျူးကျူးဖောက်ပြန်မှုများက မောင်မောင်ကျော်ကို ရာထူးမှ နားစေခဲ့ခြင်းဖြစ်သည်။
မင်းအောင်လှိုင်က မောင်မောင်ကျော်ကို ကာကွယ်ထား
မောင်မောင်ကျော်နှင့်ပတ်သက်သော လာဘ်ပေးလာဘ်ယူကိစ္စ၊ လေတပ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများနှင့်ပတ်သက်၍ တိုင်စာများ ရောက်ရှိခဲ့သော်လည်း မင်းအောင်လှိုင်က အရေးမယူဘဲ လျစ်လျူရှုပေးခဲ့သည်။
လေတပ်စစ်ဦးစီးချုပ် မောင်မောင်ကျော်သည် စစ်သည်တော်ကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်ခဲ့သော်လည်း ရာထူးပြုတ်ရုံမှလွဲ၍ ဘာမှ အရေးယူမခံခဲ့ရပေ။
လေချူပ်ဟောင်း မောင်မောင်ကျော်ရာထူးပြုတ်သွားသော်လည်း ၎င်း၏သားဖြစ်သူ Ivan Htet ပိုင် ဆိုင်သော Alliance Engineering Services ကုမ္ပဏီမှာ လေတပ်နှင့် ဆက်လက် အလုပ်လုပ်ကိုင်ခွင့်ရရှိနေဆဲပင်ဖြစ်သည်။
လေတပ်အတွက် လေယာဉ်အစိတ်အပိုင်းများအားလုံးကို တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် တင်သွင်းခွင့်ရယူထားဆဲဖြစ်သည်။
မောင်မောင်ကျော်သည် သားဖြစ်သူအတွက် လေတပ်တွင် စီးပွားရေး ဂွင်ပေါင်းများစွာ ဖန်တီးပေးခဲ့သည်။
၂၀၁၈ ခုနှစ်တွင် ဇန်နဝါရီလတွင် မောင်မောင်ကျော်အား လေတပ်ဉီးစီးချုပ်ခန့်ပြီး လအနည်း ငယ် အကြာတွင် ပြုလုပ်သော တပ်မတော်နေ့ စစ်ရေးပြတွင်
သူ့သား Ivan ကုမ္မဏီက LED မီထွန်းခွင့် ပါမစ်နှင့် ကျင်းပခွင့် ကန်ထ ရိုက်ရရှိခဲ့ပြီး ၂၀၂၀ ခုနှစ်တွင် လေတပ်၏ ပြည်ပဝယ်ယူမှု တင်ဒါများ ရရှိခဲ့သည်။
မိန်းမကိစ္စ၊ လာဘ်စားမှုများဖြင့် ရာထူးမှ ဖယ်ရှားခံခဲ့ရသော်လည်း လေတပ်ဉီးစီးချုပ်ဟောင်း ဗိုလ် ချုပ်ကြီး မောင်မောင်ကျော် နှင့် ၎င်း၏ မိသားစုဝင်များမှာ ဆယ်သက်စားမကုန်သောစည်းစိမ်ဉစ္စာများဖြင့် ချမ်းသာကြွယ်ဝနေပြီဖြစ်သည်။
မင်းအောင်လှိုင်သည် မောင်မောင်ကျော်ကို ရာထူးမှ ဖယ်ရှားခဲ့သော်လည်း လာဘ်ပေးလာဘ်ယူမှု၊ မိန်းမကိစ္စများအတွက် အရေးယူမှု တစ်စုံတစ်ခုမှ မလုပ်ခဲ့ပေ။
၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်း မောင်မောင်ကျော်၏ မြေးနှင့်ပတ်သက်သော အလှူသို့ မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံမိသားစုက တက်ရောက်ခဲ့ကြသည်။
ထိုသို့ လာရောက်ခြင်းက မင်းအောင်လှိုင်နှင့် မောင်မောင်ကျော်တို့အကြား ဆက်ဆံရေး ဆက်လက် ကောင်းမွန်နေကြောင်း ပြသခဲ့ခြင်းဖြစ်သည်။
လှုမှုရေး ဖောက်ပြန်မှု၊ လာဘ်ပေးလာဘ်ယူမှုများ ပြည့်နှက်နေသော စစ်တပ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အချင်းချင်း သက်ညှာပြီး
မသူတော်ချင်းချင်း သတင်းလွေ့လွေ့ ဖြင့် မောင်မောင်ကျော်ကို အကာအကွယ်ပေး ခဲ့သည်မှာ အထင်အရှားပင်ဖြစ်သည်။
Source – Khit Thit
Zawgyi Version ဖြင့်ဖတ်ရန်
ေလတပ္ဦးစီးခ်ဳပ္ ေမာင္ေမာင္ေက်ာ္ ရာထူးျပဳတ္ခဲ့ရေသာ မိန္းမအ႐ႈပ္ေတာ္ပုံႀကီးေပၚေပါက္လာ
ေလတပ္ ဦးစီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ရာထူးျပဳတ္ခဲ့ရေသာ မိန္းမကိစၥအ႐ႈပ္ေတာ္ပုံ
By ဖရဲသီး
ေလတပ္ဦးစီးခ်ဳပ္ေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ကို ၂၀၂၂ ခုႏွစ္ ဇန္နဝါရီလ ၂ ရက္ေန႔တြင္ အနားေပးလိုက္ျခင္းမွာ
ပုံမွန္သက္တမ္း တာဝန္ထမ္းေဆာင္ၿပီး၍ အနားေပးျခင္းမွာ လုံးဝ မဟုတ္ဘဲစစ္ေကာင္စီအဖြဲ႕ဝင္အျဖစ္မွပါ က်န္းမာေရး အေၾကာင္းျပ ဖယ္႐ွားခဲ့သည္။
၂၀၁၈ ခုႏွစ္မွစတင္ကာ ေလခ်ဳပ္အျဖစ္ တာဝန္ယူခဲ့ၿပီး ၊ အသက္ ၅၈ ႏွစ္ အ႐ြယ္ ႐ွိေသာ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ က်န္းမာေရးေၾကာင့္ တာဝန္မွ အနားေပးျခင္းဟုဆိုသည္မွာလည္း လုံးဝ မမွန္ကန္ေပ။
ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ မွာ အေျပးဝါသနာပါသူျဖစ္ၿပီး ဌာနခ်ဴပ္မႈး ျဖစ္စဥ္က အရာ႐ွိ၊ စစ္သည္မ်ားအားသူႏွင့္ယွဥ္ကာအေျပးၿပိဳင္တာမ်ိဳးလုပ္ေလ့လုပ္ထ႐ွိေလသည္။
ဆိုလိုသည္မွာ ေဒါင္ေဒါင္ျမည္ က်န္းမာေရး ေကာင္းမြန္ေသာ အေျပးသမား ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ မွာ က်န္းမာေရး အေကာင္းလြန္ေနသည္။
ဗိုလ္ခ်ဳပ္ႀကီးေမာင္ေမာင္ေက်ာ္ကို အဓိက အေၾကာင္းျပ ျဖဳတ္လိုက္ရသည့္အေၾကာင္းအရင္းမွာ မိန္းမကိစၥွႏွင့္ပတ္သက္၍ တပ္တြင္း တိုင္စာတက္လာျခင္းျဖစ္ၿပီး
ငါးရံ႕ႏွစ္ေကာင္ တစ္ၿပိဳင္တည္း ဖမ္းရာကာ တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္တိုင္ၾကျခင္း၏ ေနာက္ဆက္တြဲလည္းျဖစ္သည္။
က်န္းမာေရး လိုက္စားေသာ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ မွာ အရက္ ႏွင့္ မိန္းမလည္း အလြန္လိုက္စားသည္။
ဌာနခ်ဴပ္မႉးျဖစ္စဥ္က တပည့္ေက်ာ္မ်ားႏွင့္ KTV မ်ားသို႔ သြားေရာက္ေလ့႐ွိၿပီး ေငြေၾကးသုံးျဖဳန္း ႏိုင္ကာ Sponsor ေပးႏိုင္ေသာေၾကာင့္ မိန္းမငယ္ေလးမ်ားျဖင့္ေပ်ာ္ပါးေလ့႐ွိသည္။
တာဝန္မွရပ္နားခံခဲ့ရသည့္ ျဖစ္စဥ္မွာလည္း မိန္းမကိစၥေၾကာင့္ပင္ျဖစ္သည္။
ငါးရံ႕ႏွစ္ေကာင္ဖမ္းျခင္း
ကကေလ(ေနျပည္ေတာ္) စစ္႐ုံး႐ွိ စစ္ဆင္ေရးႏွင့္ သုေသသနဌာနမွ အမ်ိဳးသမီး အရာ႐ွိ ဗိုလ္ႀကီးႏွင့္ ေမာင္ေမာင္ေက်ာ္တို႔ လူမႈေရး ေဖာက္ျပန္မႈ အႀကိမ္ႀကိမ္က်ဴး လြန္မႈမ်ား ႐ွိခဲ့သည္။
ကကေလ(ေနျပည္ေတာ္) ႐ွိ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္၏ ႐ုံးခန္းသည္ စစ္ဆင္ေရးႏွင့္သုေသသနဌာနမွာ မေဝးေသာေနရာတြင္႐ွိေနေသာေၾကာင့္ ထိေတြ႕မႈမ်ားလာသည္ႏွင့္ အမွ်
ယခင္ကတည္းက လက္မေႏွးေသာ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ ထိုဗိုလ္ႀကီးအမ်ိဳးသမီးတို႔ ေပၚေပၚတင္တင္ ၿငိစြန္းၾကသည္။
တစ္ခ်ိန္တည္းမွာပင္ ထိုဗိုလ္ႀကီးအမ်ိဳးသမီးအျပင္ အျခား ဗိုလ္ႀကီးအရာ႐ွိအမ်ိဳးသမီးငယ္တစ္ဦးႏွင့္လည္း ကိုယ္ဝန္ရသည္အထိ ေဖာက္ျပန္က်ဴးလြန္ခဲ့ျပန္သည္။
ထိုျဖစ္စဥ္ႏွစ္ခုသည္ အျပန္အလွန္ တိုင္ၾကားမႈမ်ားေၾကာင့္ အာဏာသိမ္း စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္ထံေရာက္႐ွိသြားသည္။
ယာယီထိန္းသိမ္းခံရျခင္းႏွင့္ရာထူးျပဳတ္ျခင္း
ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ကို ႐ုံးဆင္းခ်ိန္တြင္ ၎ေနထိုင္ရာ ပိေတာက္ဧည့္ရိပ္သာ၌ပင္ ဖမ္းဆီးထိန္းသိမ္းလိုက္ၿပီး
တိုင္စာပါ လူမႈေရး ေဖာက္ျပန္မႈကိစၥ စစ္ေမးရာ ဗိုလ္ခ်ဳပ္ႀကီး ေမာင္ ေမာင္ေက်ာ္မွ ဟုတ္မွန္ေၾကာင္းဝန္ခံခဲ့ေလသည္။
ယင္းေနာက္ က်န္းမာေရးအေၾကာင္းျပ ရာထူးတာဝန္မွ အနားေပးလိုက္သည္။ အေရးယူမႈ တစ္စုံတစ္ရာ မ႐ွိဘဲ သိုသိုသိပ္သိပ္ လုပ္ေဆာင္ခဲ့မႈေၾကာင့္ အျပင္သို႔အျဖစ္မွန္ သတင္းေပါက္ ၾကားခဲ့ျခင္းမ႐ွိခဲ့ေပ။
ယခုအခ်ိန္တြင္ ေမာင္ေမာင္ေက်ာ္ႏွင့္ၿငိစြန္းခဲ့ေသာ အမ်ိဳးသမီးအရာ႐ွိ ဗိုလ္ႀကီးအမ်ိဳးသမီးမွာ အရပ္ဘက္ေလယာဥ္အပိုပစၥည္းဝယ္ယူေရး ကုမၼဏီတစ္ခုသို႔ တပ္ကေ႐ႊ႕ေျပာင္းေပးလိုက္သည္။
ထိုသို႔ ေလတပ္ ဉီးစီးခ်ဳပ္လုပ္သူက အမ်ိဳးသမီးငယ္တစ္ဦးႏွင့္ အမ်ိဳးသမီးသက္လတ္ပိုင္းတစ္ဦးတို႔ကို တစ္ၿပိဳင္နက္တည္း လြန္လြန္က်ဴးက်ဴးေဖာက္ျပန္မႈမ်ားက ေမာင္ေမာင္ေက်ာ္ကို ရာထူးမွ နားေစခဲ့ျခင္းျဖစ္သည္။
မင္းေအာင္လိႈင္က ေမာင္ေမာင္ေက်ာ္ကို ကာကြယ္ထား
ေမာင္ေမာင္ေက်ာ္ႏွင့္ပတ္သက္ေသာ လာဘ္ေပးလာဘ္ယူကိစၥ၊ ေလတပ္ပိုင္းဆိုင္ရာ အလြဲသုံးစားမႈမ်ားႏွင့္ပတ္သက္၍ တိုင္စာမ်ား ေရာက္႐ွိခဲ့ေသာ္လည္း မင္းေအာင္လိႈင္က အေရးမယူဘဲ လ်စ္လ်ဴ႐ႈေပးခဲ့သည္။
ေလတပ္စစ္ဦးစီးခ်ဳပ္ ေမာင္ေမာင္ေက်ာ္သည္ စစ္သည္ေတာ္က်င့္ဝတ္၊ လူမႈက်င့္ဝတ္မ်ားကို ေဖာက္ဖ်က္ခဲ့ေသာ္လည္း ရာထူးျပဳတ္႐ုံမွလြဲ၍ ဘာမွ အေရးယူမခံခဲ့ရေပ။
ေလခ်ဴပ္ေဟာင္း ေမာင္ေမာင္ေက်ာ္ရာထူးျပဳတ္သြားေသာ္လည္း ၎၏သားျဖစ္သူ Ivan Htet ပိုင္ ဆိုင္ေသာ Alliance Engineering Services ကုမၸဏီမွာ ေလတပ္ႏွင့္ ဆက္လက္ အလုပ္လုပ္ကိုင္ခြင့္ရ႐ွိေနဆဲပင္ျဖစ္သည္။
ေလတပ္အတြက္ ေလယာဥ္အစိတ္အပိုင္းမ်ားအားလုံးကို တစ္ဦးတည္းကိုယ္စားလွယ္အျဖစ္ တင္သြင္းခြင့္ရယူထားဆဲျဖစ္သည္။
ေမာင္ေမာင္ေက်ာ္သည္ သားျဖစ္သူအတြက္ ေလတပ္တြင္ စီးပြားေရး ဂြင္ေပါင္းမ်ားစြာ ဖန္တီးေပးခဲ့သည္။
၂၀၁၈ ခုႏွစ္တြင္ ဇန္နဝါရီလတြင္ ေမာင္ေမာင္ေက်ာ္အား ေလတပ္ဉီးစီးခ်ဳပ္ခန္႔ၿပီး လအနည္း ငယ္ အၾကာတြင္ ျပဳလုပ္ေသာ တပ္မေတာ္ေန႔ စစ္ေရးျပတြင္
သူ႕သား Ivan ကုမၼဏီက LED မီထြန္းခြင့္ ပါမစ္ႏွင့္ က်င္းပခြင့္ ကန္ထ ႐ိုက္ရ႐ွိခဲ့ၿပီး ၂၀၂၀ ခုႏွစ္တြင္ ေလတပ္၏ ျပည္ပဝယ္ယူမႈ တင္ဒါမ်ား ရ႐ွိခဲ့သည္။
မိန္းမကိစၥ၊ လာဘ္စားမႈမ်ားျဖင့္ ရာထူးမွ ဖယ္႐ွားခံခဲ့ရေသာ္လည္း ေလတပ္ဉီးစီးခ်ဳပ္ေဟာင္း ဗိုလ္ ခ်ဳပ္ႀကီး ေမာင္ေမာင္ေက်ာ္ ႏွင့္ ၎၏ မိသားစုဝင္မ်ားမွာ ဆယ္သက္စားမကုန္ေသာစည္းစိမ္ဉစၥာမ်ားျဖင့္ ခ်မ္းသာႂကြယ္ဝေနၿပီျဖစ္သည္။
မင္းေအာင္လိႈင္သည္ ေမာင္ေမာင္ေက်ာ္ကို ရာထူးမွ ဖယ္႐ွားခဲ့ေသာ္လည္း လာဘ္ေပးလာဘ္ယူမႈ၊ မိန္းမကိစၥမ်ားအတြက္ အေရးယူမႈ တစ္စုံတစ္ခုမွ မလုပ္ခဲ့ေပ။
၂၀၂၂ ခုႏွစ္ ႏွစ္လယ္ပိုင္း ေမာင္ေမာင္ေက်ာ္၏ ေျမးႏွင့္ပတ္သက္ေသာ အလႉသို႔ မင္းေအာင္လိႈင္၏ သား ေအာင္ျပည့္စုံမိသားစုက တက္ေရာက္ခဲ့ၾကသည္။
ထိုသို႔ လာေရာက္ျခင္းက မင္းေအာင္လိႈင္ႏွင့္ ေမာင္ေမာင္ေက်ာ္တို႔အၾကား ဆက္ဆံေရး ဆက္လက္ ေကာင္းမြန္ေနေၾကာင္း ျပသခဲ့ျခင္းျဖစ္သည္။
လႈမႈေရး ေဖာက္ျပန္မႈ၊ လာဘ္ေပးလာဘ္ယူမႈမ်ား ျပည့္ႏွက္ေနေသာ စစ္တပ္တြင္ စစ္ေခါင္းေဆာင္ မင္းေအာင္လိႈင္က အခ်င္းခ်င္း သက္ညႇာၿပီး
မသူေတာ္ခ်င္းခ်င္း သတင္းေလြ႕ေလြ႕ ျဖင့္ ေမာင္ေမာင္ေက်ာ္ကို အကာအကြယ္ေပး ခဲ့သည္မွာ အထင္အ႐ွားပင္ျဖစ္သည္။
Source – Khit Thit