ကြားသိရသမျှ

မင်းအောင်လှိုင်ကတော့ သမ္မတအိပ်မက်အတွက် ကြံ့ခိုင်ရေးပါတီကို အာဏာသိမ်းဖို့ ပြင်ဆင်ပြီ…

မင်းအောင်လှိုင်ကတော့ သမ္မတအိပ်မက်အတွက် ကြံ့ခိုင်ရေးပါတီကို အာဏာသိမ်းဖို့ ပြင်ဆင်ပြီ…

ပါတီညီလာခံနှင့် အချိန်ကိုက်ကာ စစ်တပ်အရာရှိ ၆၀၀ ခန့် အရပ်ဘက်သို့ ပြောင်းရန်ရှိပြီး ယင်းတို့အနက် ထက်ဝက်မှာ ကြံ့ခိုင်ရေးသို့ ရောက်မည်ဟု စုံစမ်းသိရှိရသည်။

အောက်တိုဘာ ၄ ရက်၊ မနက်ဖြန်တွင် စတင်ကျင်းပမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP) အထွေထွညီလာခံအပြီးတွင်

စစ်တပ်အရာရှိအများအပြားကို ၎င်းတို့၏ ရာထူးများမှ အနားပေးကာ ပါတီတာဝန်များ ခွဲယူစေရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က စီမံနေကြောင်း သိရှိရသည်။

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် နှစ်ရက်ကြာ ကျင်းပမည့် USDP ညီလာခံတွင် မင်းအောင်လှိုင်နှင့် သဟဇာတဖြစ်သည့် စစ်ဗိုလ်ချုပ်ဟောင်းများ ပါတီထိပ်တန်းနေရာများ ရရန်ရှိသလို

ညီလာခံပြီးချိန်တွင် စစ်တပ်အရာရှိ ၃၀၀ ကျော်ကို အနားပေးပြီး ကြံ့ခိုင်ရေးပါတီသို့ သွတ်သွင်းရန်ရှိသည်ဟု ပါတီနှင့် နီးစပ်သူက Myanmar Now ကို ပြောသည်။

“အဓိက ဗိုလ်မှူးကြီးတွေ များတယ်။ တပ်မှာ ရာထူးမတိုးတော့တဲ့သူ အများစုပါဝင်တယ်။ ဦးခင်ရီကို ဥက္ကဋ္ဌရာထူးခန့်အပ်မှာ အဲဒီရည်ရွယ်ချက်လည်း ပါတယ်။

(ပါတီဥက္ကဋ္ဌရာထူးက ဖယ်ရှားခံထားရတဲ့) ဦးသန်းဌေးတို့က အရပ်ဘက်တစ်ဝက်၊ တပ်ဘက်တစ်ဝက်နဲ့ သွားချင်တယ်။

ခုကတော့ မိုးကျရွှေကိုယ် တပ်ဘက်ကလူတွေ ပါတီကို ရောက်လာတော့မယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

USDP ညီလာခံပြီးချိန်နှင့် အချိန်ကိုက်ကာ အရပ်ဘက်သို့ ပြောင်းရမည့် စစ်တပ်အရာရှိ ၆၀၀ကျော် ရှိပြီး

စစ်ကောင်စီလက်အောက်ခံ ဝန်ကြီးဌာနများသို့ ထက်ဝက်ခန့်၊ ကျန်တစ်ဝက်မှာမူ ကြံ့ခိုင်ရေးပါတီသို့ ရောက်မည်ဟု ၎င်းက ဆိုသည်။

အတည်မပြုနိုင်သေးသော သတင်းများအရ ဒုတိယဗိုလ်ချုပ်ကြီးနှစ်ဦး အငြိမ်းစားယူပြီး ကြံ့ခိုင်ရေးပါတီသို့ ယနေ့ (အောက်တိုဘာ ၃) ပြောင်းရွှေ့သွားကြောင်း သိရသည်။

အောက်တိုဘာ ၄ ရက်နှင့် ၅ ရက်တွင် ကျင်းပမည့် ညီလာခံမှတစ်ဆင့် ပါတီဥက္ကဋ္ဌ အပါအဝင် USDP ထိပ်ပိုင်းခေါင်းဆောင်များ အပြောင်းအလဲပြုလုပ်ရန် ရှိနေသည်။

ညီလာခံမတိုင်မီ မင်းအောင်လှိုင်က သူနှင့် သဟာဇာတဖြစ်သော ရဲချုပ်ဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ၏ ဒုဥက္ကဌတစ်ဦးဖြစ်သူ ဦးခင်ရီကို

စစ်ကောင်စီ၏ ဝန်ကြီးအဖွဲ့မှ အနားယူစေကာ ပါတီ၏ ယာယီဥက္ကဌအဖြစ် သွားရောက် တာဝန်ထမ်းစေခဲ့သည်။

ယင်းမှာ မင်းအောင်လှိုင်သည် ပါတီထိပ်ပိုင်းနှင့် အလယ်ပိုင်းအဆင့် ခေါင်းဆောင်များကို ၎င်း၏ စိတ်ကြိုက်လူများနှင့် အစားထိုးပြီး ပါတီတစ်ခုလုံးကို ထိန်းချုပ်ရန် ခြေလှမ်းပြင်နေခြင်းဖြစ်သည်။

ယခုကဲ့သို့ ၎င်း၏ ဆောင်ရွက်မှုများသည် အမည်ခံရွေးကောက်ပွဲတစ်ခုကျင်းပကာ ၎င်းကို ထောက်ခံသည့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များနှင့် အမတ်များက

မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးချယ်နိုင်သည်ဆိုသည့် ခန့်မှန်းချက်များနှင့် သွားရောက်ကိုက်ညီနေသည်။

ပါတီတွင်း မကျေနပ်မှုများနှင့် ရင်ဆိုင်နေရသူ အသက် ၆၈ နှစ်အရွယ် လက်ရှိဥက္ကဋ္ဌ ဦးသန်းဌေးမှာ ပါတီဥက္ကဋ္ဌအဖြစ်မှ ဖယ်ရှားခံထားရပြီး

ဦးခင်ရီက ယာယီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ယခုကဲ့သို့ နေရာအပြောင်းအလဲကို မနက်ဖြန်ညီလာခံတွင် တရားဝင်ဖြစ်စေရန် ပြုလုပ်မည်ဟု သိရှိရသည်။

“မင်းအောင်လှိုင်ရဲ့ ချွေးမ မျိုးရတနာထိုက်က ဦးခင်ရီရဲ့ မွေးစားသမီးလို ဖြစ်နေတာဆိုတော့ ခမည်းခမက်ဆန်ဆန်ပဲ။

ဦးခင်ရီက ဒုဥက္ကဋ္ဌက လာတာဆိုတော့ သူ့ကို ဥက္ကဋ္ဌပေးရင် အမည်ခံပဲ လုပ်မယ်။ ပါတီကို မင်းအောင်လှိုင်ရဲ့ လမ်းညွှန်မှုအတိုင်း သွားပါမယ်လို့ သဘောတူညီမှုရတယ်။

ဒါကြောင့် အခုညီလာခံမှာ ဥက္ကဋ္ဌအပါအဝင် CEC ဖွဲ့တာ စိတ်ကြိုက်လုပ်ပါလိမ့်မယ်” ဟု ကြံ့ခိုင်ရေးပါတီနှင့် နီးစပ်သူ ဗိုလ်ချုပ်ဟောင်းတစ်ဦးက ပြောသည်။

ညီလာခံသို့ တက်ရောက်ရန် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်အဆင့် ဥက္ကဋ္ဌများအပါအဝင် ပါတီတာဝန်ရှိသူ ၅၀၀ ကျော်ခန့် နေပြည်တော်သို့ ရောက်ရှိနေသည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် တတိယအကြိမ် ညီလာခံအတွက် ပြင်ဆင်နေသည်ကို ၂၀၂၂ အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ်။ ဓာတ်ပုံ- ကြံ့ခိုင်ရေး

“အခြေအနေကို ကြိုသိနေသူ၊ နေရာပြန်မရတော့မဲ့ သူတွေက အသက်အရွယ်နဲ့ ကျန်းမာရေးအကြောင်းပြ နားသွားကြပါလိမ့်မယ်။ ဒုဥက္ကဋ္ဌ (၁) က ဦးမြတ်ဟိန်းဖြစ်လို့

ဦးသန်းဌေး ကျန်းမာရေးအရဆိုလည်း ဦးမြတ်ဟိန်းကသာ ခေတ္တဥက္ကဋ္ဌ လုပ်ရမှာ။ ဦးခင်ရီ ခေတ္တဥက္ကဋ္ဌဖြစ်ကတည်းက ရှင်းပြီ။

USDP ညီလာခံဆိုတာ ချပေးထားတဲ့သူကို အတည်ဖြစ်အောင် လုပ်ပေးရတဲ့အဆင့်ပါ” ဟု အထက်ပါ ဗိုလ်ချုပ်ဟောင်းက ပြောသည်။

USDP ဗဟိုအလုပ်အမှုဆောင် ကာကွယ်ရေးဝန်ကြီးဟောင်း အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်၊ တပ်မတော် (ကြည်း၊ရေ၊လေ) ညှိနှိုင်းကွပ်ကဲရေးမှူးဟောင်း ဗိုလ်ချုပ်ကြီး(ငြိမ်း) လှဌေးဝင်းတို့ နုတ်ထွက်ပြီးဖြစ်ကြောင်း၊

USDP အထွေထွေအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးသက်နိုင်ဝင်းလည်း နုတ်ထွက်ရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရှိရသည်။ သီးခြားအတည်မပြုနိုင်သေးပေ။

လက်ရှိ နေပြည်တော်တွင်း လုံခြုံရေးလည်း တင်းကျပ်ထားပြီး ကြံ့ခိုင်ရေးပါတီရုံးချုပ်အနီးရှိ ထာဝရငြိမ်းချမ်းရေးစေတီဝင်းအတွင်း လွန်ခဲ့သည့် ၁၀ ရက်ခန့်ကတည်းက

ရဲလုံခြုံရေးများ နေရာယူထားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

အမြဲပိတ်ထားသည့် ပါတီရုံးချုပ် ခြံတံခါးကိုဖွင့်ကာ သံဆူးကြိုးနှင့် ကာရံကာ ယူနီဖောင်းဝတ် ပါတီလုံခြုံရေးများက နေရာယူထားသည်ကိုလည်း ညီလာခံမကျင်းပမီ တစ်ရက်အလို အောက်တိုဘာ ၃ နံနက်ပိုင်းက မြင်တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီက ကျင်းပပေးမည်ဆိုသော ရွေးကောက်ပွဲကို ကြံ့ခိုင်ရေးပါတီခေါင်းဆောင်များ အလွန်အမင်း တက်ကြွနေပြီး

သမ္မတရူးရူးနေသော မင်းအောင်လှိုင်က ကြံ့ခိုင်ရေးခေါင်းဆောင်တစ်ဦးဦးကို သမ္မတတာဝန် လုံးဝပေးလိမ့်မည်မဟုတ်ကြောင်း ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးကြီးမြင့်က မှတ်ချက်ပြုသည်။

“မင်းအောင်လှိုင်က တဖြည်းဖြည်း စိတ်ပူလာပုံရတယ်။ ငါသမ္မတဖြစ်ဖို့ အကျပ်များပြန်ကိုင်မလားဆိုပြီးတော့ လက်ရှိပါတီကလူတွေကို သူစိတ်မချဘူးပေါ့။

ဒါကြောင့် ပိုင်ပိုင်နိုင်နိုင် ပိုဖြစ်ချင်တော့ သူ့ကို အကျပ်မကိုင်မယ့်သူမျိုးတွေကို ထိုးထည့်တာပေါ့။

ပြောမယ်ဆို စစ်တပ်ရဲ့ အသုံးချခံ ပါတီပါပဲ” ဟု အသက် ၇၇ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေလည်းဖြစ်သူ ဦးကြီးမြင့်က ပြောသည်။

သို့သော် ၂၀၂၃ ဩဂုတ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကနဦးက လေသံပစ်ခဲ့သော်လည်း ထိုရွေးကောက်ပွဲ ကျင်းပနိုင်ရန် မသေချာ၊မရေရာသေးကြောင်း ပြီးခဲ့သည့်လ ရုရှားခရီးစဉ်အတွင်း မင်းအောင်လှိုင်က ပြောဆိုထားသည်။

ကြံ့ခိုင်ရေးပါတီသည် NLD ဝင်မပြိုင်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင်သာ အနိုင်ရဖူးသည့် ပါတီဖြစ်သည်။

Source – မြန်မာနောင်း

Zawgyi Version ျဖင့္ဖတ္ရန္

မင္းေအာင္လိႈင္ကေတာ့ သမၼတအိပ္မက္အတြက္ ၾကံ့ခိုင္ေရးပါတီကို အာဏာသိမ္းဖို႔ ျပင္ဆင္ၿပီ…

ပါတီညီလာခံႏွင့္ အခ်ိန္ကိုက္ကာ စစ္တပ္အရာ႐ွိ ၆၀၀ ခန္႔ အရပ္ဘက္သို႔ ေျပာင္းရန္႐ွိၿပီး ယင္းတို႔အနက္ ထက္ဝက္မွာ ၾကံ့ခိုင္ေရးသို႔ ေရာက္မည္ဟု စုံစမ္းသိ႐ွိရသည္။

ေအာက္တိုဘာ ၄ ရက္၊ မနက္ျဖန္တြင္ စတင္က်င္းပမည့္ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ(USDP) အေထြထြညီလာခံအၿပီးတြင္

စစ္တပ္အရာ႐ွိအမ်ားအျပားကို ၎တို႔၏ ရာထူးမ်ားမွ အနားေပးကာ ပါတီတာဝန္မ်ား ခြဲယူေစရန္ စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လိႈင္က စီမံေနေၾကာင္း သိ႐ွိရသည္။

ေနျပည္ေတာ္႐ွိ ပါတီဌာနခ်ဳပ္တြင္ ႏွစ္ရက္ၾကာ က်င္းပမည့္ USDP ညီလာခံတြင္ မင္းေအာင္လိႈင္ႏွင့္ သဟဇာတျဖစ္သည့္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ား ပါတီထိပ္တန္းေနရာမ်ား ရရန္႐ွိသလို

ညီလာခံၿပီးခ်ိန္တြင္ စစ္တပ္အရာ႐ွိ ၃၀၀ ေက်ာ္ကို အနားေပးၿပီး ၾကံ့ခိုင္ေရးပါတီသို႔ သြတ္သြင္းရန္႐ွိသည္ဟု ပါတီႏွင့္ နီးစပ္သူက Myanmar Now ကို ေျပာသည္။

“အဓိက ဗိုလ္မႉးႀကီးေတြ မ်ားတယ္။ တပ္မွာ ရာထူးမတိုးေတာ့တဲ့သူ အမ်ားစုပါဝင္တယ္။ ဦးခင္ရီကို ဥကၠ႒ရာထူးခန္႔အပ္မွာ အဲဒီရည္႐ြယ္ခ်က္လည္း ပါတယ္။

(ပါတီဥကၠ႒ရာထူးက ဖယ္႐ွားခံထားရတဲ့) ဦးသန္းေဌးတို႔က အရပ္ဘက္တစ္ဝက္၊ တပ္ဘက္တစ္ဝက္နဲ႔ သြားခ်င္တယ္။

ခုကေတာ့ မိုးက်ေ႐ႊကိုယ္ တပ္ဘက္ကလူေတြ ပါတီကို ေရာက္လာေတာ့မယ္” ဟု လုံျခဳံေရးအရ အမည္မေဖာ္လိုသည့္ အထက္ပါ သတင္းရင္းျမစ္က ေျပာသည္။

USDP ညီလာခံၿပီးခ်ိန္ႏွင့္ အခ်ိန္ကိုက္ကာ အရပ္ဘက္သို႔ ေျပာင္းရမည့္ စစ္တပ္အရာ႐ွိ ၆၀၀ေက်ာ္ ႐ွိၿပီး

စစ္ေကာင္စီလက္ေအာက္ခံ ဝန္ႀကီးဌာနမ်ားသို႔ ထက္ဝက္ခန္႔၊ က်န္တစ္ဝက္မွာမူ ၾကံ့ခိုင္ေရးပါတီသို႔ ေရာက္မည္ဟု ၎က ဆိုသည္။

အတည္မျပဳႏိုင္ေသးေသာ သတင္းမ်ားအရ ဒုတိယဗိုလ္ခ်ဳပ္ႀကီးႏွစ္ဦး အၿငိမ္းစားယူၿပီး ၾကံ့ခိုင္ေရးပါတီသို႔ ယေန႔ (ေအာက္တိုဘာ ၃) ေျပာင္းေ႐ႊ႕သြားေၾကာင္း သိရသည္။

ေအာက္တိုဘာ ၄ ရက္ႏွင့္ ၅ ရက္တြင္ က်င္းပမည့္ ညီလာခံမွတစ္ဆင့္ ပါတီဥကၠ႒ အပါအဝင္ USDP ထိပ္ပိုင္းေခါင္းေဆာင္မ်ား အေျပာင္းအလဲျပဳလုပ္ရန္ ႐ွိေနသည္။

ညီလာခံမတိုင္မီ မင္းေအာင္လိႈင္က သူႏွင့္ သဟာဇာတျဖစ္ေသာ ရဲခ်ဳပ္ေဟာင္းလည္းျဖစ္၊ ၾကံ့ခိုင္ေရးပါတီ၏ ဒုဥကၠဌတစ္ဦးျဖစ္သူ ဦးခင္ရီကို

စစ္ေကာင္စီ၏ ဝန္ႀကီးအဖြဲ႕မွ အနားယူေစကာ ပါတီ၏ ယာယီဥကၠဌအျဖစ္ သြားေရာက္ တာဝန္ထမ္းေစခဲ့သည္။

ယင္းမွာ မင္းေအာင္လိႈင္သည္ ပါတီထိပ္ပိုင္းႏွင့္ အလယ္ပိုင္းအဆင့္ ေခါင္းေဆာင္မ်ားကို ၎၏ စိတ္ႀကိဳက္လူမ်ားႏွင့္ အစားထိုးၿပီး ပါတီတစ္ခုလုံးကို ထိန္းခ်ဳပ္ရန္ ေျခလွမ္းျပင္ေနျခင္းျဖစ္သည္။

ယခုကဲ့သို႔ ၎၏ ေဆာင္႐ြက္မႈမ်ားသည္ အမည္ခံေ႐ြးေကာက္ပြဲတစ္ခုက်င္းပကာ ၎ကို ေထာက္ခံသည့္ ၾကံ့ခိုင္ေရးပါတီေခါင္းေဆာင္မ်ားႏွင့္ အမတ္မ်ားက

မင္းေအာင္လိႈင္ကို သမၼတအျဖစ္ ေ႐ြးခ်ယ္ႏိုင္သည္ဆိုသည့္ ခန္႔မွန္းခ်က္မ်ားႏွင့္ သြားေရာက္ကိုက္ညီေနသည္။

ပါတီတြင္း မေက်နပ္မႈမ်ားႏွင့္ ရင္ဆိုင္ေနရသူ အသက္ ၆၈ ႏွစ္အ႐ြယ္ လက္႐ွိဥကၠ႒ ဦးသန္းေဌးမွာ ပါတီဥကၠ႒အျဖစ္မွ ဖယ္႐ွားခံထားရၿပီး

ဦးခင္ရီက ယာယီဥကၠ႒အျဖစ္ တာဝန္ထမ္းေဆာင္ေနသည္။ ယခုကဲ့သို႔ ေနရာအေျပာင္းအလဲကို မနက္ျဖန္ညီလာခံတြင္ တရားဝင္ျဖစ္ေစရန္ ျပဳလုပ္မည္ဟု သိ႐ွိရသည္။

“မင္းေအာင္လိႈင္ရဲ႕ ေခြၽးမ မ်ိဳးရတနာထိုက္က ဦးခင္ရီရဲ႕ ေမြးစားသမီးလို ျဖစ္ေနတာဆိုေတာ့ ခမည္းခမက္ဆန္ဆန္ပဲ။

ဦးခင္ရီက ဒုဥကၠ႒က လာတာဆိုေတာ့ သူ႕ကို ဥကၠ႒ေပးရင္ အမည္ခံပဲ လုပ္မယ္။ ပါတီကို မင္းေအာင္လိႈင္ရဲ႕ လမ္းၫႊန္မႈအတိုင္း သြားပါမယ္လို႔ သေဘာတူညီမႈရတယ္။

ဒါေၾကာင့္ အခုညီလာခံမွာ ဥကၠ႒အပါအဝင္ CEC ဖြဲ႕တာ စိတ္ႀကိဳက္လုပ္ပါလိမ့္မယ္” ဟု ၾကံ့ခိုင္ေရးပါတီႏွင့္ နီးစပ္သူ ဗိုလ္ခ်ဳပ္ေဟာင္းတစ္ဦးက ေျပာသည္။

ညီလာခံသို႔ တက္ေရာက္ရန္ တိုင္းႏွင့္ ျပည္နယ္အသီးသီး႐ွိ ၿမိဳ႕နယ္အဆင့္ ဥကၠ႒မ်ားအပါအဝင္ ပါတီတာဝန္႐ွိသူ ၅၀၀ ေက်ာ္ခန္႔ ေနျပည္ေတာ္သို႔ ေရာက္႐ွိေနသည္။

ေနျပည္ေတာ္႐ွိ ျပည္ေထာင္စုၾကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ႐ုံးခ်ဳပ္တြင္ တတိယအႀကိမ္ ညီလာခံအတြက္ ျပင္ဆင္ေနသည္ကို ၂၀၂၂ ေအာက္တိုဘာလဆန္းပိုင္းက ေတြ႕ရစဥ္။ ဓာတ္ပုံ- ၾကံ့ခိုင္ေရး

“အေျခအေနကို ႀကိဳသိေနသူ၊ ေနရာျပန္မရေတာ့မဲ့ သူေတြက အသက္အ႐ြယ္နဲ႔ က်န္းမာေရးအေၾကာင္းျပ နားသြားၾကပါလိမ့္မယ္။ ဒုဥကၠ႒ (၁) က ဦးျမတ္ဟိန္းျဖစ္လို႔

ဦးသန္းေဌး က်န္းမာေရးအရဆိုလည္း ဦးျမတ္ဟိန္းကသာ ေခတၱဥကၠ႒ လုပ္ရမွာ။ ဦးခင္ရီ ေခတၱဥကၠ႒ျဖစ္ကတည္းက ႐ွင္းၿပီ။

USDP ညီလာခံဆိုတာ ခ်ေပးထားတဲ့သူကို အတည္ျဖစ္ေအာင္ လုပ္ေပးရတဲ့အဆင့္ပါ” ဟု အထက္ပါ ဗိုလ္ခ်ဳပ္ေဟာင္းက ေျပာသည္။

USDP ဗဟိုအလုပ္အမႈေဆာင္ ကာကြယ္ေရးဝန္ႀကီးေဟာင္း အၿငိမ္းစားဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဝလြင္၊ တပ္မေတာ္ (ၾကည္း၊ေရ၊ေလ) ညႇိႏိႈင္းကြပ္ကဲေရးမႉးေဟာင္း ဗိုလ္ခ်ဳပ္ႀကီး(ၿငိမ္း) လွေဌးဝင္းတို႔ ႏုတ္ထြက္ၿပီးျဖစ္ေၾကာင္း၊

USDP အေထြေထြအတြင္းေရးမႉး ဒုတိယဗိုလ္ခ်ဳပ္ႀကီးသက္ႏိုင္ဝင္းလည္း ႏုတ္ထြက္ရန္ ျပင္ဆင္ေနေၾကာင္း စုံစမ္းသိ႐ွိရသည္။ သီးျခားအတည္မျပဳႏိုင္ေသးေပ။

လက္႐ွိ ေနျပည္ေတာ္တြင္း လုံျခဳံေရးလည္း တင္းက်ပ္ထားၿပီး ၾကံ့ခိုင္ေရးပါတီ႐ုံးခ်ဳပ္အနီး႐ွိ ထာဝရၿငိမ္းခ်မ္းေရးေစတီဝင္းအတြင္း လြန္ခဲ့သည့္ ၁၀ ရက္ခန္႔ကတည္းက

ရဲလုံျခဳံေရးမ်ား ေနရာယူထားေၾကာင္း ေဒသခံမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

အၿမဲပိတ္ထားသည့္ ပါတီ႐ုံးခ်ဳပ္ ျခံတံခါးကိုဖြင့္ကာ သံဆူးႀကိဳးႏွင့္ ကာရံကာ ယူနီေဖာင္းဝတ္ ပါတီလုံျခဳံေရးမ်ားက ေနရာယူထားသည္ကိုလည္း ညီလာခံမက်င္းပမီ တစ္ရက္အလို ေအာက္တိုဘာ ၃ နံနက္ပိုင္းက ျမင္ေတြ႕ရသည္။

အာဏာသိမ္းစစ္ေကာင္စီက က်င္းပေပးမည္ဆိုေသာ ေ႐ြးေကာက္ပြဲကို ၾကံ့ခိုင္ေရးပါတီေခါင္းေဆာင္မ်ား အလြန္အမင္း တက္ႂကြေနၿပီး

သမၼတ႐ူး႐ူးေနေသာ မင္းေအာင္လိႈင္က ၾကံ့ခိုင္ေရးေခါင္းေဆာင္တစ္ဦးဦးကို သမၼတတာဝန္ လုံးဝေပးလိမ့္မည္မဟုတ္ေၾကာင္း ဝါရင့္ႏိုင္ငံေရးသမားတစ္ဦးျဖစ္သူ ဦးႀကီးျမင့္က မွတ္ခ်က္ျပဳသည္။

“မင္းေအာင္လိႈင္က တျဖည္းျဖည္း စိတ္ပူလာပုံရတယ္။ ငါသမၼတျဖစ္ဖို႔ အက်ပ္မ်ားျပန္ကိုင္မလားဆိုၿပီးေတာ့ လက္႐ွိပါတီကလူေတြကို သူစိတ္မခ်ဘူးေပါ့။

ဒါေၾကာင့္ ပိုင္ပိုင္ႏိုင္ႏိုင္ ပိုျဖစ္ခ်င္ေတာ့ သူ႕ကို အက်ပ္မကိုင္မယ့္သူမ်ိဳးေတြကို ထိုးထည့္တာေပါ့။

ေျပာမယ္ဆို စစ္တပ္ရဲ႕ အသုံးခ်ခံ ပါတီပါပဲ” ဟု အသက္ ၇၇ ႏွစ္အ႐ြယ္႐ွိ တရားလႊတ္ေတာ္ေ႐ွ႕ေနလည္းျဖစ္သူ ဦးႀကီးျမင့္က ေျပာသည္။

သို႔ေသာ္ ၂၀၂၃ ဩဂုတ္တြင္ ေ႐ြးေကာက္ပြဲ က်င္းပေပးမည္ဟု ကနဦးက ေလသံပစ္ခဲ့ေသာ္လည္း ထိုေ႐ြးေကာက္ပြဲ က်င္းပႏိုင္ရန္ မေသခ်ာ၊မေရရာေသးေၾကာင္း ၿပီးခဲ့သည့္လ ႐ု႐ွားခရီးစဥ္အတြင္း မင္းေအာင္လိႈင္က ေျပာဆိုထားသည္။

ၾကံ့ခိုင္ေရးပါတီသည္ NLD ဝင္မၿပိဳင္သည့္ ၂၀၁၀ ေ႐ြးေကာက္ပြဲတြင္သာ အႏိုင္ရဖူးသည့္ ပါတီျဖစ္သည္။

Source – ျမန္မာေနာင္း