News

ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၁၀၄ ဦး…

ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း စစ်ကောင်စီ တပ်ဘက်မှ ၁၀၄ ဦး…

ရန်ကုန်၊ အောက်တိုဘာ ၃

ကရင်နီပြည်နယ်တွင် စက်တင်ဘာလအတွင်း စစ်တပ်ဘက်မှ ၁၀၄ ဦးသေဆု့းပြီး စစ်သား ၆၀ ကျော်ဒဏ်ရာရရှိကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်KNDF က တရားဝင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ တစ်လလုံး တိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ ၁၀၄ ဦး ကျော် သေဆုံးခဲ့ပြီး (၆၀) ဦးကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း၊

စစ်တပ်ထံမှ MA-1 ၃ လက် ၊ MA-2 ၃ လက် ၊ MA-3 ၈ လက် ၊ MG စက်သေနတ် ၁ လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနှင့် ခဲယမ်းများ ၊ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး

စစ်ကား (၁)စီး ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဘက်မှ ရဲဘော် (၅) ဦး ကျဆုံးခဲ့ရကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁ လတာအတွင်း ကရင်နီပြည်နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ၊ ကရင်နီတပ်မတော် (KA)၊ အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်း၍

အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် တိုက်ပွဲပေါင်း (၅၇) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း ၊

အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များသည် စက်တင်ဘာလ အစပိုင်းမှစ၍ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို လမ်းမကြီး တစ်ကြောအား စစ်ကြောင်းထိုး တပ်ဖြန့်ခဲ့သလို

ဒီးမော့ဆို ၊ နန်းမယ်ခုံ ၊ မိုးဗြဲလမ်းမကြီးကိုလည်း စစ်ရေးအရ ထိမ်းချုပ်နိုင်ရန် စစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့ကာ

လက်ရှိအချိန်ထိ ဖော်ပြပါနေရာများတွင် တပ်ဖြန့်ခြင်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဒီးမော့ဆို – ဖရူဆို လမ်းမကြီးတစ်လျှောက် နှင့် မိုးဗြဲမြို့တို့တွင် စစ်ရေးအရ ထိန်းချုပ်ရန် ကြိုးစားခဲ့သော စစ်ကောင်စီတပ်ဖွဲ့များအား မိမိတို့ နယ်မြေအလိုက် KNDF တပ်ရင်းများနှင့် KA ၊

အခြားမဟာမိတ်တပ်များ စက်တင်ဘာလ ဒုတိယပတ်အထိ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်မှ အများအပြား သေဆုံး၍

၎င်းတို့၏လက်နက်ခဲယမ်းများစွာကိုလည်း မိမိတို့ဖက်မှ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ကရင်နီပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား ဖရူဆို ၊ ဒီးမော့ဆို ၊ လွိုင်ကော် ၊ မိုးဗြဲ ဒေသတို့တွင် တိုက်ပွဲများပြင်းထန်ခဲ့ပြီး စက်တင်ဘာလကုန်အထိ ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေကြောင်း၊

ထို့ကြောင့် စက်တင်ဘာလ တစ်လတာအတွင်း ကရင်နီပြည်နယ်၌ ဒီးမော့ဆိုမြို့နယ်တွင် (၁၈)ကြိမ် ၊

ဖရူဆိုမြို့နယ်တွင် (၁၄)ကြိမ် ၊ လွိုင်ကော်မြို့နယ်တွင် (၁၁)ကြိမ် ၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့တို့တွင် (၉)ကြိမ် ၊ ရှားတောမြို့နယ်တွင် (၃)ကြိမ် ၊

ဘောလခဲမြို့နယ်တွင် (၂)ကြိမ် စုစုပေါင်း ထိတွေ့တိုက်ပွဲပေါင်း (၅၇)ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒေသခံများ၏ နေအိမ် (၁၀၀) ကျော်၊ ဘုရားကျောင်း (၂) ကျောင်း ပျက်စီးခဲ့ကြောင်း၊

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ် (၇)လုံးကျော် ထိခိုက်ပျက်စီးခဲ့ရကြောင်း

အကြမ်းဖက် စစ်ကောင်စီသည် ကရင်နီပြည်အတွင်းလက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှု (၁၆) ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကြောင့် အရပ်သားပြည်သူ (၁၀) ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရခဲ့ကာ စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ (၁) ဦး သေဆုံးခဲ့ရကာ (၄) ဦး ဒဏ်ရာရရှိခဲ့သလို

အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသူ အရပ်သားပြည်သူ (၂) ဦး ရှိခဲ့ကြောင်း သိရှိရသည်။

Source – ခေတ်သစ်

Zawgyi Version ျဖင့္ဖတ္ရန္

ကရင္နီျပည္နယ္တြင္ စက္တင္ဘာလအတြင္း စစ္ေကာင္စီ တပ္ဘက္မွ ၁၀၄ ဦး…

ရန္ကုန္၊ ေအာက္တိုဘာ ၃

ကရင္နီျပည္နယ္တြင္ စက္တင္ဘာလအတြင္း စစ္တပ္ဘက္မွ ၁၀၄ ဦးေသဆု႔းၿပီး စစ္သား ၆၀ ေက်ာ္ဒဏ္ရာရ႐ွိေၾကာင္း ကရင္နီအမ်ိဳးသားကာကြယ္ေရးတပ္KNDF က တရားဝင္ သတင္းထုတ္ျပန္သည္။

စက္တင္ဘာ တစ္လလုံး တိုက္ပြဲမ်ားတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္ဖြဲ႕ မွ ၁၀၄ ဦး ေက်ာ္ ေသဆုံးခဲ့ၿပီး (၆၀) ဦးေက်ာ္ ဒဏ္ရာ ရ႐ွိခဲ့ေၾကာင္း၊

စစ္တပ္ထံမွ MA-1 ၃ လက္ ၊ MA-2 ၃ လက္ ၊ MA-3 ၈ လက္ ၊ MG စက္ေသနတ္ ၁ လက္ (၆၀) မမ အသီး၊ RPG အသီး ၊စြပ္ဗုံးႏွင့္ ခဲယမ္းမ်ား ၊ အသုံးအေဆာင္မ်ားကိုပါ သိမ္းဆည္းႏိုင္ခဲ့ၿပီး

စစ္ကား (၁)စီး ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း၊ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ (KNDF) ဘက္မွ ရဲေဘာ္ (၅) ဦး က်ဆုံးခဲ့ရေၾကာင္း သိ႐ွိရသည္။

စက္တင္ဘာလ ၁ လတာအတြင္း ကရင္နီျပည္နယ္တြင္ ကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ (KNDF) ၊ ကရင္နီတပ္မေတာ္ (KA)၊ အျခားမဟာမိတ္ျပည္သူ႕ကာကြယ္ေရးတပ္မ်ား ပူးေပါင္း၍

အၾကမ္းဖက္စစ္ေကာင္စီ၏ တပ္ဖြဲ႕မ်ားႏွင့္ တိုက္ပြဲေပါင္း (၅၇) ႀကိမ္ ထက္မနည္း ျဖစ္ပြားခဲ့ေၾကာင္း ၊

အၾကမ္းဖက္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားသည္ စက္တင္ဘာလ အစပိုင္းမွစ၍ လြိဳင္ေကာ္ ၊ ဒီးေမာ့ဆို ၊ ဖ႐ူဆို လမ္းမႀကီး တစ္ေၾကာအား စစ္ေၾကာင္းထိုး တပ္ျဖန္႔ခဲ့သလို

ဒီးေမာ့ဆို ၊ နန္းမယ္ခုံ ၊ မိုးၿဗဲလမ္းမႀကီးကိုလည္း စစ္ေရးအရ ထိမ္းခ်ဳပ္ႏိုင္ရန္ စစ္ေၾကာင္းထိုးျခင္းမ်ားျပဳလုပ္ခဲ့ကာ

လက္႐ွိအခ်ိန္ထိ ေဖာ္ျပပါေနရာမ်ားတြင္ တပ္ျဖန္႔ျခင္းမ်ား ဆက္လက္လုပ္ေဆာင္ေနဆဲ ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ဒီးေမာ့ဆို – ဖ႐ူဆို လမ္းမႀကီးတစ္ေလွ်ာက္ ႏွင့္ မိုးၿဗဲၿမိဳ႕တို႔တြင္ စစ္ေရးအရ ထိန္းခ်ဳပ္ရန္ ႀကိဳးစားခဲ့ေသာ စစ္ေကာင္စီတပ္ဖြဲ႕မ်ားအား မိမိတို႔ နယ္ေျမအလိုက္ KNDF တပ္ရင္းမ်ားႏွင့္ KA ၊

အျခားမဟာမိတ္တပ္မ်ား စက္တင္ဘာလ ဒုတိယပတ္အထိ ပူးေပါင္းတိုက္ခိုက္ခဲ့ၿပီး တိုက္ပြဲမ်ားျပင္းထန္ခဲ့ကာ စစ္ေကာင္စီဘက္မွ အမ်ားအျပား ေသဆုံး၍

၎တို႔၏လက္နက္ခဲယမ္းမ်ားစြာကိုလည္း မိမိတို႔ဖက္မွ သိမ္းဆည္းရမိခဲ့ေၾကာင္း သိ႐ွိရသည္။

ကရင္နီပူးေပါင္းတပ္မ်ားႏွင့္ စစ္ေကာင္စီတပ္ဖြဲ႕မ်ားအၾကား ဖ႐ူဆို ၊ ဒီးေမာ့ဆို ၊ လြိဳင္ေကာ္ ၊ မိုးၿဗဲ ေဒသတို႔တြင္ တိုက္ပြဲမ်ားျပင္းထန္ခဲ့ၿပီး စက္တင္ဘာလကုန္အထိ ထိေတြ႕တိုက္ပြဲမ်ား ဆက္လက္ ျဖစ္ပြားေနေၾကာင္း၊

ထို႔ေၾကာင့္ စက္တင္ဘာလ တစ္လတာအတြင္း ကရင္နီျပည္နယ္၌ ဒီးေမာ့ဆိုၿမိဳ႕နယ္တြင္ (၁၈)ႀကိမ္ ၊

ဖ႐ူဆိုၿမိဳ႕နယ္တြင္ (၁၄)ႀကိမ္ ၊ လြိဳင္ေကာ္ၿမိဳ႕နယ္တြင္ (၁၁)ႀကိမ္ ၊ ဖယ္ခုံၿမိဳ႕နယ္ႏွင့္ မိုးၿဗဲၿမိဳ႕တို႔တြင္ (၉)ႀကိမ္ ၊ ႐ွားေတာၿမိဳ႕နယ္တြင္ (၃)ႀကိမ္ ၊

ေဘာလခဲၿမိဳ႕နယ္တြင္ (၂)ႀကိမ္ စုစုေပါင္း ထိေတြ႕တိုက္ပြဲေပါင္း (၅၇)ႀကိမ္ ထက္မနည္း ျဖစ္ပြားခဲ့ျခင္းျဖစ္သည္ဟု သိ႐ွိရသည္။

စစ္ေကာင္စီတပ္၏ လက္နက္ႀကီးမ်ား အလြန္အကြၽံ အသုံးျပဳတိုက္ခိုက္ခဲ့ျခင္း ေၾကာင့္ ေဒသခံမ်ား၏ ေနအိမ္ (၁၀၀) ေက်ာ္၊ ဘုရားေက်ာင္း (၂) ေက်ာင္း ပ်က္စီးခဲ့ေၾကာင္း၊

တိုက္ပြဲျဖစ္ပြားျခင္းမ႐ွိဘဲ တစ္ဖက္သတ္ လက္နက္ႀကီး ပစ္ခတ္မႈမ်ားေၾကာင့္ ေနအိမ္ (၇)လုံးေက်ာ္ ထိခိုက္ပ်က္စီးခဲ့ရေၾကာင္း

အၾကမ္းဖက္ စစ္ေကာင္စီသည္ ကရင္နီျပည္အတြင္းလက္နက္ႀကီးအျပင္ ေလေၾကာင္းတိုက္ခိုက္မႈ (၁၆) ႀကိမ္ ျပဳလုပ္ခဲ့ေၾကာင္း သိ႐ွိရသည္။

စစ္တပ္က ပစ္ခတ္ေသာ လက္နက္ႀကီးေၾကာင့္ အရပ္သားျပည္သူ (၁၀) ဦး ေသဆုံးခဲ့ၿပီး (၁၉) ဦး ဒဏ္ရာရခဲ့ကာ စစ္ေကာင္စီတပ္ ေထာင္ထားေသာ မိုင္းနင္းမိ၍ ျပည္သူ (၁) ဦး ေသဆုံးခဲ့ရကာ (၄) ဦး ဒဏ္ရာရ႐ွိခဲ့သလို

အၾကမ္းဖက္စစ္ေကာင္စီတပ္မွ ဖမ္းဆီးသတ္ျဖတ္ျခင္းခံရသူ အရပ္သားျပည္သူ (၂) ဦး ႐ွိခဲ့ေၾကာင္း သိ႐ွိရသည္။

Source – ေခတ္သစ္