တရိပ်ရိပ်ကျဆင်းခဲ့ပြီးမှ ခုန်တက်လာပြန်တဲ့ ယနေ့ရွှေနှင့် ဒေါ်လာဈေး…
တရိပ်ရိပ်ကျဆင်းခဲ့တဲ့ ဒေါ်လာစျေးနဲ့ ရွှေစျေး ယနေ့ ပြန်တက်ပါပြီ၊ ကုန်စျေးနှုန်းတွေ မကျနိုင်တော့ပါ
ပြင်ပငွေကြေးဈေးကွက်မှာ ဒီနေ့ည ၈ နာရီအချိန် ဈေးအရ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၂၉၀၀ ဝန်းကျင်ပြန်ရောက်လာတယ်လို့ နိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့က ပြင်ပဒေါ်လာ အနိမ့်ဆုံးဈေး ၂၅၅၀ ကျပ်ဝန်းကျင်အထိ ကျခဲ့ပေမယ့် ဈေးကွက်ပိတ်ခါနီးမှာတော့ စျေးပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။
ဗဟိုဘဏ်ရဲ့ ဒေါ်လာသတ်မှတ်ရည်ညွှန်းဈေးကတော့ ခုချိန်ထိ မပြောင်းလဲသော ၂၁၀၀ ကျပ်စျေးဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့
ဒေါ်လာဈေးအတက်အကျ မြန်ဆန်စွာဖြစ်ပေါ်နေလို့ ဈေးနှုန်းမခန့်မှန်းနိုင်တော့တဲ့အတွက် ဒေါ်လာဝယ်ရောင်း ရပ်နားထားတဲ့သူတွေရှိနေပါတယ်။
ဒီနေ့ပြင်ပဒေါ်လာဈေးကွက်စဖွင့်ချိန်မှာတော့ တစ်ဒေါ်လာကို ၂၈၈၀ မှ ၂၉၃၀ ကျပ်ကြား အရောင်းအဝယ်လုပ်ကြပြီး ဈေးတည်ငြိမ်မှုမရှိဘူးလို့ သိရပါတယ်။
ပြင်ပဒေါ်လာလဲလှယ်နှုန်းပြန်တက်လာတဲ့အတွက် ဒေါ်လာနဲ့ချိတ်ဆက်မှုရှိတဲ့ ပြည်တွင်းရွှေဈေးကလည်း ကျပ် ၂၅ သိန်းအထက်ကို ပြန်ရောက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက စံချိန်တင်အမြင့်ဆုံးဈေးနှုန်း တစ်ဒေါ်လာကို ကျပ် ၅၀၀၀ ဝန်းကျင် ပြင်ပငွေကြေးဈေးကွက်မှာဖြစ်ပေါ်ခဲ့ပြီး
စက်တင်ဘာလအတွင်းမှာတော့ ကျပ် ၃၅၀၀ ဝန်းကျင်ကနေ တရိပ်ရိပ်ပြန်ကျခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အောက်တိုဘာလ အစမှာတော့ အနိမ့်ဆုံးဒေါ်လာဈေး ၂၅၀၀ ကျပ်ဝန်းကျင်ထိဖြစ်ပေါ်ခဲ့ပေမယ့် ဈေးကွက်မတည်ငြိမ်တာကြောင့် အောက်တိုဘာ ၃ ရက်မှာတော့ ကျပ် ၂၉၀၀ ဝန်းကျင်ပြန်တက်လာခဲ့တယ်လို့ သိရပါတယ်။
အလားတူ ယနေ့ အောက်တိုဘာ ၃ ရက် ပြင်ပရွှေဈေးကွက်စဖွင့်ချိန် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၅ သိန်းအထက်နဲ့ ဈေးစဖွင့်လာခဲ့တယ်လို့ နံနက် ၁၁ နာရီ ရန်ကုန်မြို့ရွှေဆိုင်တွေရဲ့ပေါက်ဈေးအရ သိရပါတယ်။
ဒီနေ့ နံနက် ၁၁ နာရီ ရွှေဈေးအရ ၁၆ ပဲရည်တစ်ကျပ်သားကို ၂၅၅၀၀၀၀ ကျပ်နဲ့ ဆိုင်ကရောင်းပြီး ကျပ် ၂၅ သိန်းအောက်နဲ့ ဆိုင်ကပြန်ဝယ်ပါတယ်လို့ ရန်ကုန်မြို့ အောင်သမာဓိရွှေဆိုင်ရဲ့ ဈေးနှုန်းအရ သိရပါတယ်။
စက်တင်ဘာနောက်ဆုံးအပတ်ကစတင်ပြီး ဆက်တိုက်ကျဆင်းလာတဲ့ရွှေဈေးဟာ အောက်တိုဘာ ၁ ရက်နေ့မှာတော့ ၂၃ သိန်းအောက်ထိ ကျဆင်းခဲ့တာဖြစ်ပြီး
ဒီနေ့ဈေးကွက်အဖွင့်မှာတော့ ကျပ် ၂၅ သိန်းကျော်အထိ ဈေးထပ်မံမြင့်တက်လာပြန်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လနဲ့ စက်တင်ဘာလဆန်းပိုင်းက ရွှေတစ်ကျပ်သားကို ၃၅ သိန်းကျော်ထိ ဈေးမြင့်တက်ခဲ့ပြီး အဲ့ဒီအချိန်က ရွှေဝယ်စုခဲ့သူအများစုက အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်နေသလို
ပြည်တွင်းရွှေဈေးကွက်အတွင်း အခုရက်ပိုင်း ရွှေဈေးနှုန်းတရိပ်ရိပ်ကျလာပေမယ့် အရောင်းအဝယ်အေးကာ အခြေအနေစောင့်ကြည့်တဲ့သူများနေပါတယ်။
လက်ရှိရွှေဈေးကွက်ထဲမှာ တက်ဈေးမိထားသူတွေရှိနေပြီး အတက်အကျမြန်ဆန်နေတဲ့ ဈေးကွက်ဖြစ်လို့ အခြေအနေစောင့်ကြည့်သူတွေများနေသလို
ဝင်ငွေအဆင်မပြေတဲ့အခြေအနေတွေကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရွှေစင်တုံးနှင့်ရွှေစင်ခဲ ၃ ပိဿာစီကို
ဈေးပြိုင်တင်ဒါစနစ်နဲ့ ထုတ်ရောင်းပေမယ့် ရွှေဈေးကျလာတဲ့အတွက် လေလံဆွဲမယ့်သူမရှိလို့ အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
Source – Blacker
Zawgyi Version ျဖင့္ဖတ္ရန္
တရိပ္ရိပ္က်ဆင္းခဲ့ၿပီးမွ ခုန္တက္လာျပန္တဲ့ ယေန႔ေ႐ႊႏွင့္ ေဒၚလာေဈး…
တရိပ္ရိပ္က်ဆင္းခဲ့တဲ့ ေဒၚလာေစ်းနဲ႔ ေ႐ႊေစ်း ယေန႔ ျပန္တက္ပါၿပီ၊ ကုန္ေစ်းႏႈန္းေတြ မက်ႏိုင္ေတာ့ပါ
ျပင္ပေငြေၾကးေဈးကြက္မွာ ဒီေန႔ည ၈ နာရီအခ်ိန္ ေဈးအရ အေမရိကန္တစ္ေဒၚလာကို က်ပ္ ၂၉၀၀ ဝန္းက်င္ျပန္ေရာက္လာတယ္လို႔ ႏိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီက သိရပါတယ္။
ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁ ရက္ေန႔က ျပင္ပေဒၚလာ အနိမ့္ဆုံးေဈး ၂၅၅၀ က်ပ္ဝန္းက်င္အထိ က်ခဲ့ေပမယ့္ ေဈးကြက္ပိတ္ခါနီးမွာေတာ့ ေစ်းျပန္တက္လာခဲ့တယ္လို႔ သိရပါတယ္။
ဗဟိုဘဏ္ရဲ႕ ေဒၚလာသတ္မွတ္ရည္ၫႊန္းေဈးကေတာ့ ခုခ်ိန္ထိ မေျပာင္းလဲေသာ ၂၁၀၀ က်ပ္ေစ်းျဖစ္ၿပီး ျပင္ပေဈးကြက္မွာေတာ့
ေဒၚလာေဈးအတက္အက် ျမန္ဆန္စြာျဖစ္ေပၚေနလို႔ ေဈးႏႈန္းမခန္႔မွန္းႏိုင္ေတာ့တဲ့အတြက္ ေဒၚလာဝယ္ေရာင္း ရပ္နားထားတဲ့သူေတြ႐ွိေနပါတယ္။
ဒီေန႔ျပင္ပေဒၚလာေဈးကြက္စဖြင့္ခ်ိန္မွာေတာ့ တစ္ေဒၚလာကို ၂၈၈၀ မွ ၂၉၃၀ က်ပ္ၾကား အေရာင္းအဝယ္လုပ္ၾကၿပီး ေဈးတည္ၿငိမ္မႈမ႐ွိဘူးလို႔ သိရပါတယ္။
ျပင္ပေဒၚလာလဲလွယ္ႏႈန္းျပန္တက္လာတဲ့အတြက္ ေဒၚလာနဲ႔ခ်ိတ္ဆက္မႈ႐ွိတဲ့ ျပည္တြင္းေ႐ႊေဈးကလည္း က်ပ္ ၂၅ သိန္းအထက္ကို ျပန္ေရာက္လာခဲ့ပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္းက စံခ်ိန္တင္အျမင့္ဆုံးေဈးႏႈန္း တစ္ေဒၚလာကို က်ပ္ ၅၀၀၀ ဝန္းက်င္ ျပင္ပေငြေၾကးေဈးကြက္မွာျဖစ္ေပၚခဲ့ၿပီး
စက္တင္ဘာလအတြင္းမွာေတာ့ က်ပ္ ၃၅၀၀ ဝန္းက်င္ကေန တရိပ္ရိပ္ျပန္က်ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ေအာက္တိုဘာလ အစမွာေတာ့ အနိမ့္ဆုံးေဒၚလာေဈး ၂၅၀၀ က်ပ္ဝန္းက်င္ထိျဖစ္ေပၚခဲ့ေပမယ့္ ေဈးကြက္မတည္ၿငိမ္တာေၾကာင့္ ေအာက္တိုဘာ ၃ ရက္မွာေတာ့ က်ပ္ ၂၉၀၀ ဝန္းက်င္ျပန္တက္လာခဲ့တယ္လို႔ သိရပါတယ္။
အလားတူ ယေန႔ ေအာက္တိုဘာ ၃ ရက္ ျပင္ပေ႐ႊေဈးကြက္စဖြင့္ခ်ိန္ အေခါက္ေ႐ႊတစ္က်ပ္သားကို က်ပ္ ၂၅ သိန္းအထက္နဲ႔ ေဈးစဖြင့္လာခဲ့တယ္လို႔ နံနက္ ၁၁ နာရီ ရန္ကုန္ၿမိဳ႕ေ႐ႊဆိုင္ေတြရဲ႕ေပါက္ေဈးအရ သိရပါတယ္။
ဒီေန႔ နံနက္ ၁၁ နာရီ ေ႐ႊေဈးအရ ၁၆ ပဲရည္တစ္က်ပ္သားကို ၂၅၅၀၀၀၀ က်ပ္နဲ႔ ဆိုင္ကေရာင္းၿပီး က်ပ္ ၂၅ သိန္းေအာက္နဲ႔ ဆိုင္ကျပန္ဝယ္ပါတယ္လို႔ ရန္ကုန္ၿမိဳ႕ ေအာင္သမာဓိေ႐ႊဆိုင္ရဲ႕ ေဈးႏႈန္းအရ သိရပါတယ္။
စက္တင္ဘာေနာက္ဆုံးအပတ္ကစတင္ၿပီး ဆက္တိုက္က်ဆင္းလာတဲ့ေ႐ႊေဈးဟာ ေအာက္တိုဘာ ၁ ရက္ေန႔မွာေတာ့ ၂၃ သိန္းေအာက္ထိ က်ဆင္းခဲ့တာျဖစ္ၿပီး
ဒီေန႔ေဈးကြက္အဖြင့္မွာေတာ့ က်ပ္ ၂၅ သိန္းေက်ာ္အထိ ေဈးထပ္မံျမင့္တက္လာျပန္ပါတယ္။
ၿပီးခဲ့တဲ့ ၾသဂုတ္လနဲ႔ စက္တင္ဘာလဆန္းပိုင္းက ေ႐ႊတစ္က်ပ္သားကို ၃၅ သိန္းေက်ာ္ထိ ေဈးျမင့္တက္ခဲ့ၿပီး အဲ့ဒီအခ်ိန္က ေ႐ႊဝယ္စုခဲ့သူအမ်ားစုက အ႐ႈံးနဲ႔ ရင္ဆိုင္ေနရတဲ့ အေျခအေနျဖစ္ေနသလို
ျပည္တြင္းေ႐ႊေဈးကြက္အတြင္း အခုရက္ပိုင္း ေ႐ႊေဈးႏႈန္းတရိပ္ရိပ္က်လာေပမယ့္ အေရာင္းအဝယ္ေအးကာ အေျခအေနေစာင့္ၾကည့္တဲ့သူမ်ားေနပါတယ္။
လက္႐ွိေ႐ႊေဈးကြက္ထဲမွာ တက္ေဈးမိထားသူေတြ႐ွိေနၿပီး အတက္အက်ျမန္ဆန္ေနတဲ့ ေဈးကြက္ျဖစ္လို႔ အေျခအေနေစာင့္ၾကည့္သူေတြမ်ားေနသလို
ဝင္ေငြအဆင္မေျပတဲ့အေျခအေနေတြေၾကာင့္ အေရာင္းအဝယ္ျဖစ္မႈနည္းတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၉ ရက္ေန႔ကလည္း သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ေ႐ႊစင္တုံးႏွင့္ေ႐ႊစင္ခဲ ၃ ပိႆာစီကို
ေဈးၿပိဳင္တင္ဒါစနစ္နဲ႔ ထုတ္ေရာင္းေပမယ့္ ေ႐ႊေဈးက်လာတဲ့အတြက္ ေလလံဆြဲမယ့္သူမ႐ွိလို႔ အေရာင္းအဝယ္ျဖစ္ေပၚခဲ့ျခင္းမ႐ွိဘူးလို႔ သိရပါတယ္။
Source – Blacker