News

မန္တလေးမှာ အငှားကားမောင်းတဲ့သူကို ရက်ရက်စက်စက်…

မန္တလေးမှာ အငှားကားမောင်းတဲ့သူကို ရက်ရက်စက်စက်…

မန္တလေးတွင် အဌားကားမောင်းသူအားသတ်ဖြတ်၍ ကားလုယက်ယူဆောင်သွားသူကို ၂ ရက် အတွင်းဖမ်းဆီးရမိခဲ့ပါတယ်…။

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၌ အဌားကားမောင်းသူအားသတ်ဖြတ်၍ ကားလုယက်ယူဆောင်သွားသည့် ကျော်သီဟ(ခ)တရုတ်ကြီး (၂၅)နှစ်အား

အောက်တိုဘာ ၃ ရက်ညပိုင်းတွင် လုံခြုံရေးအဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်၊ ၆၇ လမ်းနှင့်စက်မှုပန်းခြံလမ်းကြား၌ အောက်တိုဘာ ၂ ရက်ည ၈ နာရီခန့်က

ကိုပြည့်စုံထွန်း(၃၀)နှစ်(အဌားကားမောင်းသူ)သည် ဝဲရင်အုံထိုးသွင်းဒဏ်ရာတစ်ချက်၊ယာခြေသလုံးထိုးသွင်းဒဏ်ရာတစ်ချက်တို့ဖြင့်သေဆုံးနေကာ

ကားမှာလည်းပျောက် ဆုံးနေ၍ ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရန် စက်မှုနယ်မြေရဲစခန်းက (ပ)၂၅၅/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂ ဖြင့်အမှုဖွင့်ကာ စုံစမ်းစစ်ဆေးခဲ့သည်။

၎င်းအား ယင်းနေ့နံနက် ၈ နာရီခန့်က ချမ်းအေးသာစံမြို့နယ်၊ ၂၆ လမ်းနှင့် ၅၄ လမ်းကြားရှိ “ရွှေသိင်္ဂီ”တည်းခိုခန်းတွင်တည်းခိုနေသူတစ်ဦးမှ မြို့တွင်းဘုရားဖူးရန် ကားငှားသဖြင့်

CC-4268 TOYOTA MARK II ကားဖြင့်လိုက်ပါပို့ဆောင်ပေးရာမှ အဆက်အသွယ်ပြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိခဲ့ရသည်။

လုံခြုံရေးအဖွဲ့ဝင်များက“ရွှေသိင်္ဂီ”တည်းခိုခန်းသို့ သွားရောက်စစ်ဆေးရာ ကိုကျော်သီဟ ဆိုသူသည် ၎င်း၏မိသားစုနှင့်အတူ

ယင်းနေ့ည ၆ နာရီက CC-4268 TOYOTA MARK II ကားအားမောင်းနှင်၍ပြန်လည်ရောက်ရှိလာပြီး အခန်းခများရှင်း၍ ထွက်ခွာသွားကြောင်း သိရှိခဲ့ရသည်။

ထို့ကြောင့် အောက်တိုဘာ ၃ ရက်ညနေ ၅ နာရီတွင် လုံခြုံရေးအဖွဲ့ဝင်များက တောင်ကြီးမြို့ ၊ညောင်ဖြူစခန်းရပ်ကွက်၊အနောက်မြို့ပတ်လမ်းရှိ ကားရေဆေးဆိုင်အတွင်း၌ကားအား တွေ့ရှိရပြီး

စီးနင်းလာသူများသည် အနောက်မြို့ပတ် လမ်းပေါ်ရှိ “လစ်ဗင်းကာလာ”တည်းခိုခန်း၏ အခန်းအမှတ်(၂၀၂)၌တည်းခိုနေကြောင်း စုံစမ်း သိရှိခဲ့ရသည်။

အခန်းအတွင်းဝင်ရောက်ရှာဖွေခဲ့ရာ ကျော်သီဟ (ခ)တရုတ်ကြီး၏ ဇနီးဖြစ်သူမဝေဝေနွယ်နှင့် သားဖြစ်သူတို့အားတွေ့ရှိရပြီး

ဆက်လက်ရှာဖွေရာ ကျော်သီဟ(ခ)တရုတ်ကြီးအား ည ၈ နာရီ ၄၅ မိနစ်တွင် ယင်း တည်းခိုခန်းအပေါ်ထပ် ရေတိုင်ကီအတွင်းမှဖမ်းဆီးရမိခဲ့ပြီး

ပြစ်မှုကျူးလွန်ခဲ့သည့် အကြောင်းရင်းနှင့်ပြစ်မှုကျူးလွန်ပုံတို့ကိုလည်း ဖော်ထုတ်သိရှိခဲ့ရသည်။

ပြစ်မှုကျူးလွန်သူနှင့်အတူ လုယက်ယူဆောင်သွားသည့် CC-4268 TOYOTA MARK II ကား၊ ကားနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊

ကိုပြည့်စုံထွန်း၏ မှတ်ပုံတင်၊ကားလိုင်စင်နှင့်အဝတ် အထည်များကိုလည်း ဖမ်းဆီးရမိခဲ့သဖြင့် ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရက်ဒစ် – အော်ရယ်ဂျင်နယ်

Zawgyi Version ျဖင့္ဖတ္ရန္

မႏၲေလးမွာ အငွားကားေမာင္းတဲ့သူကို ရက္ရက္စက္စက္…

မႏၲေလးတြင္ အဌားကားေမာင္းသူအားသတ္ျဖတ္၍ ကားလုယက္ယူေဆာင္သြားသူကို ၂ ရက္ အတြင္းဖမ္းဆီးရမိခဲ့ပါတယ္…။

မႏၲေလးတိုင္း၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၌ အဌားကားေမာင္းသူအားသတ္ျဖတ္၍ ကားလုယက္ယူေဆာင္သြားသည့္ ေက်ာ္သီဟ(ခ)တ႐ုတ္ႀကီး (၂၅)ႏွစ္အား

ေအာက္တိုဘာ ၃ ရက္ညပိုင္းတြင္ လုံျခဳံေရးအဖြဲ႕ဝင္မ်ားက ဖမ္းဆီးရမိခဲ့သည္ဟု နစက ကထုတ္ျပန္ခဲ့သည္။

ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊(ဆ)ရပ္ကြက္၊ ၆၇ လမ္းႏွင့္စက္မႈပန္းျခံလမ္းၾကား၌ ေအာက္တိုဘာ ၂ ရက္ည ၈ နာရီခန္႔က

ကိုျပည့္စုံထြန္း(၃၀)ႏွစ္(အဌားကားေမာင္းသူ)သည္ ဝဲရင္အုံထိုးသြင္းဒဏ္ရာတစ္ခ်က္၊ယာေျခသလုံးထိုးသြင္းဒဏ္ရာတစ္ခ်က္တို႔ျဖင့္ေသဆုံးေနကာ

ကားမွာလည္းေပ်ာက္ ဆုံးေန၍ ျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိရန္ စက္မႈနယ္ေျမရဲစခန္းက (ပ)၂၅၅/၂၀၂၂၊ ရာဇသတ္ႀကီးပုဒ္မ-၃၀၂ ျဖင့္အမႈဖြင့္ကာ စုံစမ္းစစ္ေဆးခဲ့သည္။

၎အား ယင္းေန႔နံနက္ ၈ နာရီခန္႔က ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၂၆ လမ္းႏွင့္ ၅၄ လမ္းၾကား႐ွိ “ေ႐ႊသိဂႌ”တည္းခိုခန္းတြင္တည္းခိုေနသူတစ္ဦးမွ ၿမိဳ႕တြင္းဘုရားဖူးရန္ ကားငွားသျဖင့္

CC-4268 TOYOTA MARK II ကားျဖင့္လိုက္ပါပို႔ေဆာင္ေပးရာမွ အဆက္အသြယ္ျပတ္ေတာက္ခဲ့ျခင္းျဖစ္ေၾကာင္း စစ္ေဆးသိ႐ွိခဲ့ရသည္။

လုံျခဳံေရးအဖြဲ႕ဝင္မ်ားက“ေ႐ႊသိဂႌ”တည္းခိုခန္းသို႔ သြားေရာက္စစ္ေဆးရာ ကိုေက်ာ္သီဟ ဆိုသူသည္ ၎၏မိသားစုႏွင့္အတူ

ယင္းေန႔ည ၆ နာရီက CC-4268 TOYOTA MARK II ကားအားေမာင္းႏွင္၍ျပန္လည္ေရာက္႐ွိလာၿပီး အခန္းခမ်ား႐ွင္း၍ ထြက္ခြာသြားေၾကာင္း သိ႐ွိခဲ့ရသည္။

ထို႔ေၾကာင့္ ေအာက္တိုဘာ ၃ ရက္ညေန ၅ နာရီတြင္ လုံျခဳံေရးအဖြဲ႕ဝင္မ်ားက ေတာင္ႀကီးၿမိဳ႕ ၊ေညာင္ျဖဴစခန္းရပ္ကြက္၊အေနာက္ၿမိဳ႕ပတ္လမ္း႐ွိ ကားေရေဆးဆိုင္အတြင္း၌ကားအား ေတြ႕႐ွိရၿပီး

စီးနင္းလာသူမ်ားသည္ အေနာက္ၿမိဳ႕ပတ္ လမ္းေပၚ႐ွိ “လစ္ဗင္းကာလာ”တည္းခိုခန္း၏ အခန္းအမွတ္(၂၀၂)၌တည္းခိုေနေၾကာင္း စုံစမ္း သိ႐ွိခဲ့ရသည္။

အခန္းအတြင္းဝင္ေရာက္႐ွာေဖြခဲ့ရာ ေက်ာ္သီဟ (ခ)တ႐ုတ္ႀကီး၏ ဇနီးျဖစ္သူမေဝေဝႏြယ္ႏွင့္ သားျဖစ္သူတို႔အားေတြ႕႐ွိရၿပီး

ဆက္လက္႐ွာေဖြရာ ေက်ာ္သီဟ(ခ)တ႐ုတ္ႀကီးအား ည ၈ နာရီ ၄၅ မိနစ္တြင္ ယင္း တည္းခိုခန္းအေပၚထပ္ ေရတိုင္ကီအတြင္းမွဖမ္းဆီးရမိခဲ့ၿပီး

ျပစ္မႈက်ဴးလြန္ခဲ့သည့္ အေၾကာင္းရင္းႏွင့္ျပစ္မႈက်ဴးလြန္ပုံတို႔ကိုလည္း ေဖာ္ထုတ္သိ႐ွိခဲ့ရသည္။

ျပစ္မႈက်ဴးလြန္သူႏွင့္အတူ လုယက္ယူေဆာင္သြားသည့္ CC-4268 TOYOTA MARK II ကား၊ ကားႏွင့္ပတ္သက္သည့္ စာ႐ြက္စာတမ္းမ်ား၊

ကိုျပည့္စုံထြန္း၏ မွတ္ပုံတင္၊ကားလိုင္စင္ႏွင့္အဝတ္ အထည္မ်ားကိုလည္း ဖမ္းဆီးရမိခဲ့သျဖင့္ ဥပေဒအရထိေရာက္စြာအေရးယူရန္ ေဆာင္႐ြက္လ်က္႐ွိေၾကာင္း သိရသည္။

ခရက္ဒစ္ – ေအာ္ရယ္ဂ်င္နယ္