News

ညောင်ပင်ကြီးရဲစခန်းမှ ရဲ(၄)ဦး…

ညောင်ပင်ကြီးရဲစခန်းမှ ရဲ(၄)ဦး…

ညောင်ပင်ကြီးရဲစခန်းမှ ရဲ(၄) ဦး သုတ်သင်ရှင်းလင်းခံရသည့် ဗီဒီယိုဖိုင် ပေါ်ထွက်လာ

ရုပ်သံကိုတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။

အောက်တိုဘာ၊၂၀၂၂-ချင်းတွင်းရိုးမ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၌ ယမန်နေ့က ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်ကို အမိမြေ တော်လှန်ရေးတပ်ဖွဲ့က ယနေ့ ဖော်ပြထားသည်။

အဆိုပါတိုက်ခိုက်မှုကို အမိမြေတော်လှန်ရေးတပ်ဖွဲ့နှင့်အတူ Young People Force နှင့် Salingyi GZ Local PDF တို့ ပူးပေါင်းပြီး

ညောင်ပင်ကြီးရဲစခန်းမှ ထွက်လာသော ရဲ(၄) ဦးအား သုတ်သင်ရှင်းလင်းနိုင်ခဲ့ရာ

G-3 သေနတ် (၄) လက်၊ ကျည်ဘောက်များ ၊ ကျည်များနှင့် လက်ပစ်မိုင်း (၁) လုံးတို့ကို သိမ်းဆည်းရမိခဲ့‌ကြောင်းလည်း ဖော်ပြထားသည်။

“တိုက်ပွဲသတင်းများကို ရဲဘော်များ၏ လုံခြုံရေးအရ နောက်ကျမှ ဖော်ပြပေးနိုင်ခြင်းအပေါ် နားလည်ပေးကြပါရန် တောင်းဆိုအပ်ပါတယ်ခင်ဗျာ”ဟုဖော်ပြထားသည်။

ယမန်နေ့ နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီး နံနက်ခင်းဈေးသို့ ညောင်ပင်ကြီးရဲစခန်းမှ ရဲ ၄ ဦးဖြစ်ကြသည့် ရဲ ဒုတပ်ကြပ် ညီညီထွေး ၊

ရဲဒုတပ်ကြပ် စည်သူစိုး ၊ ရဲတပ်သား အောင်ဆန်းဝင်း နှင့် ရဲတပ် သား ဇင်ကိုဖြိုးတို့ သေနတ်များ လွယ်၍ ဈေးဝယ်ထွက်လာကြစဉ် ရဲ ၄ ဦးကို ကားတစ်စီးဖြင့် လာရောက်ပ-စ်ခတ်ပြီး

ရဲ ၄ ဦးလုံး သေဆုံးကာ လက်နက် ၄ လက်နက်ကို သိမ်းဆည်းသွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ၊၂၀၂၂-ချင်းတွင်းရိုးမ

အောက်ဆုံးတွင် ရုပ်သံကြည့်ရန်

ခရက်ဒစ်

Zawgyi Version ဖြင့်ဖတ်ရန်














ရုပ်သံကြည့်ရန်

ခရက်ဒစ်