News

ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းချောင်းရဲစခန်း…

ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းချောင်းရဲစခန်း…

ကျိုက်ထီးရိုးတောင်ခြေက ကင်မွန်းချောင်းရဲစခန်း တို-က်ခိုက်ခံရ

ကျိုက်ထို၊ အောက်တိုဘာ ၅၊ ၂၀၂၂။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်းနယ်မြေရဲစခန်း တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၅ ရက်ဒီမနက် ၉ နာရီလောက်မှာ ကင်မွန်းချောင်းနယ်မြေရဲစခန်းကို လက်နက်ကိုင်အဖွဲ့တခုက အဝေးကနေ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

“မနက်က ဈေးရောင်းနေတုန်း ပေါက်ကွဲသံတွေဆက်တိုက်ကြားရတယ်။

ကိုယ်တွေလဲ ပစ်ခတ်သံကြားတော့ ကမန်းကတန်း ဆိုင်ပိတ်ပြေးရတယ်။

သိရတာက ရဲစခန်းကို လက်နက်ကိုင်အဖွဲ့က ဒရုန်းနဲ့ကော လက်နက်ကြီးတွေနဲ့ကော ပစ်တာလို့သိရတယ်။

ဒရုန်းနဲ့ချတဲ့ ဗုံးကတော့ ရဲစခန်းထဲကျတယ်လို့တော့ သိရတယ်။ ထိခိုက်ပျက်စီးမှုတော့ မသိရဘူး” လို့ပြောပါတယ်။

ရဲစခန်း တိုက်ခိုက်ခံရလို့ ရဲတွေဘက်ကလည်း ပြန်လည်ပစ်ခတ်တာတွေ လုပ်ခဲ့ပြီး၊ နှစ်ဖက်ပစ်ခတ်မှု နာရီဝက်ကျော်ဖြစ်ပွားခဲ့ကာ၊

ပ-စ်ခတ်မှုတွေကြောင့် ရဲစခန်းဘေးနေအိမ်က ဒေသခံတွေနဲ့ တောင်ခြေက ဘုရားဖူး၊ ဈေးသည်တွေလည်း ထွက်ပြေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာနဲ့ နှစ်ဖက်ထိခိုက်မှုအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။

Source – မြေလတ်အသံ

Zawgyi Version ျဖင့္ဖတ္ရန္

က်ိဳက္ထီး႐ိုးေတာင္ေျခက ကင္မြန္းေခ်ာင္းရဲစခန္း…

က်ိဳက္ထီး႐ိုးေတာင္ေျခက ကင္မြန္းေခ်ာင္းရဲစခန္း တို-က္ခိုက္ခံရ

က်ိဳက္ထို၊ ေအာက္တိုဘာ ၅၊ ၂၀၂၂။

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္၊ ကင္မြန္းေခ်ာင္းေက်း႐ြာ က်ိဳက္ထီး႐ိုးေတာင္ေျခ႐ွိ ကင္မြန္းေခ်ာင္းနယ္ေျမရဲစခန္း တိုက္ခိုက္ခံရတယ္လို႔ သိရပါတယ္။

ေအာက္တိုဘာလ ၅ ရက္ဒီမနက္ ၉ နာရီေလာက္မွာ ကင္မြန္းေခ်ာင္းနယ္ေျမရဲစခန္းကို လက္နက္ကိုင္အဖြဲ႕တခုက အေဝးကေန လက္နက္ႀကီး၊ ဒ႐ုန္းေတြနဲ႔တိုက္ခိုက္ခဲ့တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

“မနက္က ေဈးေရာင္းေနတုန္း ေပါက္ကြဲသံေတြဆက္တိုက္ၾကားရတယ္။

ကိုယ္ေတြလဲ ပစ္ခတ္သံၾကားေတာ့ ကမန္းကတန္း ဆိုင္ပိတ္ေျပးရတယ္။

သိရတာက ရဲစခန္းကို လက္နက္ကိုင္အဖြဲ႕က ဒ႐ုန္းနဲ႔ေကာ လက္နက္ႀကီးေတြနဲ႔ေကာ ပစ္တာလို႔သိရတယ္။

ဒ႐ုန္းနဲ႔ခ်တဲ့ ဗုံးကေတာ့ ရဲစခန္းထဲက်တယ္လို႔ေတာ့ သိရတယ္။ ထိခိုက္ပ်က္စီးမႈေတာ့ မသိရဘူး” လို႔ေျပာပါတယ္။

ရဲစခန္း တိုက္ခိုက္ခံရလို႔ ရဲေတြဘက္ကလည္း ျပန္လည္ပစ္ခတ္တာေတြ လုပ္ခဲ့ၿပီး၊ ႏွစ္ဖက္ပစ္ခတ္မႈ နာရီဝက္ေက်ာ္ျဖစ္ပြားခဲ့ကာ၊

ပ-စ္ခတ္မႈေတြေၾကာင့္ ရဲစခန္းေဘးေနအိမ္က ေဒသခံေတြနဲ႔ ေတာင္ေျခက ဘုရားဖူး၊ ေဈးသည္ေတြလည္း ထြက္ေျပးခဲ့ၾကရတယ္လို႔ ဆိုပါတယ္။

အဆိုပါတိုက္ခိုက္မႈကို ဘယ္အဖြဲ႕အစည္းကလုပ္တယ္ဆိုတာနဲ႔ ႏွစ္ဖက္ထိခိုက္မႈအေျခအေနေတြကိုေတာ့ ေျမလတ္အသံက ဆက္လက္စုံစမ္းေနဆဲပါ။

Source – ေျမလတ္အသံ