News

ရဲတပ်ကြပ်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်…

ရဲတပ်ကြပ်တစ်ဦး ကိုယ့်ကိုယ်ကို အဆုံးစီရင်…

ရဲတပ်ကြပ်တဦးကိုယ့်ကိုယ်ကို ေ-သနတ်နဲ့ ပ-စ်ကာ အဆုံးစီရင်

ပေါင်းတည်၊ အောက်တိုဘာ ၅၊၂၀၂၂။

ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပေါင်းတည်မြို့နယ်၊ မှတ်တိုင်နယ်မြေရဲစခန်းက ရဲတပ်ကြပ်တဦး

အောက်တိုဘာလ ၅ ရက် ဒီနေ့နေ့လယ် ၁ နာရီလောက်မှာ ကိုယ့်ကိုကိုယ် tayနတ်နဲ့ပ-စ်ပြီး အဆုံးစီရင်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၃၀ နှစ်အရွယ်လောက်ရှိတဲ့ ရဲတပ်ကြပ်သော်ဇင်ထွန်း(ခ) ကတုံးဆိုသူဖြစ်ပြီး သူရဲ့နေအိမ်လိုင်းခန်းထဲမှာ တဦးတည်းရှိနေစဉ် ကိုယ်တိုင်tayနတ်နဲ့ပ-စ်သတ်ခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။

“နေ့လယ် ၁ နာရီလောက်မှာ စခန်းရဲ့နောက်ဖက်ကနေ သေနတ်သံတွေကြားတော့ ရဲတွေက ပီဒီအက်ဖ်တွေဆိုပြီး စခန်းနောက်ကိုမဲနေတာ အဲဒီအချိန်က ကတုံးရဲ့ ဂျူတီချိန်။

ဂျူတီချိန်မှာ သူမရှိလို့ သူ့အခန်းသွားကြည့်မှ ခြင်ထောင်ထဲမှာ သွေးတွေအိုင်ထွန်းပြီး သေနေတာ ကျည်ဆံတွေကလည်း သူ့ရဲ့ခြင်ထောင်ထဲကတွေ့တယ်”လို့ ပြောပါတယ်။

ငုတ်တုတ်အနေအထားနဲ့ သေနတ်ကိုပေါင်ခြားညှပ်ကာ လည်ပင်းကိုတေ့ပ-စ်ခဲ့ပုံရပြီး၊ လိုင်းခန်းခေါင်းမိုးမှာလည်း tayနတ်ကျည်ပေါက်ရာတွေ တွေ့ရတယ်လို့ သူကဆက်ပြောပါတယ်။

tayဆုံးတဲ့ရဲဟာ အရက်tayစာသောက်စားတတ်ပြီး၊ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကမှ ရခိုင်ကနေ အခုစခန်းကိုပြန်ရောက်လာကာ ပေါင်းတည်မြို့သားတဦးဖြစ်တယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။

ဒါ့အပြင်အဲဒီရဲစခန်းက စခန်းမှူးကျော်မင်းဦး ဆိုသူဟာလည်း ပြီးခဲ့တဲ့ ၂ လလောက်ကစလို့ မကြာခဏဆိုသလို သ-တ်tayချင်ကြောင်း ပြောဆိုလေ့ရှိပြီး၊

သြဂုတ်လ ၈ ရက်ကတော့ အမှုလာရောက်တိုင်ကြားသူကို tayနတ်နဲ့ချိန်ကာ ပ-စ်သတ်ဖို့အားထုတ်ခဲ့တာကြောင့် စုံခုံဖွဲ့စစ်ဆေးခံခဲ့ရပြီး

စက်တင်ဘာလကုန်လောက်ကပဲ နယ်ပြောင်းရွှေ့ခံခဲ့ရတယ်လို့ သိရပါတယ်။

မြေလတ်အသံ

Zawgyi Version ဖြင့်ဖတ်ရန်














မြေလတ်အသံ