ဇာတ်ပွဲကားတိမ်းမှောက်မှုမှာ ကြွေလွင့်ခဲ့ရတဲ့ ဇာတ်မင်းသားလေး…
မနေ့ညက ဇာတ်ပွဲကားတိမ်းမှောက်မှုမှာ ကြွေလွင့်ခဲ့ရတဲ့ ဇာတ်မင်းသားလေး ချစ်ငယ်
ရုပ်သံကိုတော့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။
Wai Sar မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ဇာတ်အဖွဲ့ကား မှောက်လို့ ၅ ယောက် ေ-သဆုံး၊ ဒဏ်ရာရသူများပြား
မြဝတီ-ကော့ကရိတ် အာရှလမ်းမှာ ” ပွင့်နေခြည် ” ဇာတ်ပွဲကား တိမ်းမှောက်ပြီး
၅ယောက် ေ-သဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာလ ၅ရက်နေ့ညနေ ၄ နာရီလောက်မှာ ဇာတ်အဖွဲ့ကားက ဘရိတ်ပေါက်ပြီး အရှိန်မထိန်းနိုင်ပဲ တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
” လောလောဆယ် ေ-သတာ ၅ ယောက်ရှိတယ်၊ အရေးပေါ်လူနာက ၁၀ ယောက် ၁၅ ယောက်လောက် ရှိမယ်၊
ခုမှ လူနာတွေကို ဆေးရုံကို တောက်လျှောက် ပို့နေတုန်းပဲ ” လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ ပရဟိတသမားတဦးက ပြောပါတယ်။
ကားပေါ်မှာ ယောကျ်ားလေး ၂၁ ယောက်နဲ့ မိန်းကလေး ၇ ယောက်ပါလာတာ ဖြစ်ကြောင်း၊ အဲ့ဒီ ထဲမှာ ယောကျ်ားလေး ၁၅ ယောက်၊ မိန်းကလေး ၅ ယောက်၊
အသက် ၂ နှစ်အရွယ် ကလေးငယ်တို့က ထိခိုက်ဒဏ်ရာရပြီး ပြင်းထန်ကာစိုးရိမ်ရပြီး ၅ယောက်က သေဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ ရုပ်အလောင်းတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို လူမှုကူညီရေးအသင်း တွေက မြဝတီဆေးရုံကို ပို့ဆောင်နေကြောင်း၊
ေ-သဆုံးသူတွေက အမျိုးသား တွေချည်းဖြစ်တယ်လို့သိရပါတယ်။
တိမ်းမှောက်ခဲ့တဲ့” ပွင့်နေခြည် ” ဇာတ်အဖွဲ့ကားဟာ မော်လမြိုင်မြို့က ဇာတ်အဖွဲ့ဖြစ်ပြီး မြဝတီကို ဇာတ်ကဖို့သွားချိန် တိမ်းမှောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
မြဝတီ-အာရှလမ်း မှာ အရင်ကလည်း ယာဉ်တိမ်းမှောက်မှုတွေနဲ့ ယာဉ်တိုက်မှု မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပြီး ေ-သဆုံးသူနဲ့ ဒဏ်ရာရသူတွေလည်းရှိခဲ့ပါတယ်။
အောက်ဆုံးတွင် ရုပ်သံကြည့်ရန်
ခရက်ဒစ် အော်ရယ်ဂျင်နယ်
Zawgyi Version ဖြင့်ဖတ်ရန်
ကားပေါ်မှာ ယောက်ျားလေး ၂၁ ယောက်နဲ့ မိန်းကလေး ၇ ယောက်ပါလာတာ ဖြစ်ကြောင်း၊ အဲ့ဒီ ထဲမှာ ယောက်ျားလေး ၁၅ ယောက်၊ မိန်းကလေး ၅ ယောက်၊
ရုပ်သံကြည့်ရန်