ကြားသိရသမျှ

ရွှေကို စားအုန်းဆီလိုတန်းစီပြီး ဝယ်ရတဲ့ ခေတ် မနက်ဖြန်ရောက်တော့မယ်…

ရွှေကို စားအုန်းဆီလိုတန်းစီပြီး ဝယ်ရတဲ့ ခေတ် မနက်ဖြန်ရောက်တော့မယ်…

ပြင်ပရွှေပေါက်ဈေး ၂၆ သိန်းကျော်နေစဉ် ရွှေ ၆ ပိဿာကို ၂၅ သိန်းနဲ့ ရောင်းချဟု ရွှေအသင်းကြေညာ

မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းမှ ၇-၁၀-၂၀၂၂ ရက်နေ့ နေ့လည် နှစ်နာရီမှာ ရွှေချိန် ၇ ပိဿာ မီးလင်းရွှေတုံးများကို ရောင်းချပေးမယ်လို့ သိရပါတယ်။

လူတဦးကို ရွှေတပိုင်း (တဆယ်ကျပ်သား) တိတိကို ရောင်းချပေးမှာ ဖြစ်ပြီး

ရွှေဝယ်သူများ မှတ်ပုံတင်နဲ့တကွ မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရုံး၌ လာရောက် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

နေ့လည် ၂ နာရီမှ ၄ နာရီအတွင်း လွတ်လပ်စွာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

အသင်းသားများမှအပ မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ကမ္ဘာအေး ကျောက်မျက်ခန်းမတွင် ယနေ့ နေ့လည်ပိုင်းက ကျင်းပသည့် ရန်ကုန်ရွှေလေလံပွဲတွင် ရွှေ ၃ ပိသာအား တစ်ပိသာ ၃ ပုံခွဲ၍ လေလံပ-စ်ခဲ့ရာ

တစ်ကျပ်သားလျှင် ကျပ် (၂၅)သိန်းဝန်းကျင် စီဖြင့် ရွှေ ၃ ပိသာစလုံး လေလံအောင်မြင်သွားတယ်လို့ သိရပါတယ်။

မန္တလေး ရွှေလေလံပွဲမှာတော့ ၂၄ သိန်းခွဲနဲ့ ၂ ပိဿာ ရောင်းချရပြီး ကျန်တဲ့ ၁ ပိဿာကို ၂၄ သိန်း ၈ သောင်းနဲ့ လေလံတင် ရောင်းချနိုင်ခဲ့တယ်လို့ သိရပါတယ်။

စကစ အနေနဲ့ ရွှေဈေးကို အတင်းဆွဲချတဲ့အနေနဲ့ ရွှေလေလံများနဲ့ ရွှေတုံးရွှေခဲများကို ဆက်တိုက် ရောင်းချပေးနေပေမယ့်လည်း လက်ရှိမြေပြင် ရွှေဈေးနှုန်းမှာ ၂၆ သိန်း ဝန်းကျင်မှာပဲ ရှိနေတာကို တွေ့ရပါတယ်။

အောက်တိုဘာလ အစကတည်းက အတက်အကျ အပြောင်းအလဲ မြန်ဆန်လွန်းတဲ့ ရွှေဈေးကြောင့်

ရွှေဆိုင် အများအပြား အခေါက်ရွှေ ရောင်းချမှု ရပ်ဆိုင်းထားပြီး အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။

ပြည်တွင်းကုန်ဈေးနှုန်းနဲ့ ရွှေဈေးနှုန်းကို ထိန်းပေးတဲ့ အနေနဲ့ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို သတ်မှတ်ရာနေရာတွေမှာ

တောက်လျှောက် ရောင်းပေးတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

Source – Blacker

Zawgyi Version ျဖင့္ဖတ္ရန္

ေ႐ႊကို စားအုန္းဆီလိုတန္းစီၿပီး ဝယ္ရတဲ့ ေခတ္ မနက္ျဖန္ေရာက္ေတာ့မယ္…

ျပင္ပေ႐ႊေပါက္ေဈး ၂၆ သိန္းေက်ာ္ေနစဥ္ ေ႐ႊ ၆ ပိႆာကို ၂၅ သိန္းနဲ႔ ေရာင္းခ်ဟု ေ႐ႊအသင္းေၾကညာ

မႏၲေလးတိုင္းေဒသႀကီး ေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းမွ ၇-၁၀-၂၀၂၂ ရက္ေန႔ ေန႔လည္ ႏွစ္နာရီမွာ ေ႐ႊခ်ိန္ ၇ ပိႆာ မီးလင္းေ႐ႊတုံးမ်ားကို ေရာင္းခ်ေပးမယ္လို႔ သိရပါတယ္။

လူတဦးကို ေ႐ႊတပိုင္း (တဆယ္က်ပ္သား) တိတိကို ေရာင္းခ်ေပးမွာ ျဖစ္ၿပီး

ေ႐ႊဝယ္သူမ်ား မွတ္ပုံတင္နဲ႔တကြ မႏၲေလးတိုင္းေဒသႀကီး ေ႐ႊလုပ္ငန္း႐ွင္မ်ား အသင္း႐ုံး၌ လာေရာက္ ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။

ေန႔လည္ ၂ နာရီမွ ၄ နာရီအတြင္း လြတ္လပ္စြာ ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။

အသင္းသားမ်ားမွအပ မည္သူမဆို လြတ္လပ္စြာ ဝယ္ယူႏိုင္တယ္လို႔ သိရပါတယ္။

ကမ႓ာေအး ေက်ာက္မ်က္ခန္းမတြင္ ယေန႔ ေန႔လည္ပိုင္းက က်င္းပသည့္ ရန္ကုန္ေ႐ႊေလလံပြဲတြင္ ေ႐ႊ ၃ ပိသာအား တစ္ပိသာ ၃ ပုံခြဲ၍ ေလလံပ-စ္ခဲ့ရာ

တစ္က်ပ္သားလွ်င္ က်ပ္ (၂၅)သိန္းဝန္းက်င္ စီျဖင့္ ေ႐ႊ ၃ ပိသာစလုံး ေလလံေအာင္ျမင္သြားတယ္လို႔ သိရပါတယ္။

မႏၲေလး ေ႐ႊေလလံပြဲမွာေတာ့ ၂၄ သိန္းခြဲနဲ႔ ၂ ပိႆာ ေရာင္းခ်ရၿပီး က်န္တဲ့ ၁ ပိႆာကို ၂၄ သိန္း ၈ ေသာင္းနဲ႔ ေလလံတင္ ေရာင္းခ်ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

စကစ အေနနဲ႔ ေ႐ႊေဈးကို အတင္းဆြဲခ်တဲ့အေနနဲ႔ ေ႐ႊေလလံမ်ားနဲ႔ ေ႐ႊတုံးေ႐ႊခဲမ်ားကို ဆက္တိုက္ ေရာင္းခ်ေပးေနေပမယ့္လည္း လက္႐ွိေျမျပင္ ေ႐ႊေဈးႏႈန္းမွာ ၂၆ သိန္း ဝန္းက်င္မွာပဲ ႐ွိေနတာကို ေတြ႕ရပါတယ္။

ေအာက္တိုဘာလ အစကတည္းက အတက္အက် အေျပာင္းအလဲ ျမန္ဆန္လြန္းတဲ့ ေ႐ႊေဈးေၾကာင့္

ေ႐ႊဆိုင္ အမ်ားအျပား အေခါက္ေ႐ႊ ေရာင္းခ်မႈ ရပ္ဆိုင္းထားၿပီး အေျခအေနကို ေစာင့္ၾကည့္လ်က္ ႐ွိေနပါတယ္။

ျပည္တြင္းကုန္ေဈးႏႈန္းနဲ႔ ေ႐ႊေဈးႏႈန္းကို ထိန္းေပးတဲ့ အေနနဲ႔ ေ႐ႊစင္တုံးနဲ႔ ေ႐ႊစင္ခဲေတြကို သတ္မွတ္ရာေနရာေတြမွာ

ေတာက္ေလွ်ာက္ ေရာင္းေပးေတာ့မွာျဖစ္တယ္လို႔ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

Source – Blacker