Cele News

ပိုင်ဇေရဲထွန်းတို့ မိသားစု ကားထဲမှာ မိသားစုဓာတ်ပုံရိုက်ကူးချိန် နောက်မှာပါလာတဲ့ အရိပ်မည်းတစ်ခု…

ပိုင်ဇေရဲထွန်းတို့ မိသားစု ကားထဲမှာ မိသားစုဓာတ်ပုံရိုက်ကူးချိန် နောက်မှာပါလာတဲ့ အရိပ်မည်းတစ်ခု…

လူတွေက တစ်မျိုးပြီး တစ်မျိုး ပြောနေကြလို့ပါ။ ကားပေါ်မှာ ရိုက်ကူး ထားတဲ့ ပိုင်ဇေရဲထွန်း တို့ မိသားစု ဓာတ်ပုံ ထဲမှာ သရဲပါလာတယ်လို့ ဖေ့စ်ဘွတ် မှာ နာမည်ကြီး သွားမှုအပေါ်

မဇင်သဲနိုင် (သရုပ်ဆောင် ပိုင်ဇေရဲထွန်းရဲ့ဇနီး) က သရဲမဟုတ်ပါဘူး၊ အိမ်ဖော်မလေး ပါလို့ဖြေရှင်းခဲ့ပေမဲ့ အဆင့်အတန်း ခွဲခြား တယ်လို့ လူတချို့က ဝေဖန်ကြတာ ဖြစ်ပါတယ်။

အောက်တိုဘာ (၄)ရက်နေ့က ပိုင်ဇေရဲထွန်း ရဲ့ ဇနီး ဖြစ်သူက မိသားစု လိုက် ကားပေါ်မှာ ရိုက်ထားတဲ့ ဓာတ်ပုံ ကို တင်ခဲ့ပါတယ်။

အဲ့ဒီဓာတ်ပုံမှာ တော့ ကလေး တွေ ရဲ့ နောက်မှာ ပါတဲ့ အရိပ်တစ်ခုကို သရဲလို့ ထင်ပြီးတော့ ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ပိုင်ဇေရဲထွန်း ရဲ့ ဇနီး ဇင်သဲနိုင် ကနေ သရဲမဟုတ်ကြောင်း အိမ်က ဝေယာဝစ္စဝိုင်းကူတဲ့ ညီမလေးပါဆိုပြီး ယခုလို ပြောပြခဲ့ပါတယ်။

“နောက်ခန်း က အိမ်ကဝေယာဝစ္စဝိုင်းကူတဲ့ ညီမလေး ပါ ။ စိတ်မပူကြပါနဲ့အမျိုးတို့ရေ ချစ်ပေးဂရုစိုက်ပေး စိတ်ပူပေးတာ ကျေးဇူးအထူးပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ် မှာ ပြန်ဖြေရှင်းပေးခဲ့ပါတယ်။

အဲ့လို ဖြေရှင်းပြီးနောက်ပိုင်းမှာလည်း ပရိသတ် တချို့ကလည်း ထပ်ပြီး ဝေဖန်ပြောဆိုမှုတွေ ရှိကြပါတယ်။

ပရိသတ်တ ချို့ကတော့ အိမ်ဖော် ကောင်မလေး ကို ကားနောက်ခန်းဖုံးထဲမှာ ထားတယ် အဆင့်အဆန်း ခွဲလိုက်တာဆိုတဲ့ ကောမန့်တွေ ရေးထားကြတာ ဖြစ်ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ပိုင်ဇေရဲထွ ရဲ့ ဇနီးဖြစ်သူ တစ်ယောက် တော်တော်ကို စိတ်ညစ်သွားခဲ့ပြီး

သူမရဲ့ ဖေ့စ်ဘွတ် မှာ နိုဝင်ဘာ (၆)ရက်နေ့ ညပိုင်းလောက် က ဝေဖန်ထားတဲ့ ကောမန့်တွေကို ဓာတ်ပုံရိုက်ပြီး ယခုလို ပြောထားပါသေးတယ်။

“ကျမသည်းခံနိုင်စွမ်းမကောင်းဘူးFB ပေါ်မှာစောင်ဆရာကြီးတွေ စောင်ဆရာမကြီးတွေတယ်များပါလား

ဘေးထိုင်ဘုပြော ဝေဖန်အတ င်းတုတ်နေသူတွေ လက်တွေ့ ဘဝမှာကိုယ် မိသားစု ကိုယ့်ပတ်ဝန်း ကျင်အတွက်ဘယ် လိုအကျိုးပြုနေ ကြသလဲသိ ချင်စမ်းပါဘိ” ဆိုပြီး ရေး သားထားပါတယ်။

သူမရဲ့ ပရိသတ် တွေမိတ်ဆွေတွေကတော့ အဲ့ဒီဝေဖန်မှုတွေကို ဂရုမစိုက်ဖို့ကိုလည်း အားပေးထားကြပါတယ်။ ပိုင်ဇေရဲထွန်းတို့ မိသားစု ဟာ လက်ရှိမှာတော့ ချောင်းသာကို ရောက်နေတယ်လို့ သိရပါတယ်။

သူတို့မိသားစုလေးဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ မိသားစုလေး ဖြစ်ပါတယ်။

Credit : Duwun

Zawgyi Version ျဖင့္ဖတ္ရန္

ပိုင္ေဇရဲထြန္းတို႔ မိသားစု ကားထဲမွာ မိသားစုဓာတ္ပုံ႐ိုက္ကူးခ်ိန္ ေနာက္မွာပါလာတဲ့ အရိပ္မည္းတစ္ခု…

လူေတြက တစ္မ်ိဳးၿပီး တစ္မ်ိဳး ေျပာေနၾကလို႔ပါ။ ကားေပၚမွာ ႐ိုက္ကူး ထားတဲ့ ပိုင္ေဇရဲထြန္း တို႔ မိသားစု ဓာတ္ပုံ ထဲမွာ သရဲပါလာတယ္လို႔ ေဖ့စ္ဘြတ္ မွာ နာမည္ႀကီး သြားမႈအေပၚ

မဇင္သဲႏိုင္ (သ႐ုပ္ေဆာင္ ပိုင္ေဇရဲထြန္းရဲ႕ဇနီး) က သရဲမဟုတ္ပါဘူး၊ အိမ္ေဖာ္မေလး ပါလို႔ေျဖ႐ွင္းခဲ့ေပမဲ့ အဆင့္အတန္း ခြဲျခား တယ္လို႔ လူတခ်ိဳ႕က ေဝဖန္ၾကတာ ျဖစ္ပါတယ္။

ေအာက္တိုဘာ (၄)ရက္ေန႔က ပိုင္ေဇရဲထြန္း ရဲ႕ ဇနီး ျဖစ္သူက မိသားစု လိုက္ ကားေပၚမွာ ႐ိုက္ထားတဲ့ ဓာတ္ပုံ ကို တင္ခဲ့ပါတယ္။

အဲ့ဒီဓာတ္ပုံမွာ ေတာ့ ကေလး ေတြ ရဲ႕ ေနာက္မွာ ပါတဲ့ အရိပ္တစ္ခုကို သရဲလို႔ ထင္ၿပီးေတာ့ ေျပာဆိုမႈေတြ ႐ွိခဲ့ပါတယ္။

အဲ့ဒါနဲ႔ ပတ္သက္ၿပီး ပိုင္ေဇရဲထြန္း ရဲ႕ ဇနီး ဇင္သဲႏိုင္ ကေန သရဲမဟုတ္ေၾကာင္း အိမ္က ေဝယာဝစၥဝိုင္းကူတဲ့ ညီမေလးပါဆိုၿပီး ယခုလို ေျပာျပခဲ့ပါတယ္။

“ေနာက္ခန္း က အိမ္ကေဝယာဝစၥဝိုင္းကူတဲ့ ညီမေလး ပါ ။ စိတ္မပူၾကပါနဲ႔အမ်ိဳးတို႔ေရ ခ်စ္ေပးဂ႐ုစိုက္ေပး စိတ္ပူေပးတာ ေက်းဇူးအထူးပါ” ဆိုၿပီး သူမရဲ႕ ေဖ့စ္ဘြတ္ မွာ ျပန္ေျဖ႐ွင္းေပးခဲ့ပါတယ္။

အဲ့လို ေျဖ႐ွင္းၿပီးေနာက္ပိုင္းမွာလည္း ပရိသတ္ တခ်ိဳ႕ကလည္း ထပ္ၿပီး ေဝဖန္ေျပာဆိုမႈေတြ ႐ွိၾကပါတယ္။

ပရိသတ္တ ခ်ိဳ႕ကေတာ့ အိမ္ေဖာ္ ေကာင္မေလး ကို ကားေနာက္ခန္းဖုံးထဲမွာ ထားတယ္ အဆင့္အဆန္း ခြဲလိုက္တာဆိုတဲ့ ေကာမန္႔ေတြ ေရးထားၾကတာ ျဖစ္ပါတယ္။

အဲ့ဒါနဲ႔ ပတ္သက္ၿပီး ပိုင္ေဇရဲထြ ရဲ႕ ဇနီးျဖစ္သူ တစ္ေယာက္ ေတာ္ေတာ္ကို စိတ္ညစ္သြားခဲ့ၿပီး

သူမရဲ႕ ေဖ့စ္ဘြတ္ မွာ ႏိုဝင္ဘာ (၆)ရက္ေန႔ ညပိုင္းေလာက္ က ေဝဖန္ထားတဲ့ ေကာမန္႔ေတြကို ဓာတ္ပုံ႐ိုက္ၿပီး ယခုလို ေျပာထားပါေသးတယ္။

“က်မသည္းခံႏိုင္စြမ္းမေကာင္းဘူးFB ေပၚမွာေစာင္ဆရာႀကီးေတြ ေစာင္ဆရာမႀကီးေတြတယ္မ်ားပါလား

ေဘးထိုင္ဘုေျပာ ေဝဖန္အတ င္းတုတ္ေနသူေတြ လက္ေတြ႕ ဘဝမွာကိုယ္ မိသားစု ကိုယ့္ပတ္ဝန္း က်င္အတြက္ဘယ္ လိုအက်ိဳးျပဳေန ၾကသလဲသိ ခ်င္စမ္းပါဘိ” ဆိုၿပီး ေရး သားထားပါတယ္။

သူမရဲ႕ ပရိသတ္ ေတြမိတ္ေဆြေတြကေတာ့ အဲ့ဒီေဝဖန္မႈေတြကို ဂ႐ုမစိုက္ဖို႔ကိုလည္း အားေပးထားၾကပါတယ္။ ပိုင္ေဇရဲထြန္းတို႔ မိသားစု ဟာ လက္႐ွိမွာေတာ့ ေခ်ာင္းသာကို ေရာက္ေနတယ္လို႔ သိရပါတယ္။

သူတို႔မိသားစုေလးဟာလည္း ပရိသတ္ေတြရဲ႕ အားေပးမႈကို ရ႐ွိထားတဲ့ မိသားစုေလး ျဖစ္ပါတယ္။

Credit : Duwun