လာမယ့် သီတင်းကျွတ်လပြည့်ညမှာ မြင်တွေ့ရမယ့် ထူးခြားဖြစ်စဉ်…
သီတင်းကျွတ်လပြည့်ညမှာ ယှဉ်တွဲ မြင်တွေ့ရမယ့် လပြည့်လမင်းကြီးနဲ့ ကြာသပတေးဂြိုဟ်
၂၀၂၂ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ မှာတော့ ဝါလကင်းလွတ် သီတင်းကျွတ်လပြည့် လမင်းကြီးကို ထင်ရှားလင်းလက်နေတဲ့ ဂျူပီတာ (ခ) ကြာသပတေးဂြိုဟ်ကြီးနှင့်အတူ တွဲယှဉ်ပြီး
တညလုံး (ညနေ ၆ နာရီမှ နံနက် ၇ နာရီထိ) တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
အမှန်တကယ်ပြည့်မည့် သီတင်းကျွတ်လပြည့်ကတော့ အောက်တိုဘာ (၁၀) ရက်နေ့မှာဖြစ်လို့ လပြည့်ကျော် (၁) ရက်နေ့ လကို ပိုပြီး ပြည့်ပြည့်ဝဝ ခံစားရမှာပါ။
သီတင်းကျွတ်ဆိုတဲ့ ဝေါဟာရကို အင်းဝခေတ်စာပေကျမ်းဂန်များမှာ အစပြုသုံးစွဲခဲ့တယ်လို့ မှတ်သားရပြီး
ရဟန်းသံဃာတော်များ ဝါတွင်းကာလမှာ ကျောင်းတွင်း သီတင်းသုံးနေထိုင်ရာမှ ကျွတ်လွတ်ခြင်းလို့ အဓိပ္ပါယ်ရပါတယ်။
မြတ်စွာဘုရားရှင်ကိုယ်တော်တိုင် တာဝတိံသာနတ်ပြည်မှ မယ်တော် သန္တုဿိ နတ်သားအပါအဝင် နတ်ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြားပြီး
လူ့ပြည်သို့ သီတင်းကျွတ်လပြည့်နေ့မှာ ပြန်လည်ဆင်းသက်ခဲ့တာကြောင့်
ဒီလပြည့်နေ့ကို အဘိဓမ္မာအခါတော်နေ့ဟု သတ်မှတ်ပြီး ဘုရားရှင်အား ခရီးကြိုဆိုခြင်းအားဖြင့် ပန်း၊ ဆီမီး တို့ကို ထွန်းညှိပူစော်တဲ့ ရိုးရာဓလေ့ ရှိကြပါတယ်။
အနောက်တိုင်းရိုးရာမှာတော့ ဒီလပြည့်ကို မုဆိုးလပြည့် (Full Hunters Moon) လို့ ခေါ်ကြပါတယ်။
ဆောင်းဦးပေါက်မှာ ကြွေကျတဲ့ သစ်ရွက်များအကြား သားကောင်ကို အမဲလိုက်ကြတဲ့ ရိုးရာဓလေ့ ရှိလို့ဖြစ်ပါတယ်။ အောက်ကပုံက လပြည့် လမင်းကြီးပါ။
လမင်း နဲ့ ဂျူပီတာ ဂြိုဟ်တို့ဟာ မိန်ရာသီ ကြယ်တာရာများအကြားမှာ အပြိုင်အဆိုင် ထွန်းလင်းတောက်ပနေကြမှာဖြစ်ပြီး
လရဲ့အလင်းဟာ (-၁၂.၇) မဂ္ဂနီကျူ့ရှိကာ ဂျူပီတာကတော့ အလင်းအား (-၂.၉) မဂ္ဂနီကျူ့ရှိနေမှာပါ။ နှစ်ခုစလုံးကို သာမန်မျက်စိဖြင့် အထင်အရှား တွေ့မြင်နိုင်ပါတယ်။
အောက်ကပုံက ဂျူပီတာ ခေါ် ကြာသပတေးဂြိုဟ်ပါ။
လက်ရှိအချိန်မှာ လနဲ့ ကမ္ဘာရဲ့ အကွာအဝေးကတော့ မိုင်ပေါင်း ၂၃၅၅၀၀ အကွာမှာပဲ ဖြစ်ပါတော့တယ်။
လမင်းကြီးအနီးက ပြိဿကြယ်တာရာများ အကြားမှာလည်း တခါတရံ ကြယ်ကြွေခြင်းအချို့ကိုလည်း တွေ့မြင်ရနိုင်ပါတယ်။
ပြိဿရာသီခွင်ထဲမှာ လင်းလက်နေတဲ့ အနီရောင် အင်္ဂါဂြိုဟ်လည်း တွေ့မြင်နိုင်ပါတယ်။
အနာဂတ်ပညာရေးအတွက် အစဉ်ကြိုးစားလျက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)
လေးစားစွာဖြင့် – W
Zawgyi Version ျဖင့္ဖတ္ရန္
လာမယ့္ သီတင္းကြၽတ္လျပည့္ညမွာ ျမင္ေတြ႕ရမယ့္ ထူးျခားျဖစ္စဥ္…
သီတင္းကြၽတ္လျပည့္ညမွာ ယွဥ္တြဲ ျမင္ေတြ႕ရမယ့္ လျပည့္လမင္းႀကီးနဲ႔ ၾကာသပေတးၿဂိဳဟ္
၂၀၂၂ ခုႏွစ္ ေအာက္တိုဘာလ (၉) ရက္ေန႔ မွာေတာ့ ဝါလကင္းလြတ္ သီတင္းကြၽတ္လျပည့္ လမင္းႀကီးကို ထင္႐ွားလင္းလက္ေနတဲ့ ဂ်ဴပီတာ (ခ) ၾကာသပေတးၿဂိဳဟ္ႀကီးႏွင့္အတူ တြဲယွဥ္ၿပီး
တညလုံး (ညေန ၆ နာရီမွ နံနက္ ၇ နာရီထိ) ေတြ႕ျမင္ရမွာပဲ ျဖစ္ပါတယ္။
အမွန္တကယ္ျပည့္မည့္ သီတင္းကြၽတ္လျပည့္ကေတာ့ ေအာက္တိုဘာ (၁၀) ရက္ေန႔မွာျဖစ္လို႔ လျပည့္ေက်ာ္ (၁) ရက္ေန႔ လကို ပိုၿပီး ျပည့္ျပည့္ဝဝ ခံစားရမွာပါ။
သီတင္းကြၽတ္ဆိုတဲ့ ေဝါဟာရကို အင္းဝေခတ္စာေပက်မ္းဂန္မ်ားမွာ အစျပဳသုံးစြဲခဲ့တယ္လို႔ မွတ္သားရၿပီး
ရဟန္းသံဃာေတာ္မ်ား ဝါတြင္းကာလမွာ ေက်ာင္းတြင္း သီတင္းသုံးေနထိုင္ရာမွ ကြၽတ္လြတ္ျခင္းလို႔ အဓိပၸါယ္ရပါတယ္။
ျမတ္စြာဘုရား႐ွင္ကိုယ္ေတာ္တိုင္ တာဝတႎသာနတ္ျပည္မွ မယ္ေတာ္ သႏၲဳႆိ နတ္သားအပါအဝင္ နတ္ျဗဟၼာတို႔အား အဘိဓမၼာတရား ေဟာၾကားၿပီး
လူ႕ျပည္သို႔ သီတင္းကြၽတ္လျပည့္ေန႔မွာ ျပန္လည္ဆင္းသက္ခဲ့တာေၾကာင့္
ဒီလျပည့္ေန႔ကို အဘိဓမၼာအခါေတာ္ေန႔ဟု သတ္မွတ္ၿပီး ဘုရား႐ွင္အား ခရီးႀကိဳဆိုျခင္းအားျဖင့္ ပန္း၊ ဆီမီး တို႔ကို ထြန္းညႇိပူေစာ္တဲ့ ႐ိုးရာဓေလ့ ႐ွိၾကပါတယ္။
အေနာက္တိုင္း႐ိုးရာမွာေတာ့ ဒီလျပည့္ကို မုဆိုးလျပည့္ (Full Hunters Moon) လို႔ ေခၚၾကပါတယ္။
ေဆာင္းဦးေပါက္မွာ ေႂကြက်တဲ့ သစ္႐ြက္မ်ားအၾကား သားေကာင္ကို အမဲလိုက္ၾကတဲ့ ႐ိုးရာဓေလ့ ႐ွိလို႔ျဖစ္ပါတယ္။ ေအာက္ကပုံက လျပည့္ လမင္းႀကီးပါ။
လမင္း နဲ႔ ဂ်ဴပီတာ ၿဂိဳဟ္တို႔ဟာ မိန္ရာသီ ၾကယ္တာရာမ်ားအၾကားမွာ အၿပိဳင္အဆိုင္ ထြန္းလင္းေတာက္ပေနၾကမွာျဖစ္ၿပီး
လရဲ႕အလင္းဟာ (-၁၂.၇) မဂၢနီက်ဴ႕႐ွိကာ ဂ်ဴပီတာကေတာ့ အလင္းအား (-၂.၉) မဂၢနီက်ဴ႕႐ွိေနမွာပါ။ ႏွစ္ခုစလုံးကို သာမန္မ်က္စိျဖင့္ အထင္အ႐ွား ေတြ႕ျမင္ႏိုင္ပါတယ္။
ေအာက္ကပုံက ဂ်ဴပီတာ ေခၚ ၾကာသပေတးၿဂိဳဟ္ပါ။
လက္႐ွိအခ်ိန္မွာ လနဲ႔ ကမ႓ာရဲ႕ အကြာအေဝးကေတာ့ မိုင္ေပါင္း ၂၃၅၅၀၀ အကြာမွာပဲ ျဖစ္ပါေတာ့တယ္။
လမင္းႀကီးအနီးက ၿပိႆၾကယ္တာရာမ်ား အၾကားမွာလည္း တခါတရံ ၾကယ္ေႂကြျခင္းအခ်ိဳ႕ကိုလည္း ေတြ႕ျမင္ရႏိုင္ပါတယ္။
ၿပိႆရာသီခြင္ထဲမွာ လင္းလက္ေနတဲ့ အနီေရာင္ အဂၤါၿဂိဳဟ္လည္း ေတြ႕ျမင္ႏိုင္ပါတယ္။
အနာဂတ္ပညာေရးအတြက္ အစဥ္ႀကိဳးစားလ်က္.. သန္႔ဦး (အာကာသႏွင့္ စၾကဝဠာ သင္ေထာက္ကူ)
ေလးစားစြာျဖင့္ – W