News

မုန့်ဟင်းခါးပွဲရေ ၅၀ ကျော်သွားတဲ့ ပွဲကြီးပွဲကောင်း(ရုပ်သံ)

မုန့်ဟင်းခါးပွဲရေ ၅၀ ကျော်သွားတဲ့ ပွဲကြီးပွဲကောင်း(ရုပ်သံ)

ရုပ်သံကို အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။

တိုက်ပွဲ သတင်းထုတ်ပြန်ချက်

ကရင့်အမျိုးသား အစည်းအရုံး တပ်မဟာ (၆) နယ်မြေ၊လေ့ကေ့ကော်နှင့် မြဝတီ – ဝေါ်လေ ကားလမ်းမကြီး၏ ဆက်စပ်ဒေသများအား

အကြမ်းဖက် စစ်ကောင်စီ၏ နေပြည်တော် လေဆိပ်မှ ကင်းထောက် လေယာဉ် MPA ATR(42)၊ လေယာဉ်အမှတ် (၀၀၆) ဖြင့်

တိုက်ပွဲ ဖြစ်ပွားနေချိန် အောက်တိုဘာ ၄ ရက် နေ့လည် (၂) နာရီမှ (၃) နာရီခွဲခန့်အထိ ကင်းထောက် ဝဲပျံခဲ့ပါသည်။

အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်‌အောက်ခံ နည်းဗျူဟာ (၄၄၁)၏ တိုက်ခိုက်ရေး တပ်ရင်းများ ဖြစ်သည့် ခမရ(၁၀၂)၊ ခလရ(၈)၊ ခမရ (၁) တို့အပြင်

တပ်ကူ ခလရ(၂၀၇) တို့သည် မြဝတီ-ဝေါ်လေ လမ်းမပေါ်ရှိ ဒေသအခေါ် လူခို့ နေရာ အနီးသို့ ဖလူးစခန်းမှ (၁၂၀) မမ လက်နက်ကြီး ပ-စ်ကူများဖြင့် ကျူးကျော်ရန် ကြိုးစား လာခဲ့ပါသည်။

ထို့ကြောင့် လုံခြုံရေး တာဝန်ယူထားသော ကရင့်အမျိုးသား လွတ်မြောက်ရေး တပ်မတော်၏ တပ်ရင်း(၂၇) ကော်ဘရာပူးပေါင်း စစ်ကြောင်း၊ တပ်မဟာ စစ်ကြောင်း တပ်ခွဲ (၂) ပူးပေါင်းတပ်ဖွဲ့များနှင့်

ယနေ့ နေ့လည် (၁၂) နာရီခွဲ မှစတင်၍ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။ နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

ပူးပေါင်းတပ်ဖွဲ့များဘက်မှ Federal Wings ဒရုန်းအဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့ တို့၏ ထိရောက်စွာ စွမ်းဆောင်နိုင်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ၏ ခမရ (၁၀၂) မှ (၂) ဦး ‌ေ-သဆုံးပြီး

ပြင်းထန် ဒဏ်ရာရရှိသူ (၈) ဦး ရှိကြောင်း စစ်မြေပြင် သတင်းအတည်ပြုချက် ရရှိပါသည်။

အဆိုပါ ပြင်းထန်ဒဏ်ရာရသူ (၈) ဦးတွင် ခမရ (၁၀၂) ၏ အရာရှိ တစ်ဦးနှင့် အခြားအဆင့် တပ်ဖွဲ့ဝင် (၇) ဦး ဖြစ်ပါသည်။

ယနေ့ နေ့လည်ပိုင်းတွင် ‌တပ်မ (၄၄) ၏ နည်းဗျူဟာ (၄၄၁) တည်ရှိရာ မြွေသုံးကောင် ဘုရားကုန်းအား Federal Wings Drone အဖွဲ့မှ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်‌ေ-သဆုံးမှူ စာရင်းအား အတည်ပြုဆဲ ဖြစ်ပါသည်။

တိုက်ပွဲမှာ ယနေ့ ညနေ (၃) နာရီခွဲခန့်တွင် ပြီးဆုံးခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့များ ဘက်မှ ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ ပြည်သူ့ရင်သွေးများ ဘေးကင်း လုံခြုံပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

ခရက်ဒစ် – သတင်း

အောက်ဆုံးတွင် ရုပ်သံကိုကြည့်ရန်

Video Source – Min Khant

Zawgyi Version ျဖင့္ဖတ္ရန္

မုန္႔ဟင္းခါးပြဲေရ ၅၀ ေက်ာ္သြားတဲ့ ပြဲႀကီးပြဲေကာင္း(႐ုပ္သံ)

႐ုပ္သံကို ေအာက္ဆုံးမွာ ထည့္ေပးထားပါတယ္။

တိုက္ပြဲ သတင္းထုတ္ျပန္ခ်က္

ကရင့္အမ်ိဳးသား အစည္းအ႐ုံး တပ္မဟာ (၆) နယ္ေျမ၊ေလ့ေက့ေကာ္ႏွင့္ ျမဝတီ – ေဝၚေလ ကားလမ္းမႀကီး၏ ဆက္စပ္ေဒသမ်ားအား

အၾကမ္းဖက္ စစ္ေကာင္စီ၏ ေနျပည္ေတာ္ ေလဆိပ္မွ ကင္းေထာက္ ေလယာဥ္ MPA ATR(42)၊ ေလယာဥ္အမွတ္ (၀၀၆) ျဖင့္

တိုက္ပြဲ ျဖစ္ပြားေနခ်ိန္ ေအာက္တိုဘာ ၄ ရက္ ေန႔လည္ (၂) နာရီမွ (၃) နာရီခြဲခန္႔အထိ ကင္းေထာက္ ဝဲပ်ံခဲ့ပါသည္။

အၾကမ္းဖက္ စစ္ေကာင္စီ၏ တပ္မ (၄၄) လက္‌ေအာက္ခံ နည္းဗ်ဴဟာ (၄၄၁)၏ တိုက္ခိုက္ေရး တပ္ရင္းမ်ား ျဖစ္သည့္ ခမရ(၁၀၂)၊ ခလရ(၈)၊ ခမရ (၁) တို႔အျပင္

တပ္ကူ ခလရ(၂၀၇) တို႔သည္ ျမဝတီ-ေဝၚေလ လမ္းမေပၚ႐ွိ ေဒသအေခၚ လူခို႔ ေနရာ အနီးသို႔ ဖလူးစခန္းမွ (၁၂၀) မမ လက္နက္ႀကီး ပ-စ္ကူမ်ားျဖင့္ က်ဴးေက်ာ္ရန္ ႀကိဳးစား လာခဲ့ပါသည္။

ထို႔ေၾကာင့္ လုံျခဳံေရး တာဝန္ယူထားေသာ ကရင့္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္၏ တပ္ရင္း(၂၇) ေကာ္ဘရာပူးေပါင္း စစ္ေၾကာင္း၊ တပ္မဟာ စစ္ေၾကာင္း တပ္ခြဲ (၂) ပူးေပါင္းတပ္ဖြဲ႕မ်ားႏွင့္

ယေန႔ ေန႔လည္ (၁၂) နာရီခြဲ မွစတင္၍ ရင္ဆိုင္တိုက္ပြဲ ျဖစ္ပြားခဲ့ပါသည္။ ႏွစ္ဖက္ အျပန္အလွန္ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္ ရင္ဆိုင္တိုက္ပြဲ ျဖစ္ပြားခဲ့ပါသည္။

ပူးေပါင္းတပ္ဖြဲ႕မ်ားဘက္မွ Federal Wings ဒ႐ုန္းအဖြဲ႕၊ ေရာင္နီတပ္ခြဲ ဒ႐ုန္းအဖြဲ႕ တို႔၏ ထိေရာက္စြာ စြမ္းေဆာင္ႏိုင္မႈေၾကာင့္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ခမရ (၁၀၂) မွ (၂) ဦး ‌ေ-သဆုံးၿပီး

ျပင္းထန္ ဒဏ္ရာရ႐ွိသူ (၈) ဦး ႐ွိေၾကာင္း စစ္ေျမျပင္ သတင္းအတည္ျပဳခ်က္ ရ႐ွိပါသည္။

အဆိုပါ ျပင္းထန္ဒဏ္ရာရသူ (၈) ဦးတြင္ ခမရ (၁၀၂) ၏ အရာ႐ွိ တစ္ဦးႏွင့္ အျခားအဆင့္ တပ္ဖြဲ႕ဝင္ (၇) ဦး ျဖစ္ပါသည္။

ယေန႔ ေန႔လည္ပိုင္းတြင္ ‌တပ္မ (၄၄) ၏ နည္းဗ်ဴဟာ (၄၄၁) တည္႐ွိရာ ေႁမြသုံးေကာင္ ဘုရားကုန္းအား Federal Wings Drone အဖြဲ႕မွ ဗုံးႀကဲတိုက္ခိုက္ခဲ့ပါသည္။

အၾကမ္းဖက္စစ္ေကာင္စီဘက္မွ ထိခိုက္‌ေ-သဆုံးမႉ စာရင္းအား အတည္ျပဳဆဲ ျဖစ္ပါသည္။

တိုက္ပြဲမွာ ယေန႔ ညေန (၃) နာရီခြဲခန္႔တြင္ ၿပီးဆုံးခဲ့ၿပီး ပူးေပါင္းတပ္ဖြဲ႕မ်ား ဘက္မွ ထိခိုက္မႈ တစ္စုံတစ္ရာ မ႐ွိဘဲ ျပည္သူ႕ရင္ေသြးမ်ား ေဘးကင္း လုံျခဳံပါေၾကာင္း သတင္းထုတ္ျပန္အပ္ပါသည္။

ခရက္ဒစ္ – သတင္း

႐ုပ္သံကိုၾကည့္ရန္

Video Source – Min Khant