News

ကြောက်မက်ဖွယ် မူကြိုကျောင်းက ခလေးတွေ ပ-စ်ခတ်ခံရမှုရဲ့ နောက်ဆက်တွဲသတင်း…

ကြောက်မက်ဖွယ် မူကြိုကျောင်းက ခလေးတွေ ပ-စ်ခတ်ခံရမှုရဲ့ နောက်ဆက်တွဲသတင်း…

ကလေးတွေအပါအဝင် အနည်းဆုံးလူ ၃၇ ဦးသေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ထိုင်းမူကြိုကျောင်း နဲ့

ထိခိုက်ဒဏ်ရာရသူတွေကုသနေကြတဲ့ ဆေးရုံကို ဒီနေ့ အောက်တိုဘာ ၇ရက် နေ့လယ်ပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာသွားရောက်ဖို့ရှိနေပါတယ်။

အဲဒီကို ထိုင်းဘုရင်မင်းမြတ်နဲ့ မိဖုရားတို့လည်း ဒီကနေ့ ညနေပိုင်းမှာ ရောက်မှာဖြစ်ပြီး ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံကြဖို့ရှိနေပါတယ်။

အဲဒီမတိုင်ခင် ဝန်ကြီးချုပ်ဟာ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေရဲ့ မိသားစုတွေနဲ့တွေ့ဆုံဖို့ရှိပြီး

နွန်ဘူရာလမ်ဖူ ဆေးရုံကိုလည်းသွားရောက်ပြီးကူညီထောက်ပံ့ပေးမှုတွေလုပ်ဆောင်မယ်လို့ ထိုင်းအစိုးရဘက်ကလာတဲ့သတင်းတွေကဖော်ပြပါတယ်။

လက်ရှိမှာတော့ ‌သေဆုံးခဲ့ရသူတွေအတွက် ထိုင်းအစိုးရက ဈာပနစရိတ်နဲ့ ဆေးဝါးကုသဖို့ မိသားစုတွေကို ငွေကြေးအကူအညီပေးမယ်လို့ ပြောထားပါတယ်။

ဒီလို နေ့ကလေးထိန်းစင်တာအတွင်း ကလေးတွေအပါအဝင်လူဆယ်ချီ ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ရှုတ်ချလိုက်ပြီး

ကြောက်မက်ဖွယ်ရာ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရကြောင်း ထုတ်ပြန်ပြောဆိုပါတယ်။

သေဆုံးထိခိုက်ရသူမိသားစုဝင်တွေအတွက်လည်း ဝမ်းနည်းကြောင်းပြောဆိုထားပါတယ်။

မနေ့ အောက်တိုဘာ ၆ရက်နေ့လယ်ပိုင်းက ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း နွန်ဘူရာလမ်ဖူ ဒေသက နေ့ကလေးထိန်းစင်တာတစ်ခုအတွင်း ရဲအရာရှိဟောင်းတစ်ဦး ပစ်ခတ်မှုကြောင့်

ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၃၇ဦး အထိရှိခဲ့ပြီး သေဆုံးသူတွေထဲ အနည်းဆုံး ကလေးငယ် ၂၂ ဦးလည်း ပါဝင်တယ်လို့ ရဲကပြောပါတယ်။

သေနတ်သမားဟာ အိမ်ကို ပြန်ပြီး သူ့ဇနီးနဲ့ ကလေးကို ပစ်သတ်ခဲ့ပြီးနောက် သူ့ကိုယ်သူ သတ်သေခဲ့တယ်လို့ ရဲက ပြောပါတယ်။

သေနတ်သမားဟာ မူးယစ်ဆေးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ဇွန်လတုန်းက အလုပ်က အထုတ်ခံခဲ့ရပြီး

ဒီကနေ့မှာ အဲဒီအမှုအတွက် တရားရုံးလာရောက်ရဖို့ရှိတာကြောင့် စိတ်ဖိစီးနေနိုင်တယ်လို့ ရဲက ပြောပါတယ်။

ဓာတ်ပုံ – Getty Images

ပုံစာ – ဒီကနေ့ အောက်တိုဘာ ၇ရက် သေဆုံးမိသားစုဝင်တွေ နာရေးအတွက် ရောက်ရှိနေကြပုံနဲ့ ထိုင်းဝန်ကြီးချုပ်လာရောက်မယ့်အတွက်ပြင်ဆင်နေမှုများ

ခရက်ဒစ်

Zawgyi Version ျဖင့္ဖတ္ရန္

ေၾကာက္မက္ဖြယ္ မူႀကိဳေက်ာင္းက ခေလးေတြ ပ-စ္ခတ္ခံရမႈရဲ႕ ေနာက္ဆက္တြဲသတင္း…

ကေလးေတြအပါအဝင္ အနည္းဆုံးလူ ၃၇ ဦးေသဆုံးခဲ့ရတဲ့ ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ ထိုင္းမူႀကိဳေက်ာင္း နဲ႔

ထိခိုက္ဒဏ္ရာရသူေတြကုသေနၾကတဲ့ ေဆး႐ုံကို ဒီေန႔ ေအာက္တိုဘာ ၇ရက္ ေန႔လယ္ပိုင္းမွာေတာ့ ထိုင္းဝန္ႀကီးခ်ဳပ္ ပရာ႐ြတ္ခ်န္အိုခ်ာသြားေရာက္ဖို႔႐ွိေနပါတယ္။

အဲဒီကို ထိုင္းဘုရင္မင္းျမတ္နဲ႔ မိဖုရားတို႔လည္း ဒီကေန႔ ညေနပိုင္းမွာ ေရာက္မွာျဖစ္ၿပီး ဝန္ႀကီးခ်ဳပ္နဲ႔လည္း ေတြ႕ဆုံၾကဖို႔႐ွိေနပါတယ္။

အဲဒီမတိုင္ခင္ ဝန္ႀကီးခ်ဳပ္ဟာ ေသဆုံးသူေတြနဲ႔ ဒဏ္ရာရသူေတြရဲ႕ မိသားစုေတြနဲ႔ေတြ႕ဆုံဖို႔႐ွိၿပီး

ႏြန္ဘူရာလမ္ဖူ ေဆး႐ုံကိုလည္းသြားေရာက္ၿပီးကူညီေထာက္ပံ့ေပးမႈေတြလုပ္ေဆာင္မယ္လို႔ ထိုင္းအစိုးရဘက္ကလာတဲ့သတင္းေတြကေဖာ္ျပပါတယ္။

လက္႐ွိမွာေတာ့ ‌ေသဆုံးခဲ့ရသူေတြအတြက္ ထိုင္းအစိုးရက ဈာပနစရိတ္နဲ႔ ေဆးဝါးကုသဖို႔ မိသားစုေတြကို ေငြေၾကးအကူအညီေပးမယ္လို႔ ေျပာထားပါတယ္။

ဒီလို ေန႔ကေလးထိန္းစင္တာအတြင္း ကေလးေတြအပါအဝင္လူဆယ္ခ်ီ ပစ္ခတ္ခံရတာနဲ႔ ပတ္သက္လို႔ ကုလသမဂၢအေထြေထြအတြင္းေရးမႉး အန္တိုနီယို ဂူတာရက္စ္က ႐ႈတ္ခ်လိုက္ၿပီး

ေၾကာက္မက္ဖြယ္ရာ အစုလိုက္အျပဳံလိုက္ ပစ္ခတ္မႈေၾကာင့္ ထိတ္လန္႔တုန္လႈပ္ခဲ့ရေၾကာင္း ထုတ္ျပန္ေျပာဆိုပါတယ္။

ေသဆုံးထိခိုက္ရသူမိသားစုဝင္ေတြအတြက္လည္း ဝမ္းနည္းေၾကာင္းေျပာဆိုထားပါတယ္။

မေန႔ ေအာက္တိုဘာ ၆ရက္ေန႔လယ္ပိုင္းက ထိုင္းႏိုင္ငံရဲ႕ အေ႐ွ႕ေျမာက္ပိုင္း ႏြန္ဘူရာလမ္ဖူ ေဒသက ေန႔ကေလးထိန္းစင္တာတစ္ခုအတြင္း ရဲအရာ႐ွိေဟာင္းတစ္ဦး ပစ္ခတ္မႈေၾကာင့္

ကေလးငယ္ေတြအပါအဝင္ ေသဆုံးသူ ၃၇ဦး အထိ႐ွိခဲ့ၿပီး ေသဆုံးသူေတြထဲ အနည္းဆုံး ကေလးငယ္ ၂၂ ဦးလည္း ပါဝင္တယ္လို႔ ရဲကေျပာပါတယ္။

ေသနတ္သမားဟာ အိမ္ကို ျပန္ၿပီး သူ႕ဇနီးနဲ႔ ကေလးကို ပစ္သတ္ခဲ့ၿပီးေနာက္ သူ႕ကိုယ္သူ သတ္ေသခဲ့တယ္လို႔ ရဲက ေျပာပါတယ္။

ေသနတ္သမားဟာ မူးယစ္ေဆးသုံးစြဲမႈနဲ႔ ပတ္သက္ၿပီး ဇြန္လတုန္းက အလုပ္က အထုတ္ခံခဲ့ရၿပီး

ဒီကေန႔မွာ အဲဒီအမႈအတြက္ တရား႐ုံးလာေရာက္ရဖို႔႐ွိတာေၾကာင့္ စိတ္ဖိစီးေနႏိုင္တယ္လို႔ ရဲက ေျပာပါတယ္။

ဓာတ္ပုံ – Getty Images

ပုံစာ – ဒီကေန႔ ေအာက္တိုဘာ ၇ရက္ ေသဆုံးမိသားစုဝင္ေတြ နာေရးအတြက္ ေရာက္႐ွိေနၾကပုံနဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္လာေရာက္မယ့္အတြက္ျပင္ဆင္ေနမႈမ်ား

ခရက္ဒစ္