News

ပြည်သူ့သစ္စာဖောက်အဖြစ် ကြေညာလိုက်ပြီမို့ အထူးသတိပြုကြရန်…

ပြည်သူ့သစ္စာဖောက်အဖြစ် ကြေညာလိုက်ပြီမို့ အထူးသတိပြုကြရန်…

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကောင်စီအောက် ပြန် ခိုလှုခဲ့သည့် CDM ဗိုလ်မှူးမျိုးမင်းထွန်းကို ပြည်သူ့သစ္စာဖောက်အဖြစ် CDM တပ်မတော်သားများအဖွဲ့ ၅ ခုက ယနေ့ ကြေညာသည်

CDM စစ်သားများအဖွဲ့ ၅ ခုဖြစ်သည့် ပြည်သူ့ရင်ခွင်၊ ပြည်သူ့ပန်းတိုင်၊ ပြည်သူ့သားကောင်း၊

People’s Soldier Defense Force၊ Breaking Brainwashedက ဗိုလ်မှူးမျိုးမင်းထွန်းသည် CDM ဝင်ချိန်တွင် အစစအရာရာ အဆင်ပြေအောင် ဖန်တီးပေးခဲ့ပြီး

တတိယနိုင်ငံသွားရန် အခွင့်အရေးရှိထားခဲ့ကြောင်း၊ သို့ရာတွင် ဇနီးဖြစ်သူ Non -CDM ကျောင်းအုပ်က မပူးပေါင်းဘဲ တော်လှန်ရေးတွင် မပါဝင်ရန် ဗိုလ်မှူးမျိုးမင်းထွန်းကို ကတိတောင်းခဲ့ကြောင်း ထုတ်ပြန်ပြောဆိုသည်

လက်ရှိ အောက်တိုဘာလ ၅ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံမီဒီယာများနှင့် ဝါဒဖြန့်ချန်နယ်များမှ ဖြန့်ချိခဲ့သော စစ်ကောင်စီ လက်အောက်ခံ ပြန်လည် ခိုလှုံသွားသော ဗိုလ်မှူးမျိုးမင်းထွန်း၏ ထွက်ဆိုချက်များသည်

တော်လှန်ရေးအပေါ် ယုံကြည်ချက်မရှိမှု၊ စိတ်ဓာတ်ပျော့ညံမှု၊ အခက်အခဲများကို ရင်ဆိုင်ဖြတ်ကျော်လိုစိတ်မရှိမှုနှင့် ၎င်း၏ အသက်အန္တရာယ်သေဆုံးနိုင်မှုဖြစ်ပေါ်ခဲ့သည့် အခြေအနေတို့ကို ဖုန်းကွယ်ပြီး

ပကတိအမှန်တရားများကို မျက်ကွယ်ပြုကာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် CDM ထောက်ပံ့ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းများအား

ထိုးနှက်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်စစ်ကောင်စီမှ မဟုတ်မမှန်လိမ်လည်ဝါဒဖြန့်ရန် ထွက်ဆိုခြင်းဖြစ်ကြောင်း၊

ဗိုလ်မှူးမျိုးမင်းထွန်းကို CDM တပ်မတော်သားများက ဗိုလ်မှူးမျိုးမင်းထွန်းအား ပြည်သူ့သစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်

ဗိုလ်မှူးမျိုးမင်းထွန်း ဖြစ်စဉ်နှင့်ပက်သတ်၍ အမှန်အတိုင်း သိရှိရန် ပြည်သူနှင့်ပူးပေါင်း ရပ်တည်နေသော မိမိတို့အမာခံအတွင်းလူများ အကူညီဖြင့် ပူးပေါင်းပါဝင်သူအားလုံးတို့ကို စုံစမ်းလျက်ရှိကြောင်း CDM စစ်သားများအဖွဲ့က ဆိုသည်

ဗိုလ်မှူးမျိုးမင်းထွန်းသည် ပြည်သူ့ဘက်သို့ ပူးပေါင်းလာချိန်တွင် ပြည်သူအများ၏ ထောက်ခံအားပေးမှုကို ရရှိခဲ့သည့်အပြင် CDMပြုလုပ်သူများအနက် အဆင့်မြင့်သူတစ်ဦးဖြစ်သောကြောင့်

အဆင့်နှင့်လျော်ညီစွာ နေထိုင်စားသောက်နိုင်ရေးအတွက် CDM-တပ်မတော်သားများ မှ ဆောင်ရွက်ပေးခဲ့သည့်အပြင်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူများမှလည်း အခြားလိုအပ်သော ထောက်ပံ့မှုများစွာကို ဖြည့်ဆည်းပေးခဲ့ကြကြောင်း၊

သို့ရာတွင် ဗိုလ်မှူးမျိုးမင်းထွန်း၏ ဇနီးဖြစ်သူသည် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနမှ Non-CDM ဒုတိယကျောင်းအုပ်ဆရာမဖြစ်ပြီး

မိသားစုများအား အကြမ်းဖက်စစ်ကောင်စီလက်အောက်မှ လွတ်မြောက်နိုင်ရေးအတွက် CDM တပ်မတော်သားများ မှ ကြိုးစားဆောင်ရွက်ပေးကြသော်လည်း ၎င်းဇနီးဖြစ်သူမှာ လာရောက်လိုခြင်း မရှိခဲ့ကြောင်း သိရှိရသည်

ဗိုလ်မှူးမျိုးမင်းထွန်း CDM ပြုလုပ်ပြီး ရက်ပိုင်းအတွင်း ၎င်း၏ ဇနီးနှင့် မိသားစုဝင်များကို အကြမ်းဖက်စစ်ကောင်စီမှ ခေါ်ယူစစ်ဆေးမေးမြန်းပြီး ခြိမ်းခြောက်မှုများပြုလုပ်ခဲ့မှုကြောင့်

၎င်းသည် နွေဦးတော်လှန်ရေး၏ မည်သည့်နေရာမှ ပါဝင်ခြင်းမပြုရ ဆိုသည့် ကတိစကားကို ဇနီးဖြစ်သူမှတဆင့် အကြမ်းဖက်စစ်ကောင်စီထံသို့ ပေးခဲ့ရကြောင်း သိရှိရသည်

ဗိုလ်မှူးမျိုးမင်းထွန်းသည် ပြည်သူ့ပန်းတိုင်နှင့်တွေ့ဆုံဖြေကြားရာတွင် မည်သူတစ်ဦးတစ်ယောက်မျှ ဖိအားပေးမှု မရှိဘဲ ၎င်း၏ သဘောဆန္ဒအရ တွေ့ဆုံဖြေကြားချက်များသာဖြစ်ပြီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဖိအားပေးပြောဆိုခိုင်းသည့် ညွှန်ကြားမှုများ မရှိခဲ့သည်ကို ဗ်ိုလ်မှူးမျိုးမင်းထွန်း၏ အင်တာဗျူးအား ပြန်လည်ကြည့်ရှုယုံမျှဖြင့် သိရှိနိုင်မည်ဖြစ်ကြောင်း၊

ဗိုလ်မှူးမျိုးမင်းထွန်းသည် တော်လှန်ရေးအပေါ် ယုံကြည်ချက်၊ ခံယူချက်မရှိသည့်အပြင် တော်လှန်ရေးအင်အားစုများအတွက် ၎င်းသိရှိထားသော ပညာရပ်များနှင့် အတွေ့အကြုံများကို

တစ်စုံတစ်ရာကိုမှ မျှဝေခြင်း မရှိခဲ့သော်လည်း ပြည်သူ့ဘက်သို့ ပူးပေါင်းလာသည့်အတွက် ၎င်း၏ ဘဝလုံခြုံရေးနှင့် လိုအပ်ချက်များအားလုံးကို

တတိယနိုင်ငံရောက် CDM တပ်မတော်သားများ၊ ပြည်ပရောက်ပြည်သူများ ပူးပေါင်းဆောင်ရွက်ပေးမှုကြောင့်

မကြာမီကာလ အတွင်း တတိယနိုင်ငံသို့ သွားရောက်ရတော့မည့် အခွင့်အရေးကိုလည်း ရရှိထားသူ တစ်ဦးဖြစ်ကြောင်း CDM တပ်မတော်သားများ၏ ထုတ်ပြန်ချက်တွင် ရှင်းပြထားသည်။

ခရက်ဒစ် အော်ရယ်ဂျင်နယ်

Zawgyi Version ျဖင့္ဖတ္ရန္

ျပည္သူ႕သစၥာေဖာက္အျဖစ္ ေၾကညာလိုက္ၿပီမို႔ အထူးသတိျပဳၾကရန္…

ရန္ကုန္၊ ေအာက္တိုဘာ ၇

စစ္ေကာင္စီေအာက္ ျပန္ ခိုလႈခဲ့သည့္ CDM ဗိုလ္မႉးမ်ိဳးမင္းထြန္းကို ျပည္သူ႕သစၥာေဖာက္အျဖစ္ CDM တပ္မေတာ္သားမ်ားအဖြဲ႕ ၅ ခုက ယေန႔ ေၾကညာသည္

CDM စစ္သားမ်ားအဖြဲ႕ ၅ ခုျဖစ္သည့္ ျပည္သူ႕ရင္ခြင္၊ ျပည္သူ႕ပန္းတိုင္၊ ျပည္သူ႕သားေကာင္း၊

People’s Soldier Defense Force၊ Breaking Brainwashedက ဗိုလ္မႉးမ်ိဳးမင္းထြန္းသည္ CDM ဝင္ခ်ိန္တြင္ အစစအရာရာ အဆင္ေျပေအာင္ ဖန္တီးေပးခဲ့ၿပီး

တတိယႏိုင္ငံသြားရန္ အခြင့္အေရး႐ွိထားခဲ့ေၾကာင္း၊ သို႔ရာတြင္ ဇနီးျဖစ္သူ Non -CDM ေက်ာင္းအုပ္က မပူးေပါင္းဘဲ ေတာ္လွန္ေရးတြင္ မပါဝင္ရန္ ဗိုလ္မႉးမ်ိဳးမင္းထြန္းကို ကတိေတာင္းခဲ့ေၾကာင္း ထုတ္ျပန္ေျပာဆိုသည္

လက္႐ွိ ေအာက္တိုဘာလ ၅ရက္ေန႔တြင္ စစ္ေကာင္စီလက္ေအာက္ခံမီဒီယာမ်ားႏွင့္ ဝါဒျဖန္႔ခ်န္နယ္မ်ားမွ ျဖန္႔ခ်ိခဲ့ေသာ စစ္ေကာင္စီ လက္ေအာက္ခံ ျပန္လည္ ခိုလႈံသြားေသာ ဗိုလ္မႉးမ်ိဳးမင္းထြန္း၏ ထြက္ဆိုခ်က္မ်ားသည္

ေတာ္လွန္ေရးအေပၚ ယုံၾကည္ခ်က္မ႐ွိမႈ၊ စိတ္ဓာတ္ေပ်ာ့ညံမႈ၊ အခက္အခဲမ်ားကို ရင္ဆိုင္ျဖတ္ေက်ာ္လိုစိတ္မ႐ွိမႈႏွင့္ ၎၏ အသက္အႏၲရာယ္ေသဆုံးႏိုင္မႈျဖစ္ေပၚခဲ့သည့္ အေျခအေနတို႔ကို ဖုန္းကြယ္ၿပီး

ပကတိအမွန္တရားမ်ားကို မ်က္ကြယ္ျပဳကာ အမ်ိဳးသားညီၫြတ္ေရးအစိုးရ(NUG) ႏွင့္ CDM ေထာက္ပံ့ေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးေနသည့္ အဖြဲ႕အစည္းမ်ားအား

ထိုးႏွက္တိုက္ခိုက္လိုသည့္ ရည္႐ြယ္ခ်က္ျဖင့္ အၾကမ္းဖက္စစ္ေကာင္စီမွ မဟုတ္မမွန္လိမ္လည္ဝါဒျဖန္႔ရန္ ထြက္ဆိုျခင္းျဖစ္ေၾကာင္း၊

ဗိုလ္မႉးမ်ိဳးမင္းထြန္းကို CDM တပ္မေတာ္သားမ်ားက ဗိုလ္မႉးမ်ိဳးမင္းထြန္းအား ျပည္သူ႕သစၥာေဖာက္အျဖစ္ သတ္မွတ္ေၾကာင္း ေၾကညာခ်က္တြင္ ေဖာ္ျပထားသည္

ဗိုလ္မႉးမ်ိဳးမင္းထြန္း ျဖစ္စဥ္ႏွင့္ပက္သတ္၍ အမွန္အတိုင္း သိ႐ွိရန္ ျပည္သူႏွင့္ပူးေပါင္း ရပ္တည္ေနေသာ မိမိတို႔အမာခံအတြင္းလူမ်ား အကူညီျဖင့္ ပူးေပါင္းပါဝင္သူအားလုံးတို႔ကို စုံစမ္းလ်က္႐ွိေၾကာင္း CDM စစ္သားမ်ားအဖြဲ႕က ဆိုသည္

ဗိုလ္မႉးမ်ိဳးမင္းထြန္းသည္ ျပည္သူ႕ဘက္သို႔ ပူးေပါင္းလာခ်ိန္တြင္ ျပည္သူအမ်ား၏ ေထာက္ခံအားေပးမႈကို ရ႐ွိခဲ့သည့္အျပင္ CDMျပဳလုပ္သူမ်ားအနက္ အဆင့္ျမင့္သူတစ္ဦးျဖစ္ေသာေၾကာင့္

အဆင့္ႏွင့္ေလ်ာ္ညီစြာ ေနထိုင္စားေသာက္ႏိုင္ေရးအတြက္ CDM-တပ္မေတာ္သားမ်ား မွ ေဆာင္႐ြက္ေပးခဲ့သည့္အျပင္

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ႏွင့္ ျပည္သူမ်ားမွလည္း အျခားလိုအပ္ေသာ ေထာက္ပံ့မႈမ်ားစြာကို ျဖည့္ဆည္းေပးခဲ့ၾကေၾကာင္း၊

သို႔ရာတြင္ ဗိုလ္မႉးမ်ိဳးမင္းထြန္း၏ ဇနီးျဖစ္သူသည္ အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္ခံ ပညာေရးဌာနမွ Non-CDM ဒုတိယေက်ာင္းအုပ္ဆရာမျဖစ္ၿပီး

မိသားစုမ်ားအား အၾကမ္းဖက္စစ္ေကာင္စီလက္ေအာက္မွ လြတ္ေျမာက္ႏိုင္ေရးအတြက္ CDM တပ္မေတာ္သားမ်ား မွ ႀကိဳးစားေဆာင္႐ြက္ေပးၾကေသာ္လည္း ၎ဇနီးျဖစ္သူမွာ လာေရာက္လိုျခင္း မ႐ွိခဲ့ေၾကာင္း သိ႐ွိရသည္

ဗိုလ္မႉးမ်ိဳးမင္းထြန္း CDM ျပဳလုပ္ၿပီး ရက္ပိုင္းအတြင္း ၎၏ ဇနီးႏွင့္ မိသားစုဝင္မ်ားကို အၾကမ္းဖက္စစ္ေကာင္စီမွ ေခၚယူစစ္ေဆးေမးျမန္းၿပီး ၿခိမ္းေျခာက္မႈမ်ားျပဳလုပ္ခဲ့မႈေၾကာင့္

၎သည္ ေႏြဦးေတာ္လွန္ေရး၏ မည္သည့္ေနရာမွ ပါဝင္ျခင္းမျပဳရ ဆိုသည့္ ကတိစကားကို ဇနီးျဖစ္သူမွတဆင့္ အၾကမ္းဖက္စစ္ေကာင္စီထံသို႔ ေပးခဲ့ရေၾကာင္း သိ႐ွိရသည္

ဗိုလ္မႉးမ်ိဳးမင္းထြန္းသည္ ျပည္သူ႕ပန္းတိုင္ႏွင့္ေတြ႕ဆုံေျဖၾကားရာတြင္ မည္သူတစ္ဦးတစ္ေယာက္မွ် ဖိအားေပးမႈ မ႐ွိဘဲ ၎၏ သေဘာဆႏၵအရ ေတြ႕ဆုံေျဖၾကားခ်က္မ်ားသာျဖစ္ၿပီး

အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ၏ ဖိအားေပးေျပာဆိုခိုင္းသည့္ ၫႊန္ၾကားမႈမ်ား မ႐ွိခဲ့သည္ကို ဗ္ိဳလ္မႉးမ်ိဳးမင္းထြန္း၏ အင္တာဗ်ဴးအား ျပန္လည္ၾကည့္႐ႈယုံမွ်ျဖင့္ သိ႐ွိႏိုင္မည္ျဖစ္ေၾကာင္း၊

ဗိုလ္မႉးမ်ိဳးမင္းထြန္းသည္ ေတာ္လွန္ေရးအေပၚ ယုံၾကည္ခ်က္၊ ခံယူခ်က္မ႐ွိသည့္အျပင္ ေတာ္လွန္ေရးအင္အားစုမ်ားအတြက္ ၎သိ႐ွိထားေသာ ပညာရပ္မ်ားႏွင့္ အေတြ႕အၾကဳံမ်ားကို

တစ္စုံတစ္ရာကိုမွ မွ်ေဝျခင္း မ႐ွိခဲ့ေသာ္လည္း ျပည္သူ႕ဘက္သို႔ ပူးေပါင္းလာသည့္အတြက္ ၎၏ ဘဝလုံျခဳံေရးႏွင့္ လိုအပ္ခ်က္မ်ားအားလုံးကို

တတိယႏိုင္ငံေရာက္ CDM တပ္မေတာ္သားမ်ား၊ ျပည္ပေရာက္ျပည္သူမ်ား ပူးေပါင္းေဆာင္႐ြက္ေပးမႈေၾကာင့္

မၾကာမီကာလ အတြင္း တတိယႏိုင္ငံသို႔ သြားေရာက္ရေတာ့မည့္ အခြင့္အေရးကိုလည္း ရ႐ွိထားသူ တစ္ဦးျဖစ္ေၾကာင္း CDM တပ္မေတာ္သားမ်ား၏ ထုတ္ျပန္ခ်က္တြင္ ႐ွင္းျပထားသည္။

ခရက္ဒစ္ ေအာ္ရယ္ဂ်င္နယ္