နေ့တိုင်း ဒီလိုလေးပဲ မြင်ချင်ပါတယ်…ယနေ့ ရွှေဈေးနဲ့ ဒေါ်လာဈေးတဲ့
မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရွှေရောင်းချပေးမည်ဟုကြေညာပြီးနောက် ရွှေဈေးကျ
မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များအသင်းက လူတဦးကို ရွှေချိန် ၁၀ ကျပ်သားနှုန်း ရောင်းချပေးမယ်လို့ တရားဝင်ကြေညာပြီးတဲ့နောက်
ဈေးကွက်ထဲမှ ရွှေဈေးက ကျသွားပြီး ထုတ်ရောင်းသူတွေ ရှိလာတယ်လို့ ရွှေဝယ်ရောင်း လုပ်ကိုင်သူတွေက ပြောပါတယ်။
အဆိုပါအသင်းက အောက်တိုဘာ ၇ ရက် ဒီနေ့မွန်းလွဲပိုင်းက အကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သားကို ၂၅ သိန်း ၄ သောင်း ကျပ် သတ်မှတ်ပြီး
လူတဦးကို အလေးချိန် တဆယ် ကျပ်သားရှိ အကယ်ဒမီ(မီးလင်း) အခေါက်ရွှေ တပိုင်းနှုန်းနဲံ ရောင်းချပေးနေတာပါ။
ရောင်းချပေးမယ့် ရွှေချိန်က စုစုပေါင်း ၇ ပိဿာ ရှိမှာဖြစ်ပြီး အသင်းဝင် တွေကိုတော့ ရောင်းချပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
အခုလိုကြေညာပြီးတဲ့နောက် ရန်ကုန်ရွှေဈေးကွက်မှာ အကယ်ဒမီ(မီးလင်း) ရွှေဈေးက ယခုရက်သတ္တပတ်အတွင်းမှာ တကျပ်သားကို ကျပ် ၂၇ သိန်းနီးပါး ရှိခဲ့ရာကနေ
မနေ့က ကျပ် ၂၆ သိန်း ၃ သောင်း နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တကျပ်သားကို ကျပ် ၂၅ သိန်း ၈ သောင်းအထိ ဈေးကျလာပြီး အရောင်းအဝယ် ရှိနေပါတယ်။
ရွှေလုပ်ငန်းရှင်တဦးက “ဝယ်လို့ မရဘူး ဆိုရင်သာ လူတွေက လိုက်ဝယ်ကြတာ။ ဝယ်လို့ ရပြီ ဆိုရင် အဲ့ဒီ့ လိုက်ဝယ်နေတဲ့ သူတွေ အကုန်လုံးက ပြန်ရောင်းကြတာပဲနော်။
ဘာလို့လဲဆို သူတို့က ဒီရွှေကြီးကို မဖြစ်မနေ လိုက်ဝယ်ရမယ်ဆိုတဲ့ သူတွေမှ မဟုတ်တာ။ ဥပမာ ပန်းတိမ်သမား ဆိုရင်တော့ ထားပါတော့။ သူတို့က မဝယ် မဖြစ် ဝယ်ရမယ့် သူတွေလေ။
ငွေပိုနေတဲ့ သူတွေ ဝင်ကစားချင်တဲ့ သူတွေကသာ အဲ့လိုလုပ်နေကြတာ။ အမှန်အတိုင်းပြောရရင် အဲ့လူတွေက မြတ်ရင် ပြန်ရောင်းမယ်ဆိုတဲ့ လှိုင်းစီးချင်တဲ့ သူတွေပေါ့။
သူတို့က ဝင်ကစားနေကြတာလေ။ အခုတော့ သူတို့ ကိုယ်တိုင် ပြန်ရောင်းလာကြတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရန်ကုန်ရွှေဈေးကွက်မှာ လက်ရှိအရောင်းအဝယ်အခြေအနေက ဝယ်သူနဲ့ရောင်းသူတို့အကြားမှာ မျှခြေ ရှိနေတာကြောင့်
ရွှေဈေးက အတက်အကျ မကြမ်းပဲ ဈေးငြိမ်နေဖို့ အလားအလာ ရှိမယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက ခန့်မှန်းထားပါ တယ်။
“ဈေးကွက်သဘောအရ အရောင်းများရင် ဈေးကျမယ်၊ အဝယ်များရင် ဈေးတက်မယ်။ ဒါက သူ့သဘာဝပဲ။
ဒါပေမဲ့ အခုအချိန်က သီတင်းကျွတ်ကာလရောက်ခါနီးဆိုတော့ ရွှေဆိုင်တွေမှာဆိုရင် ဘာတွေ့ရလဲဆိုရင် လက်ဝတ်လက်စား လေးတွေ ပြန်ပြီး အဝယ်ရှိလာတာ တွေ့ရတယ်။
ပြီးတော့ supply side ကကြည့်ရင်လည်း ရွှေတူးဖော်ရေး မိုင်းတွေဖက်က ရွှေအထွက် နည်းနည်း ရှိလာတဲ့အတွက် ဈေးကွက်ထဲကို ဝင်လာတာတွေ ရှိလာတယ်။
တခါ ပဲ၊နှမ်း လှောင်ကုန်သမားတွေ ကလည်း အရင်က သူတို့ ဝယ်ထားတဲ့ ရွှေတွေကို ပြန်ထုတ်ကြပြီး ပဲ၊နှမ်း လှောင်ကုန်တွေဖက်ကို ပြန်လှည့်လာကြတယ်။
ဒီတော့ ထွက်တဲ့ ရွှေ နဲ့ ဒီဖက်မှာ အဝယ်က မျှနေတယ်။ ဒါပေမဲ့ တခုတော့ ရှိတယ်။
ဘာလဲဆိုရင် ကမ္ဘာ့ရွှေဈေးက ရုတ်ချည်း မြှင့်တက်သွားတာ ဒါမှမဟုတ် တခြား ပယောဂ အကြောင်းတခုခုကြောင့်သာ ရွှေဈေးက အပြောင်းအလဲ ဖြစ်နိုင်မယ်။
အဲ့လိုမှ မဟုတ်ရင်တော့ ပြည်တွင်း ရွှေဈေးက အတက်အကျ မကြမ်းပဲ ဈေးငြိမ်နေမယ့် သဘောပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့ မွန်းလွဲပိုင်းမှာ ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၁၁ ဒေါ်လာ ရှိပြီး
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ အခြေခံရည်ညွှန်း ရွှေဈေးနှုန်းက အကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သားကို ကျပ် သိန်း ၂၀ နဲ့ ၅ ထောင် သတ်မှတ်ပေးထားပါတယ်။
အလားတူ ပြည်တွင်း နိုင်ငံခြားငွေကြေးဈေးကွက်မှာ အမေရိကန် တဒေါ်လာ တန်ဖိုးက မြန်မာငွေ ၂၉၀၀ ကျပ် စွန်းစွန်းနဲ့ အရောင်းအဝယ် ရှိနေပြီး
ဗဟိုဘဏ်က သတ်မှတ်တဲ့ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းက အမေရိကန် တဒေါ်လာကို မြန်မာငွေ ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ပေးထားပါတယ်။
Source – ဒီဗွီဘီ
Zawgyi Version ျဖင့္ဖတ္ရန္
ေန႔တိုင္း ဒီလိုေလးပဲ ျမင္ခ်င္ပါတယ္…ယေန႔ ေ႐ႊေဈးနဲ႔ ေဒၚလာေဈးတဲ့
မႏၲေလးတိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းက ေ႐ႊေရာင္းခ်ေပးမည္ဟုေၾကညာၿပီးေနာက္ ေ႐ႊေဈးက်
မႏၲေလးတိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းက လူတဦးကို ေ႐ႊခ်ိန္ ၁၀ က်ပ္သားႏႈန္း ေရာင္းခ်ေပးမယ္လို႔ တရားဝင္ေၾကညာၿပီးတဲ့ေနာက္
ေဈးကြက္ထဲမွ ေ႐ႊေဈးက က်သြားၿပီး ထုတ္ေရာင္းသူေတြ ႐ွိလာတယ္လို႔ ေ႐ႊဝယ္ေရာင္း လုပ္ကိုင္သူေတြက ေျပာပါတယ္။
အဆိုပါအသင္းက ေအာက္တိုဘာ ၇ ရက္ ဒီေန႔မြန္းလြဲပိုင္းက အကယ္ဒမီ(မီးလင္း)အေခါက္ေ႐ႊ တက်ပ္သားကို ၂၅ သိန္း ၄ ေသာင္း က်ပ္ သတ္မွတ္ၿပီး
လူတဦးကို အေလးခ်ိန္ တဆယ္ က်ပ္သား႐ွိ အကယ္ဒမီ(မီးလင္း) အေခါက္ေ႐ႊ တပိုင္းႏႈန္းနဲံ ေရာင္းခ်ေပးေနတာပါ။
ေရာင္းခ်ေပးမယ့္ ေ႐ႊခ်ိန္က စုစုေပါင္း ၇ ပိႆာ ႐ွိမွာျဖစ္ၿပီး အသင္းဝင္ ေတြကိုေတာ့ ေရာင္းခ်ေပးမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။
အခုလိုေၾကညာၿပီးတဲ့ေနာက္ ရန္ကုန္ေ႐ႊေဈးကြက္မွာ အကယ္ဒမီ(မီးလင္း) ေ႐ႊေဈးက ယခုရက္သတၱပတ္အတြင္းမွာ တက်ပ္သားကို က်ပ္ ၂၇ သိန္းနီးပါး ႐ွိခဲ့ရာကေန
မေန႔က က်ပ္ ၂၆ သိန္း ၃ ေသာင္း နဲ႔ အေရာင္းအဝယ္ ျဖစ္ခဲ့ပါတယ္။ ဒီေန႔မွာေတာ့ တက်ပ္သားကို က်ပ္ ၂၅ သိန္း ၈ ေသာင္းအထိ ေဈးက်လာၿပီး အေရာင္းအဝယ္ ႐ွိေနပါတယ္။
ေ႐ႊလုပ္ငန္း႐ွင္တဦးက “ဝယ္လို႔ မရဘူး ဆိုရင္သာ လူေတြက လိုက္ဝယ္ၾကတာ။ ဝယ္လို႔ ရၿပီ ဆိုရင္ အဲ့ဒီ့ လိုက္ဝယ္ေနတဲ့ သူေတြ အကုန္လုံးက ျပန္ေရာင္းၾကတာပဲေနာ္။
ဘာလို႔လဲဆို သူတို႔က ဒီေ႐ႊႀကီးကို မျဖစ္မေန လိုက္ဝယ္ရမယ္ဆိုတဲ့ သူေတြမွ မဟုတ္တာ။ ဥပမာ ပန္းတိမ္သမား ဆိုရင္ေတာ့ ထားပါေတာ့။ သူတို႔က မဝယ္ မျဖစ္ ဝယ္ရမယ့္ သူေတြေလ။
ေငြပိုေနတဲ့ သူေတြ ဝင္ကစားခ်င္တဲ့ သူေတြကသာ အဲ့လိုလုပ္ေနၾကတာ။ အမွန္အတိုင္းေျပာရရင္ အဲ့လူေတြက ျမတ္ရင္ ျပန္ေရာင္းမယ္ဆိုတဲ့ လိႈင္းစီးခ်င္တဲ့ သူေတြေပါ့။
သူတို႔က ဝင္ကစားေနၾကတာေလ။ အခုေတာ့ သူတို႔ ကိုယ္တိုင္ ျပန္ေရာင္းလာၾကတယ္” လို႔ ဒီဗြီဘီကို ေျပာပါတယ္။
ရန္ကုန္ေ႐ႊေဈးကြက္မွာ လက္႐ွိအေရာင္းအဝယ္အေျခအေနက ဝယ္သူနဲ႔ေရာင္းသူတို႔အၾကားမွာ မွ်ေျခ ႐ွိေနတာေၾကာင့္
ေ႐ႊေဈးက အတက္အက် မၾကမ္းပဲ ေဈးၿငိမ္ေနဖို႔ အလားအလာ ႐ွိမယ္လို႔ ေဈးကြက္ေစာင့္ၾကည့္သူေတြက ခန္႔မွန္းထားပါ တယ္။
“ေဈးကြက္သေဘာအရ အေရာင္းမ်ားရင္ ေဈးက်မယ္၊ အဝယ္မ်ားရင္ ေဈးတက္မယ္။ ဒါက သူ႕သဘာဝပဲ။
ဒါေပမဲ့ အခုအခ်ိန္က သီတင္းကြၽတ္ကာလေရာက္ခါနီးဆိုေတာ့ ေ႐ႊဆိုင္ေတြမွာဆိုရင္ ဘာေတြ႕ရလဲဆိုရင္ လက္ဝတ္လက္စား ေလးေတြ ျပန္ၿပီး အဝယ္႐ွိလာတာ ေတြ႕ရတယ္။
ၿပီးေတာ့ supply side ကၾကည့္ရင္လည္း ေ႐ႊတူးေဖာ္ေရး မိုင္းေတြဖက္က ေ႐ႊအထြက္ နည္းနည္း ႐ွိလာတဲ့အတြက္ ေဈးကြက္ထဲကို ဝင္လာတာေတြ ႐ွိလာတယ္။
တခါ ပဲ၊ႏွမ္း ေလွာင္ကုန္သမားေတြ ကလည္း အရင္က သူတို႔ ဝယ္ထားတဲ့ ေ႐ႊေတြကို ျပန္ထုတ္ၾကၿပီး ပဲ၊ႏွမ္း ေလွာင္ကုန္ေတြဖက္ကို ျပန္လွည့္လာၾကတယ္။
ဒီေတာ့ ထြက္တဲ့ ေ႐ႊ နဲ႔ ဒီဖက္မွာ အဝယ္က မွ်ေနတယ္။ ဒါေပမဲ့ တခုေတာ့ ႐ွိတယ္။
ဘာလဲဆိုရင္ ကမ႓ာ့ေ႐ႊေဈးက ႐ုတ္ခ်ည္း ျမႇင့္တက္သြားတာ ဒါမွမဟုတ္ တျခား ပေယာဂ အေၾကာင္းတခုခုေၾကာင့္သာ ေ႐ႊေဈးက အေျပာင္းအလဲ ျဖစ္ႏိုင္မယ္။
အဲ့လိုမွ မဟုတ္ရင္ေတာ့ ျပည္တြင္း ေ႐ႊေဈးက အတက္အက် မၾကမ္းပဲ ေဈးၿငိမ္ေနမယ့္ သေဘာပါ” လို႔ ဒီဗြီဘီကို ေျပာပါတယ္။
ဒီကေန႔ မြန္းလြဲပိုင္းမွာ ကမ႓ာ့ေ႐ႊေဈးက တေအာင္စကို အေမရိကန္ေဒၚလာ ၁၇၁၁ ေဒၚလာ ႐ွိၿပီး
ရန္ကုန္တိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းရဲ႕ အေျခခံရည္ၫႊန္း ေ႐ႊေဈးႏႈန္းက အကယ္ဒမီ(မီးလင္း)အေခါက္ေ႐ႊ တက်ပ္သားကို က်ပ္ သိန္း ၂၀ နဲ႔ ၅ ေထာင္ သတ္မွတ္ေပးထားပါတယ္။
အလားတူ ျပည္တြင္း ႏိုင္ငံျခားေငြေၾကးေဈးကြက္မွာ အေမရိကန္ တေဒၚလာ တန္ဖိုးက ျမန္မာေငြ ၂၉၀၀ က်ပ္ စြန္းစြန္းနဲ႔ အေရာင္းအဝယ္ ႐ွိေနၿပီး
ဗဟိုဘဏ္က သတ္မွတ္တဲ့ ရည္ၫႊန္းႏိုင္ငံျခားေငြလဲႏႈန္းက အေမရိကန္ တေဒၚလာကို ျမန္မာေငြ ၂၁၀၀ က်ပ္ႏႈန္း သတ္မွတ္ေပးထားပါတယ္။
Source – ဒီဗြီဘီ