News

စိတ်မကောင်းစရာကွာ…ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖြစ်ပြန်ပီ

စိတ်မကောင်းစရာကွာ…ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖြစ်ပြန်ပီ

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းဖြတ်ကူးသည့် နွားတစ်ကောင်အား ခရီးသည်တင်ကားက တိုက်မိပြီး တိမ်းမှောက်

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဘုရားတောင်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင်း၌

အောက်တိုဘာ ၇ ရက်(ယနေ့)နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းမှ သိရသည်။

ယနေ့နေ့လည် ၃ နာရီ ၂၀ မိနစ်ခန့်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏

ဘုရားတောင်အမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အမှတ် ၂၄၀/၆ နှင့် ၂၄၀/၇ ကြားဖြစ်ပွားခဲ့ခြင်းဖြစ် သည်။

ရန်ကုန်ဘက်မှမန္တလေးဘက်သို့ ယာဉ်မောင်းအပါအဝင် အမျိုးသား ၂၀ ဦးနှင့်အမျိုးသမီး ၂၁ ဦး(စုစုပေါင်း ၄၁ ဦး)လိုက်ပါလာသည့်

ခရီးသည်တင်ကားသည် အခင်းဖြစ်နေရာအရောက် လမ်း ဖြတ်ကူးလာသည့် နွားတစ်ကောင်အားဝင်တိုက်မိခဲ့သည်။

ဖြစ်စဉ်အား ဘုရားတောင်အမြန်လမ်းမီးသတ်စခန်းနှင့်ဘုရားတောင်အမြန်လမ်းရဲစခန်းတို့မှ တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ

ခရီးသည်တင်ကားပေါ်၌ လိုက်ပါလာသူများအနက် အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဘုရားတောင်အမြန်လမ်းမီးသတ်တပ် ဖွဲ့စခန်းအပိုင် လူနာတင်ကားဖြင့် နေပြည်တော်ကုတင် ၁၀၀၀ ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

Credit to Orginal

Zawgyi Version ျဖင့္ဖတ္ရန္

စိတ္မေကာင္းစရာကြာ…ရန္ကုန္-မႏၲေလး အျမန္လမ္းမွာ ျဖစ္ျပန္ပီ

ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ လမ္းျဖတ္ကူးသည့္ ႏြားတစ္ေကာင္အား ခရီးသည္တင္ကားက တိုက္မိၿပီး တိမ္းေမွာက္

ရန္ကုန္-မႏၲေလးအျမန္လမ္းမႀကီး၏ ဘုရားေတာင္အျမန္လမ္းမီးသတ္တပ္ဖြဲ႕စခန္းအပိုင္း၌

ေအာက္တိုဘာ ၇ ရက္(ယေန႔)ေန႔လည္ပိုင္းက ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း အျမန္လမ္းမီးသတ္တပ္ဖြဲ႕စခန္းမွ သိရသည္။

ယေန႔ေန႔လည္ ၃ နာရီ ၂၀ မိနစ္ခန္႔က ရန္ကုန္-မႏၲေလး အျမန္လမ္းမႀကီး၏

ဘုရားေတာင္အျမန္လမ္းမီးသတ္တပ္ဖြဲ႕စခန္းအပိုင္ မိုင္တိုင္အမွတ္ ၂၄၀/၆ ႏွင့္ ၂၄၀/၇ ၾကားျဖစ္ပြားခဲ့ျခင္းျဖစ္ သည္။

ရန္ကုန္ဘက္မွမႏၲေလးဘက္သို႔ ယာဥ္ေမာင္းအပါအဝင္ အမ်ိဳးသား ၂၀ ဦးႏွင့္အမ်ိဳးသမီး ၂၁ ဦး(စုစုေပါင္း ၄၁ ဦး)လိုက္ပါလာသည့္

ခရီးသည္တင္ကားသည္ အခင္းျဖစ္ေနရာအေရာက္ လမ္း ျဖတ္ကူးလာသည့္ ႏြားတစ္ေကာင္အားဝင္တိုက္မိခဲ့သည္။

ျဖစ္စဥ္အား ဘုရားေတာင္အျမန္လမ္းမီးသတ္စခန္းႏွင့္ဘုရားေတာင္အျမန္လမ္းရဲစခန္းတို႔မွ တပ္ဖြဲ႕ဝင္မ်ားက ကူညီကယ္ဆယ္ေရးလုပ္ငန္းမ်ားေဆာင္႐ြက္ခဲ့ရာ

ခရီးသည္တင္ကားေပၚ၌ လိုက္ပါလာသူမ်ားအနက္ အမ်ိဳးသား ၂ ဦးတြင္ ထိခိုက္ဒဏ္ရာမ်ားရ႐ွိခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဘုရားေတာင္အျမန္လမ္းမီးသတ္တပ္ ဖြဲ႕စခန္းအပိုင္ လူနာတင္ကားျဖင့္ ေနျပည္ေတာ္ကုတင္ ၁၀၀၀ ေဆး႐ုံႀကီးသို႔ပို႔ေဆာင္ခဲ့ၾကေၾကာင္း သိရသည္။

Credit to Orginal