ကြားသိရသမျှ

ရွှေစျေးထိန်းတဲ့အနေနဲ့ ရွှေစင်တုံး ရွှေစင်ခဲတွေကို…

ရွှေစျေးထိန်းတဲ့အနေနဲ့ ရွှေစင်တုံး ရွှေစင်ခဲတွေကို…

ရွှေစျေးထိန်းတဲ့အနေနဲ့ ရွှေစင်တုံး ရွှေစင်ခဲတွေကို တောက်လျှောက် ရောင်းပေးတော့မည်၊ ရွှေစျေးတွေ ကျတော့မည်လော..

ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို သတ်မှတ်ရာနေရာတွေမှာ တောက်လျှောက် ရောင်းပေးတော့မှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကနေ သိရပါတယ်။

နစကအနေနဲ့ ရန်ကုန်နဲ့မန္တလေးမှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ရောင်းချပေးနေတာဖြစ်ပြီး

ပြည်တွင်းကုန်ဈေးနှုန်းနဲ့ ရွှေဈေးနှုန်းကို ထိန်းပေးတဲ့သဘောဖြစ်တယ်လို့ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောပါတယ်။

“ဒီ ရွှေရောင်းပေးတာက ပုံမှန်အတိုင်းပဲ ဖြစ်သွားတော့မှာပါ။ ဌာနကလည်း တောက်လျှောက် ရောင်းပေးသွားတော့မယ့်သဘောရှိပါတယ်။

ပြင်ပဈေးကိုလည်း ထိန်းတဲ့သဘောပဲပေါ့” လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။

အောက်တိုဘာ ၆ ရက်မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါစနစ်နဲ့ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နဲ့

မန္တလေးမြို့ရှိ Star Mart Mandalay တို့မှာ အောက်တိုဘာ ၆ ရက်၊ မွန်းလွဲ ၁ နာရီကနေ ၃ နာရီအတွင်း ထပ်မံရောင်းချပေးသွားမှာ ဖြစ်တယ်လို့

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ကလည်း ရွှေတုံး၊ ရွှေခဲ ၃ ပိဿာကို ‌ပထမအကြိမ်အဖြစ် ရောင်းချပေးခဲ့ပေမယ့်

အဲ့ဒီ့အချိန်‌တုန်းကတော့ တင်ဒါဆွဲမယ့်သူမရှိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့အပတ်ကတော့ ရွှေဈေးက ကျနေတဲ့အချိန်ပေါ့။ အပေါ်ကနေ တောက်လျှောက်ပြုတ်ကျလာတဲ့အချိန် ၂၅ သိန်း ‌၆ သောင်းလောက်မှာ၊ အပြင်မှာပေါက်တာကလည်း အဲ့ဒီ့ဈေး၊

တင်ဒါကြမ်းခင်းဈေးကလည်း ဒီဈေးပဲဆိုတော့ ကျနေတဲ့ဟာကို အကုန်လုံးက သိနေတဲ့အခါကျတော့ တင်ဒါဆွဲတဲ့သူမရှိဘူးပေါ့။

ဒီနေ့ကတော့ဈေးက တက်တယ်လည်းမဟုတ်ဘူး၊ ကျတယ်လည်းမဟုတ်ဘူး။

ကမ္ဘာ့ဈေးနဲ့ ပြည်တွင်းဒေါ်လာကလည်း ပုံမှန်အတိုင်းဖြစ်နေတယ်။ ဒီနေ့ကတော့ စောင့်ကြည့်ရဦးမှာပေါ့” လို့ YGEA ဥက္ကဋ္ဌက ပြောပါတယ်။

ဒါ့အပြင် ရွှေဒင်္ဂါးပြားတွေ ရောင်းချတာနေတာကိုလည်း အရင်အတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရ သတင်းတခုကတော့.. (၇. ၁၀. ၂၀၂၂) နေ့ နေ့လည် ၂ နာရီမှစ၍ မန္တလေးတိုင်းရွှေလုပ်ငန်းရှင်များ အသင်းရုံးမှာ လူတစ်ဦးကို ရွှေတစ်ပိုင်း (၁၀ ကျပ်သား) နှုန်းဖြင့် စျေးသက်သာစွာ ရောင်းချပေးပါမည်ဟု သိရပါသည်။

မန်းတိုင်းရွှေလုပ်ငန်းရှင်များအသင်းက ရောင်းပေးမှာဖြစ်ပြီး ၇ ပိဿာအထိ ရောင်းပေးပါမယ်တဲ့။

အသင်းသားမျာမှလွဲ မည်သူမဆို လွတ်လပ်စွာ လာရောက်၀ယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Source – White Sone

Zawgyi Version ျဖင့္ဖတ္ရန္

ေ႐ႊေစ်းထိန္းတဲ့အေနနဲ႔ ေ႐ႊစင္တုံး ေ႐ႊစင္ခဲေတြကို…

ေ႐ႊေစ်းထိန္းတဲ့အေနနဲ႔ ေ႐ႊစင္တုံး ေ႐ႊစင္ခဲေတြကို ေတာက္ေလွ်ာက္ ေရာင္းေပးေတာ့မည္၊ ေ႐ႊေစ်းေတြ က်ေတာ့မည္ေလာ..

ေ႐ႊစင္တုံးနဲ႔ ေ႐ႊစင္ခဲေတြကို သတ္မွတ္ရာေနရာေတြမွာ ေတာက္ေလွ်ာက္ ေရာင္းေပးေတာ့မွာျဖစ္တယ္လို႔ ရန္ကုန္တိုင္း ေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္း (YGEA) ကေန သိရပါတယ္။

နစကအေနနဲ႔ ရန္ကုန္နဲ႔မႏၲေလးမွာ ေ႐ႊစင္တုံးနဲ႔ ေ႐ႊစင္ခဲေတြကို ေရာင္းခ်ေပးေနတာျဖစ္ၿပီး

ျပည္တြင္းကုန္ေဈးႏႈန္းနဲ႔ ေ႐ႊေဈးႏႈန္းကို ထိန္းေပးတဲ့သေဘာျဖစ္တယ္လို႔ ရန္ကုန္ေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္း ဥကၠ႒ ဦးမ်ိဳးျမင့္က ေျပာပါတယ္။

“ဒီ ေ႐ႊေရာင္းေပးတာက ပုံမွန္အတိုင္းပဲ ျဖစ္သြားေတာ့မွာပါ။ ဌာနကလည္း ေတာက္ေလွ်ာက္ ေရာင္းေပးသြားေတာ့မယ့္သေဘာ႐ွိပါတယ္။

ျပင္ပေဈးကိုလည္း ထိန္းတဲ့သေဘာပဲေပါ့” လို႔ YGEA ဥကၠ႒က ေျပာပါတယ္။

ေအာက္တိုဘာ ၆ ရက္မွာ ေ႐ႊစင္တုံးနဲ႔ ေ႐ႊစင္ခဲ ၃ ပိႆာစီကို ေဈးၿပိဳင္တင္ဒါစနစ္နဲ႔ ရန္ကုန္ၿမိဳ႕၊ ကမ႓ာေအးဘုရားလမ္းမွာ႐ွိတဲ့ ျမန္မာ့ေက်ာက္မ်က္ရတနာျပတိုက္(ရန္ကုန္)နဲ႔

မႏၲေလးၿမိဳ႕႐ွိ Star Mart Mandalay တို႔မွာ ေအာက္တိုဘာ ၆ ရက္၊ မြန္းလြဲ ၁ နာရီကေန ၃ နာရီအတြင္း ထပ္မံေရာင္းခ်ေပးသြားမွာ ျဖစ္တယ္လို႔

သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရး ဝန္ႀကီးဌာနအေနနဲ႔ ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၉ ရက္ေန႔ကလည္း ေ႐ႊတုံး၊ ေ႐ႊခဲ ၃ ပိႆာကို ‌ပထမအႀကိမ္အျဖစ္ ေရာင္းခ်ေပးခဲ့ေပမယ့္

အဲ့ဒီ့အခ်ိန္‌တုန္းကေတာ့ တင္ဒါဆြဲမယ့္သူမ႐ွိ ျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

“ၿပီးခဲ့တဲ့အပတ္ကေတာ့ ေ႐ႊေဈးက က်ေနတဲ့အခ်ိန္ေပါ့။ အေပၚကေန ေတာက္ေလွ်ာက္ျပဳတ္က်လာတဲ့အခ်ိန္ ၂၅ သိန္း ‌၆ ေသာင္းေလာက္မွာ၊ အျပင္မွာေပါက္တာကလည္း အဲ့ဒီ့ေဈး၊

တင္ဒါၾကမ္းခင္းေဈးကလည္း ဒီေဈးပဲဆိုေတာ့ က်ေနတဲ့ဟာကို အကုန္လုံးက သိေနတဲ့အခါက်ေတာ့ တင္ဒါဆြဲတဲ့သူမ႐ွိဘူးေပါ့။

ဒီေန႔ကေတာ့ေဈးက တက္တယ္လည္းမဟုတ္ဘူး၊ က်တယ္လည္းမဟုတ္ဘူး။

ကမ႓ာ့ေဈးနဲ႔ ျပည္တြင္းေဒၚလာကလည္း ပုံမွန္အတိုင္းျဖစ္ေနတယ္။ ဒီေန႔ကေတာ့ ေစာင့္ၾကည့္ရဦးမွာေပါ့” လို႔ YGEA ဥကၠ႒က ေျပာပါတယ္။

ဒါ့အျပင္ ေ႐ႊဒဂၤါးျပားေတြ ေရာင္းခ်တာေနတာကိုလည္း အရင္အတိုင္း ဆက္လက္ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေနာက္ဆုံးရ သတင္းတခုကေတာ့.. (၇. ၁၀. ၂၀၂၂) ေန႔ ေန႔လည္ ၂ နာရီမွစ၍ မႏၲေလးတိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ား အသင္း႐ုံးမွာ လူတစ္ဦးကို ေ႐ႊတစ္ပိုင္း (၁၀ က်ပ္သား) ႏႈန္းျဖင့္ ေစ်းသက္သာစြာ ေရာင္းခ်ေပးပါမည္ဟု သိရပါသည္။

မန္းတိုင္းေ႐ႊလုပ္ငန္း႐ွင္မ်ားအသင္းက ေရာင္းေပးမွာျဖစ္ၿပီး ၇ ပိႆာအထိ ေရာင္းေပးပါမယ္တဲ့။

အသင္းသားမ်ာမွလြဲ မည္သူမဆို လြတ္လပ္စြာ လာေရာက္၀ယ္ယူႏိုင္ပါေၾကာင္း သတင္းေကာင္းပါးလိုက္ပါတယ္။

Source – White Sone