ရဲမှူးကြီးအယောင်ဆောင်ပြီး ရဲစခန်းထဲကိုဝင် ရဲအစစ်တွေကို ဒိုက်ထိုးခိုင်း…
ဖိုက်တာဆိုတာ ဒီလိုကောင်မျိုးမှ တကယ်။
ရဲမှူးကြီးအယောင်ဆောင်ပြီး ရဲစခန်းထဲကိုဝင် ရဲအစစ်တွေကို ဒိုက်ထိုးခိုင်းတာတဲ့။
“ခန်ဖွန်”ဆိုတဲ့ ထိုင်းလူမျိုးတစ်ယောက်ဟာ ထိုင်းရဲအရာရှိ ဟန်ဆောင်ပြီး
ထိုင်းရဲစခန်းတစ်ခုထဲဝင်သွားကာ ရဲအစစ်တွေကို ဒိုက်ထိုးခိုင်းခဲ့ပါတယ်။
စခန်းထဲက ရဲတွေဟာ ဒိုက်ထိုးပြီးတဲ့အခါ မသင်္ကာတဲ့အတွက်
အဲဒီ့ရဲအရာရှိကိုစစ်ဆေးတဲ့အခါ ရဲအတုဖြစ်နေခဲ့ပါတယ်။
“ခန်ဖွန်”ဟာ အဲဒီ့ရဲစခန်းမှာ ရဲမှူးကြီးအဖြစ်တာဝန်ထမ်းဆောင်ရန် တာဝန်ကျတဲ့အတွက်
လာရောက်သတင်းပို့တာဖြစ်တယ်ဆိုပြီး စခန်းထဲကိုဝင်လာခဲ့တာပါ။
သူဟာ ရဲဝတ်စုံကို အွန်လိုင်းကနေ ဝယ်ယူခဲ့ပြီး
ရဲအတုလုပ်ခဲ့တယ်လို့ ဝန်ခံခဲ့ပြီး အခုတော့ အချုပ်ထဲရောက်သွားခဲ့ပါပြီ။
ထိုင်းနိုင်ငံမှာ သွားလာကြရင်း ရဲကအကြောင်းမဲ့ စစ်ဆေးခံရတယ်ဆိုရင် သူတို့ရဲ့ ရဲကဒ်ကိုတောင်းယူကြည့်လို့ရပါတယ်။
သူတို့စစ်ဆေးနေစဉ်မှာလည်း ဖုန်းနဲ့ video ရိုက်ထားခွင့် ရှိပါတယ်တဲ့။
credit
Zawgyi Version ဖြင့်ဖတ်ရန်