News

အိမ်တစ်အိမ်ကို လူတစ်စုက ဓ-ားပြတိုက်ကာ အိမ်ရှင်အမျိုးသားကိုလည်း

အိမ်တစ်အိမ်ကို လူတစ်စုက ဓ-ားပြတိုက်ကာ အိမ်ရှင်အမျိုးသားကိုလည်း

အိမ်တစ်အိမ်ကို ဓါးပြတိုက်ကာ လူတစ်ဦးကိုလည်း ေ-သနတ်နဲ့ ပ-စ်သ–တ်သွား

အောက်တိုဘာ၈၊ ၂၀၂၂

အောက်တိုဘာ ၇ ရက် ညနေ ၇နာရီမှာ မုံရွာစက်မှုဇုန်ထဲက နေအိမ်တစ်လုံးကို လူတစ်စုက ‌ေ-သနတ် တွေနဲ့ ဝင်လာကာ အသက် ၃၀ ဝန်းကျင် အိမ်ရှင်အမျိုးသားကို ပ-စ်သ-တ်ခဲ့ပြီး

ငွေ နဲ့ ဆိုင်ကယ် ၂ စီးကို လုယူသွားတယ်လို့ မုံရွာ စက်မှုဇုန်အတွင်း နေထိုင်သူတစ်ဦးက Burma VJ ကိုပြောပါတယ်။

“မနေ့ည ၇ နာရီပတ်ဝန်းကျင်မှာ မုံရွာစက်မှုဇုန်ထဲက အိမ်ကိုဝင်လာပြီး ဒမြတိုက်တာမဟုတ်ဘူး၊ မဆိုင်သူမကပ်နဲ့ ကပ်ရင် ပ-စ်သ-တ်မယ်ဆိုပြီး ဝင်လာတာ။

ကလေးနဲ့မိန်းမကို အခန်းထဲမှာ ပိတ်ထားပြီး၊ မင်းက ငါ့ဆရာရဲ့ စီးပွားရေးကို ဖြတ်ခုတ်တယ် ဘာညာပြောပြီး ခေါင်းကို ၂ ချက်ပ-စ်တယ်၊

အိမ်မှာ ရှိနေ တဲ့ ငွေရယ်၊ ဆိုင်ကယ် ၂ စီးရယ်ကို ယူသွားတယ်” လို့ပြောပါတယ်။

အခုလို လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး ရပ်ကွက်နေပြည်သူတစ်ဦးက အခုလိုပြောပါတယ်။

“ဆုံးသွားတဲ့ ကိုသက်က လူအေးပါ၊ လာတဲ့သူတွေက ပျူစောထီးနဲ့ ဆက်စပ်ပတ်သက်သူတွေဖြစ်နိုင် တယ်၊ သူက ရွှေမျောသံဖောင်လုပ်ငန်းလုပ်တာ၊

စီးပွားရေးသမားအချင်းချင်း လက်ထောက်ချတာခံရ ပုံရတယ်၊ ကိုသက်အသ-တ်ခံရတာကို ရဲစခန်းကိုအကြောင်းကြားတော့လည်း ရဲစခန်းက ခပ်အေးအေးပဲ ၊

အဲဒီထိပ်နား သိပ်မကွာတဲ့ နေရာမှာ လုံခြုံရေးယူထားတဲ့ တပ်ရှိနေတာတောင် အချိန်တော်တော်ကြာမှ စစ်တာဆေးတာ လာလုပ်တယ်။

သူတို့ရဲ့ အခြေအနေကို ကြည့်ရတာ ပျူစောထီးတွေနဲ့ ပတ်သက်မယ်” လို့ ရပ်ကွက်နေပြည်သူတွေက ယူဆနေတာပါ။

ရပ်ကွက်ထဲမှာ ကြောက်လန့်နေကြတာကြောင့် ပြည်သူတစ်ချို့ ရှောင်တိမ်းသွားကြတယ်လို့လည်း ဆက်ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီး ၂ နှစ်နီးပါးကြာတဲ့အချိန်မှာ မြို့ကြီးတွေပေါ်မှာတောင် လူသ-တ်တာ၊ လုယက်တာတွေ ပိုလုပ်နေတယ်လို့လည်း ပြောပါတယ်။

Credit

Zawgyi Version ဖြင့်ဖတ်ရန်



အောက်တိုဘာ၈၊ ၂၀၂၂













Credit