News

ကိုယ်ဝန်ဆောင်မိခင်ကို အthetခံရမှုမှာ ပါဝင်တဲ့ နယ်ထိန်း ၂ ဦး…

ကိုယ်ဝန်ဆောင်မိခင်ကို အthetခံရမှုမှာ ပါဝင်တဲ့ နယ်ထိန်း ၂ ဦး…

ကိုယ်ဝန်ဆောင်မိခင်ကို သ-တ်ဖြတ်ရာမှာ ပါဝင်တဲ့ နယ်ထိန်း ၂ ဦးစလုံး ကားတိုက်ခံရပြီး ေ-သဆုံး

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(မအူပင်)၊ အောက်တိုဘာလ ၉ ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ အောက်တိုဘာလ ၇ ရက်နေ့က မြို့မရဲစခန်းက နယ်ထိန်း ၂ ဦး ဆိုင်ကယ်စီးလာချိန် ကားနဲ့ မျက်နှာချင်းဆိုင်တိုက်မိလို့ ၂ ဦးစလုံး ‌ေ-သဆုံးခဲ့တယ်လို့ သိရပါတယ်။

အရက်သောက်ပြီး ဆိုင်ကယ်မောင်းလာချိန်မှာ ကားနဲ့ မျက်နှာချင်းဆိုင်တိုက်ခဲ့တာပြီး နယ်ထိန်းတစ်ဦး ပွဲချင်းပြီး ‌ေ-သဆုံးခဲ့ပေမယ့်

ကျန်တစ်ဦးကတော့ ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ်လူနာအဖြစ်ကုသမှုခံယူနေချိန်မှာ ထပ်မံ ‌ေ-သဆုံးခဲ့တာလို့ ​ရဲတပ်ဖွဲ့န့နီးစပ်သူတွေဆီက သိရပါတယ်။

“ တစ်ယောက်က ပွဲချင်းပြီးတယ်။ နောက်တစ်ယောက်က ရန်ကုန်တက်ကုနေရင်း ထပ်ဆုံးတာ။

သူတို့ ၂ ယောက်စလုံးက မတင်မော်လင်း ‌ေ-သဆုံးတဲ့အမှုမှာ ပါဝင်တဲ့သူတွေပါ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

‌ေ-သဆုံးသူတွေဟာ အမှတ် ၁ ရပ်ကွက်နယ်ထိန်း အောင်ဖြိုးဟိန်းနဲ့ ဒုတပ်ကြပ် အောင်အောင်တို့ဖြစ်ကြပြီး

၂ ဦးစလုံးမှာ ကိုယ်ဝန်ဆောင် မတင်မော်လင်းကို ရဲစခန်းမှာ သေဆုံးတဲ့အထိ ဝိုင်းရိုက်နှက်တဲ့အထဲမှာ ပါဝင်ခဲ့သူတွေလို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူအချို့က ဆိုပါတယ်။

ကိုယ်ဝန်ဆောင် မတင်မော်လင်းကို ရဲစခန်းမှာ ‌ေ-သဆုံးအောင် ရိုက်နှက်ခဲ့သူတွေထဲက ရဲအရာရှိ ၁ ဦးလည်း ကားမှောက်ပြီး လက်နဲ့ နံရိုးကျိုးတာတွေ ဖြစ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

Source – Ayeyarwaddy_Times

Zawgyi Version ဖြင့်ဖတ်ရန်












