News

လျှပ်စစ်မန်နေဂျာရုံးတွင် အစောင့် တာဝန်ကျနေသော တပ်ကြပ်ကြီး ၂ ဦး…

လျှပ်စစ်မန်နေဂျာရုံးတွင် အစောင့် တာဝန်ကျနေသော တပ်ကြပ်ကြီး ၂ ဦး…

မန္တလေးတွင် စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်ရာမှ တပ်ကြပ်ကြီးကျော်မျိုးထွန်း ‌ေ-သဆုံး၊ ပစ်ခတ်သူ တပ်ကြပ်ကြီး မြတ်နိုးအောင်အောင်ကို နန်းတွင်းတွင် ဖမ်းဆီးထိန်းသိမ်းထား

ရန်ကုန်၊ အောက်တိုဘာ ၁၀

မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် လျှပ်စစ်မန်နေဂျာရုံးတွင် အစောင့် တာဝန်ကျနေသော တပ် ကြပ်ကြီး ၂ ဦး အချင်းချင်း စကားများ ရန်ဖြစ်ကြရာမှ ပစ်ခတ်မှုဖြစ်ပြီး

တပ်ကြပ်ကြီး ကျော်မျိုးထွန်းသေဆုံးကြောင်း တပ်သတင်းရင်းမြစ်က ပြောသည်။

အောက်တိုဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်အချိန် ၃၅ လမ်း ၈၇×၈၈ လမ်းကြား မြတောင်အနောက် မဟာအောင်မြေလျှပ်စစ်ရုံးတွင် လုံခြုံအစောင့် တပ်ကြပ်ကြီး ကျော်မျိုးထွန်းကို

တပ် ကြပ်ကြီး မြတ်နိုးအောင်က ပစ်ခတ်ရာမှ တပ်ကြပ်ကြီး ကျော်မျိုးထွန်း ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

” ပစ်ခတ်မှုဖြစ်တဲ့ စစ်သား ၂ ဦးစလုံး ကပစ -၁၃၊ မကွေးတိုင်း၊ ဆင်ပေါင်ဝဲက ။ တပ်ကြပ်ကြီး မြတ်နိုးအောင်က သူ့အထက် စီနီယာတပ်ကြပ်ကြီးကျော်မျိုးထွန်းကို ပစ်သတ်လိုက်တာ။

ပစ်သတ်သူ တပ် ကြပ်ကြီး မြတ်နိုးအောင်ကို နန်းတွင်းထဲမှာ ဖမ်းဆီးထားပါတယ်။ ကပစ-၁၃ တပ်ထဲမှာရှိတဲ့ တပ်ကြပ် ကြီး ကျော်မျိုးထွန်း နေအိမ်မှာ နာရေးပြင်ထားပြီ။

သူ့မိသားစုတွေက တပ်ပြင်မှာနေတာ။ အကြောင်း မကြားထားဘူး” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်မှ အမှတ် ၁၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၃) ထုတ်လုပ်ရေးတပ်များကို မန္တလေးတွင် မြို့လုံခြုံရေးအဖြစ် တာဝန်ချထားခြင်းဖြစ်ပြီး

ထုတ်လုပ်ရေးတပ်များကိုပါ လုံခြုံရေးအတွက် အသုံးချလာခြင်းဖြစ်ကြောင်း သိရှိရသည်။

CREDIT

Zawgyi Version ျဖင့္ဖတ္ရန္

လွ်ပ္စစ္မန္ေနဂ်ာ႐ုံးတြင္ အေစာင့္ တာဝန္က်ေနေသာ တပ္ၾကပ္ႀကီး ၂ ဦး…

မႏၲေလးတြင္ စစ္ေကာင္စီတပ္သားအခ်င္းခ်င္း ပစ္ခတ္ရာမွ တပ္ၾကပ္ႀကီးေက်ာ္မ်ိဳးထြန္း ‌ေ-သဆုံး၊ ပစ္ခတ္သူ တပ္ၾကပ္ႀကီး ျမတ္ႏိုးေအာင္ေအာင္ကို နန္းတြင္းတြင္ ဖမ္းဆီးထိန္းသိမ္းထား

ရန္ကုန္၊ ေအာက္တိုဘာ ၁၀

မႏၲေလးတိုင္း၊ မဟာေအာင္ေျမၿမိဳ႕နယ္ လွ်ပ္စစ္မန္ေနဂ်ာ႐ုံးတြင္ အေစာင့္ တာဝန္က်ေနေသာ တပ္ ၾကပ္ႀကီး ၂ ဦး အခ်င္းခ်င္း စကားမ်ား ရန္ျဖစ္ၾကရာမွ ပစ္ခတ္မႈျဖစ္ၿပီး

တပ္ၾကပ္ႀကီး ေက်ာ္မ်ိဳးထြန္းေသဆုံးေၾကာင္း တပ္သတင္းရင္းျမစ္က ေျပာသည္။

ေအာက္တိုဘာလ ၉ ရက္ေန႔ မြန္းလြဲ ၂ နာရီ ၂၀ မိနစ္အခ်ိန္ ၃၅ လမ္း ၈၇×၈၈ လမ္းၾကား ျမေတာင္အေနာက္ မဟာေအာင္ေျမလွ်ပ္စစ္႐ုံးတြင္ လုံျခဳံအေစာင့္ တပ္ၾကပ္ႀကီး ေက်ာ္မ်ိဳးထြန္းကို

တပ္ ၾကပ္ႀကီး ျမတ္ႏိုးေအာင္က ပစ္ခတ္ရာမွ တပ္ၾကပ္ႀကီး ေက်ာ္မ်ိဳးထြန္း ပြဲခ်င္းၿပီး ေသဆုံးသြားေၾကာင္း သိ႐ွိရသည္။

” ပစ္ခတ္မႈျဖစ္တဲ့ စစ္သား ၂ ဦးစလုံး ကပစ -၁၃၊ မေကြးတိုင္း၊ ဆင္ေပါင္ဝဲက ။ တပ္ၾကပ္ႀကီး ျမတ္ႏိုးေအာင္က သူ႕အထက္ စီနီယာတပ္ၾကပ္ႀကီးေက်ာ္မ်ိဳးထြန္းကို ပစ္သတ္လိုက္တာ။

ပစ္သတ္သူ တပ္ ၾကပ္ႀကီး ျမတ္ႏိုးေအာင္ကို နန္းတြင္းထဲမွာ ဖမ္းဆီးထားပါတယ္။ ကပစ-၁၃ တပ္ထဲမွာ႐ွိတဲ့ တပ္ၾကပ္ ႀကီး ေက်ာ္မ်ိဳးထြန္း ေနအိမ္မွာ နာေရးျပင္ထားၿပီ။

သူ႕မိသားစုေတြက တပ္ျပင္မွာေနတာ။ အေၾကာင္း မၾကားထားဘူး” ဟု တပ္သတင္းရင္းျမစ္က ဆိုသည္။

မေကြးတိုင္း၊ ဆင္ေပါင္ဝဲၿမိဳ႕နယ္မွ အမွတ္ ၁၃ ကာကြယ္ေရးပစၥည္းစက္႐ုံ (ကပစ-၁၃) ထုတ္လုပ္ေရးတပ္မ်ားကို မႏၲေလးတြင္ ၿမိဳ႕လုံျခဳံေရးအျဖစ္ တာဝန္ခ်ထားျခင္းျဖစ္ၿပီး

ထုတ္လုပ္ေရးတပ္မ်ားကိုပါ လုံျခဳံေရးအတြက္ အသုံးခ်လာျခင္းျဖစ္ေၾကာင္း သိ႐ွိရသည္။

CREDIT