News

အာဆင်နယ်ပွဲကို ရုပ်ဖျက်ပြီးသွားကြည့်သည့် ရဲစခန်းမှူးရဲ့ အဖြစ်…

အာဆင်နယ်ပွဲကို ရုပ်ဖျက်ပြီးသွားကြည့်သည့် ရဲစခန်းမှူးရဲ့ အဖြစ်…

🖋အောင်နိုင်သူ

အာဆင်နယ်နှင့်လီဗာပူးလ် ပွဲကိုရုပ်ဖျက်ပြီး လက်ဖက်ရည်ဆိုင်တွင် သွားကြည့်သည့် ဝမ်းတွင်းမြို့ မြို့မရဲစခန်းမှ စခန်းမှူးရဲအုပ်တစ်ဦး

ယမန်နေ့ညက ‌ေ-သနတ်ဖြင့် ပ-စ်ခတ်ခံရပြီး ‌ေ-သသွားသည်ဟု မြိုခံများထံမှ သိရသည်။

ယမန်နေ့ည ၉ နာရီကျော်တွင် ဝမ်းတွင်းမြို့နယ် မြို့မရဲစခန်းမှ စခန်းမှူးဆိုသူသည် ရဲတပ်သားနှစ်ဦးကို ခေါ်၍ ရဲစခန်းအနီးရှိ လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေစဉ်

အမည်မသိအမျိုးသားနှစ်ဦးက ‌ေ-သနတ်ဖြင့် ပ-စ်ခတ်ခဲ့တာ ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“စခန်းမှူးမှန်း ဘယ်သူမှ မသိဘူး ခေါင်းစွပ် ဦးထုတ်လေးနဲ့ လာကြည့်တာ ရဲတပ်သားက အဘ ကွမ်းယာစားအုံးမလားဆိုပြီး ကွမ်းပေးမှ အပ-စ်ခံရတာ ပွဲချင်းပြီးပဲ”ဟု CJ Platform ကိုပြောသည်။

ဝမ်းတွင်းမြို့မစခန်းမှူးအား အမည်မသိအမျိုးသားနှစ်ဦးက ‌ေ-သနတ်ဖြင့်ပစ်ခတ်နေစဉ် ရဲဘော်နှစ်ဦး ထွက်ပြေးသွားသည့်အတွက်

ကျည်ထိမှန်ဒဏ်ရာများဖြင့် ‌ေ-သဆုံးသွားသည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“အတူပါသွားတဲ့ ရဲနှစ်ယောက်က ဟိုမှာ ‌ေ-သနတ်နဲ့ပ-စ်နေပြီ ပြေးဆိုပြီး ပြေးတာ

ကျန်ခဲ့တဲ့ စခန်းမှူးကို ဝိုင်းပ-စ်တာ ယာယီစခန်းမှူးတာဝန် ရထားတာတောင် မကြာသေးဘူး”ဟု CJ Platformကိုပြောသည်။

သေဆုံးသူမှာ ဝမ်းတွင်းမြို့မရဲစခန်းမှ ယာယီစခန်းမှူးတာဝန်ယူထားသူ ဗိုလ်စော(ခ)ရဲအုပ်စောနိုင်ဦး ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာ ခြောက်ချက်ရရှိကာ ‌ေ-သဆုံးသွားပြီး

ရုပ်အလော-င်းကို ဝမ်းတွင်းမြို့မဆေးရုံကြီးသို့ ပို့ဆောင်ထားသည်ဟု ရဲတပ်ဖွဲ့နှင့်နီးစပ်သူတွေဆီက သိရသည်။

လက်ရှိအခြေအနေတွင် ‌ေ-သနတ်ပ-စ်ခတ်မှုဖြစ်ပြီးနောက် ဝမ်းတွင်းမြို့မရဲစခန်းတွင် စစ်ကောင်စီတပ်များ အင်အားအပြည့်ချထားပြီး

မြို့ပေါ်နှင့်ရပ်ကွက်လမ်းဆုံများတွင် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မြို့ခံတွေဆီက သိရသည်။

ဝမ်းတွင်းမြို့မရဲစခန်းမှူး မျှော်လင့်စောင့်ဆိုင်းခဲ့ရသည့် အာဆင်နယ်- လီဗာပူးလ် ပွဲစဉ်တွင် အာဆင်နယ် အသင်းမှ ၃ဂိုး၂ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး

မာတင်နယ်လီ(၁ မိနစ်)၊ ဆာကာ(၄၅+၅ မိနစ်၊ ၇၆ မိနစ် Pen)၊ ဒါဝင်နူးနက်ဇ်(၃၄ မိနစ်)၊ ဖေမီနို(၅၃ မိနစ်)တို့မှ အသီးသီး ဂိုးသွင်းယူခဲ့သည်။

ပ-စ်ခတ်ရှင်းလင်းခံခဲ့ရသည့် ရဲစခန်းမှူး ဗိုလ်စော(ခ) ရဲအုပ်စောနိုင်ဦးမှာ မည်သည့် အသင်းကို အားပေးသူဖြစ်သည်ကိုမူ CJ Platform အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

CjPlatform

Zawgyi Version ျဖင့္ဖတ္ရန္

အာဆင္နယ္ပြဲကို ႐ုပ္ဖ်က္ၿပီးသြားၾကည့္သည့္ ရဲစခန္းမႉးရဲ႕ အျဖစ္…

🖋ေအာင္ႏိုင္သူ

အာဆင္နယ္ႏွင့္လီဗာပူးလ္ ပြဲကို႐ုပ္ဖ်က္ၿပီး လက္ဖက္ရည္ဆိုင္တြင္ သြားၾကည့္သည့္ ဝမ္းတြင္းၿမိဳ႕ ၿမိဳ႕မရဲစခန္းမွ စခန္းမႉးရဲအုပ္တစ္ဦး

ယမန္ေန႔ညက ‌ေ-သနတ္ျဖင့္ ပ-စ္ခတ္ခံရၿပီး ‌ေ-သသြားသည္ဟု ၿမိဳခံမ်ားထံမွ သိရသည္။

ယမန္ေန႔ည ၉ နာရီေက်ာ္တြင္ ဝမ္းတြင္းၿမိဳ႕နယ္ ၿမိဳ႕မရဲစခန္းမွ စခန္းမႉးဆိုသူသည္ ရဲတပ္သားႏွစ္ဦးကို ေခၚ၍ ရဲစခန္းအနီး႐ွိ လက္ဖက္ရည္ဆိုင္တြင္ ေဘာလုံးပြဲၾကည့္ေနစဥ္

အမည္မသိအမ်ိဳးသားႏွစ္ဦးက ‌ေ-သနတ္ျဖင့္ ပ-စ္ခတ္ခဲ့တာ ျဖစ္သည္ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“စခန္းမႉးမွန္း ဘယ္သူမွ မသိဘူး ေခါင္းစြပ္ ဦးထုတ္ေလးနဲ႔ လာၾကည့္တာ ရဲတပ္သားက အဘ ကြမ္းယာစားအုံးမလားဆိုၿပီး ကြမ္းေပးမွ အပ-စ္ခံရတာ ပြဲခ်င္းၿပီးပဲ”ဟု CJ Platform ကိုေျပာသည္။

ဝမ္းတြင္းၿမိဳ႕မစခန္းမႉးအား အမည္မသိအမ်ိဳးသားႏွစ္ဦးက ‌ေ-သနတ္ျဖင့္ပစ္ခတ္ေနစဥ္ ရဲေဘာ္ႏွစ္ဦး ထြက္ေျပးသြားသည့္အတြက္

က်ည္ထိမွန္ဒဏ္ရာမ်ားျဖင့္ ‌ေ-သဆုံးသြားသည္ဟု ၿမိဳ႕ခံတစ္ဦးက ေျပာသည္။

“အတူပါသြားတဲ့ ရဲႏွစ္ေယာက္က ဟိုမွာ ‌ေ-သနတ္နဲ႔ပ-စ္ေနၿပီ ေျပးဆိုၿပီး ေျပးတာ

က်န္ခဲ့တဲ့ စခန္းမႉးကို ဝိုင္းပ-စ္တာ ယာယီစခန္းမႉးတာဝန္ ရထားတာေတာင္ မၾကာေသးဘူး”ဟု CJ Platformကိုေျပာသည္။

ေသဆုံးသူမွာ ဝမ္းတြင္းၿမိဳ႕မရဲစခန္းမွ ယာယီစခန္းမႉးတာဝန္ယူထားသူ ဗိုလ္ေစာ(ခ)ရဲအုပ္ေစာႏိုင္ဦး ျဖစ္ၿပီး က်ည္ထိမွန္ဒဏ္ရာ ေျခာက္ခ်က္ရ႐ွိကာ ‌ေ-သဆုံးသြားၿပီး

႐ုပ္အေလာ-င္းကို ဝမ္းတြင္းၿမိဳ႕မေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ထားသည္ဟု ရဲတပ္ဖြဲ႕ႏွင့္နီးစပ္သူေတြဆီက သိရသည္။

လက္႐ွိအေျခအေနတြင္ ‌ေ-သနတ္ပ-စ္ခတ္မႈျဖစ္ၿပီးေနာက္ ဝမ္းတြင္းၿမိဳ႕မရဲစခန္းတြင္ စစ္ေကာင္စီတပ္မ်ား အင္အားအျပည့္ခ်ထားၿပီး

ၿမိဳ႕ေပၚႏွင့္ရပ္ကြက္လမ္းဆုံမ်ားတြင္ စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္ဟု ၿမိဳ႕ခံေတြဆီက သိရသည္။

ဝမ္းတြင္းၿမိဳ႕မရဲစခန္းမႉး ေမွ်ာ္လင့္ေစာင့္ဆိုင္းခဲ့ရသည့္ အာဆင္နယ္- လီဗာပူးလ္ ပြဲစဥ္တြင္ အာဆင္နယ္ အသင္းမွ ၃ဂိုး၂ဂိုးျဖင့္ အႏိုင္ရ႐ွိခဲ့ၿပီး

မာတင္နယ္လီ(၁ မိနစ္)၊ ဆာကာ(၄၅+၅ မိနစ္၊ ၇၆ မိနစ္ Pen)၊ ဒါဝင္ႏူးနက္ဇ္(၃၄ မိနစ္)၊ ေဖမီႏို(၅၃ မိနစ္)တို႔မွ အသီးသီး ဂိုးသြင္းယူခဲ့သည္။

ပ-စ္ခတ္႐ွင္းလင္းခံခဲ့ရသည့္ ရဲစခန္းမႉး ဗိုလ္ေစာ(ခ) ရဲအုပ္ေစာႏိုင္ဦးမွာ မည္သည့္ အသင္းကို အားေပးသူျဖစ္သည္ကိုမူ CJ Platform အေနျဖင့္ သီးျခားအတည္ျပဳႏိုင္ျခင္း မ႐ွိေသးပါ။

CjPlatform