Knowledge

ရွှေ၊ ဒေါ်လာ၊ မြေ၊ ကား ‌ရောင်းမယ်ဝယ်မယ်ဆိုရင် အရှုံးနည်းစေဖို့ သိထားသင့်တဲ့ အရာတစ်ခု…

ရွှေ၊ ဒေါ်လာ၊ မြေ၊ ကား ‌ရောင်းမယ်ဝယ်မယ်ဆိုရင် အရှုံးနည်းစေဖို့ သိထားသင့်တဲ့ အရာတစ်ခု…

ရွှေ၊ ဒေါ်လာ၊ မြေ၊ ကား ‌ရောင်းမယ် ဝယ်မယ် စုမယ် ဆိုရင် အရှုံးနည်းစေဖို့ သိထားသင့်တဲ့ စီးပွားရေးပညာ

စီးပွားရေးမှာ အရှုံးကို ရဲရဲကြီးလက်ခံနိုင်သူသာ အမြတ်ရနိုင်သူဖြစ်တယ်။ တနည်းအရှုံးထဲမှ အမြတ်ကိုရှာဖွေခြင်းပဲ..

ဒီနှစ်ပိုင်း ရွှေ ​ဒေါ်လာ မြေ ကား စတာတွေ ဝယ်တဲ့သူအများစုဟာ ငွေ​ကြေးခိုင်မာချင်လို့ဝယ်တယ်ဆိုတာထက် အမြတ်ရချင်လို့ ဝယ်ကြတယ်ဆိုတာ အလွယ်သိနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ ငွေကြေးခိုင်မာချင်လို့ဝယ်ထားတဲ့သူအများစုက ဈေးတက်တက်ကျကျ စိတ်မဝင်စားဘူး။

အမြတ်ရချင်လို့ဝယ်သူအများစုကတော့ ဈေးတက်လို့ မဝယ်ထားရဘူးဆို လောင်နေပြီ။ ကျလို့ မရောင်းထားရရင်လဲ လောင်ကြပြန်တယ်။

ဝယ်ကြရောင်းကြတဲ့လူ အများစုဟာလဲ ဒီလုပ်ငန်းတွေကို ထဲထဲဝင်ဝင် မကျွမ်းကျင်ကြဘူးဆိုတာလဲ သိနိုင်ပြန်ပါတယ်။

ဈေးကွက်အတက်အကျကို ဈေးကွက်ထဲနေသူတွေကသာ အနီးစပ်ဆုံး ကြိုတင်ခန့်မှန်း သိနိုင်ကြတာဖြစ်ပြီး ဈေးကွက်ထဲမှာ ကျင်လည်နေသူတွေက အမြတ်လဲ ပိုင်းရဲသလို အရှူံးကိုလဲ ပိုင်းဖြစ်ရဲကြပါတယ်။

ဥပမာ.. ရွှေ ၁ ကျပ်သား ၃၅ သိန်းမှာ ၁၀ သားဝယ်ထားတဲ့သူတစ်ယောက် ရွှေဈေးက ၃၀ သိန်းအထိကျသွားချိန် အရှူံးမခံနိုင်လို့ မရောင်းမခြင်းမရှူံးပါဘူးဆိုတဲ့ အတွေးနဲ့ အရှုံးမပိုင်းခဲ့ဘူး။

ဒါပေမယ့် ရွှေဈေးက ၂၅ သိန်းအထိထက်ကျတယ်။ ကဲသူဘာဆက်လုပ်မှာလဲ ဒီအချိန်ကြမှ ရောင်းပြန်ရင်လဲ ၁၀၀ သိန်းရှူံးမယ်။ မရောင်းပဲကိုင်ထားတော့ရော ရွှေဈေးက ၃၅ သိန်းပြန်ဖြစ်ဖို့ နှစ်ချီကြာကောင်းကြာသွားနိုင်တယ်။

တကယ်လို့သူက ၃၀ သိန်းဈေးမှာ အရှုံးပိုင်းပြီးရောင်းခဲ့မယ်ဆို အခု ၂၅ သိန်းမှာ ပြန်ဝယ်လို့ရပြီ။

အဲ့ဒါဆို သူ့လက်ထဲမှာ ရွှေ ၁ဝ ကျပ်သားလဲရှိနေမယ် ငွေလဲ ၅၀ သိန်းရှိနေမယ်။ ရွှေပဲပြန်ဝယ်မယ်ဆို ရွှေ ၁၂ ကျပ်သားရမယ်။ ဈေးကျတယ်.. ဒါပေမယ့် သူမရှုံးတဲ့အပြင် ရွှေ ၂ ကျပ်သားတောင် မြတ်လိုက်သေးတယ်။

အဲ့ဒီတော့ အရှုံးမပိုင်းတတ်ပဲ ကိုင်ထားသူနဲ့ ရဲရဲကြီး အရှုံးပိုင်းတတ်သူ ဘယ်သူပိုမြတ်လဲ။ စီးပွားရေးဆိုတာ ဒါမျိုးလုပ်ရပါတယ်။ ကျွမ်းကျင်မှုရှိဖို့လဲလိုပါတယ်။

အမြတ်ပိုင်းသင့်တဲ့အချိန်လဲ မပိုင်းခဲ့ဘူး အရှုံးပိုင်းသင့်တဲ့အချိန်လဲ မပိုင်းခဲ့ဘူးဆို သင်မိအေး ၂ ခါနာဖြစ်ပြီး လုံးပါးပါး ပါလိမ့်မယ်။ အားလုံးအမြတ်ရကြပါစေ။

ဒီစာက ရွှေရောင်းကြပါ (သို့) ဝယ်ကြပါဆိုတဲ့သဘော ရေးတာမဟုတ်ပါဘူး။ ရွှေနဲ့ ဥပမာပြရေးတာက မြင်သာလို့ ရွှေကို ဥပမာပြရေးတာပါခင်ဗျာ။

“ဈေးသုံးလဲမလွယ်နဲ့ ရှေးထုံးလဲမပယ်နဲ့တဲ့”.. အဲ့ဒါကြောင့် အရောင်းအဝယ်နဲ့ ပက်သက်တဲ့ ရှေးထုံးလေး ၂ ခုကို ပြောပြပေးချင်ပါတယ်..

“ပေါကုန်လှောင် ရှားကုန်ရှောင်” တဲ့.. ဘယ်ကုန်ကပေါနေတာလဲ ဘယ်ကုန်ကရှားနေတာလဲ သိဖို့ ပညာတော့လိုပါတယ်..

အမြတ်ရချင်ရင် “ကျရင်ဝယ် တက်ရင်ရောင်း” တဲ့.. ဘယ်လောက်အကျမှာ ဝယ်ရမယ် ဘယ်လောက်အတက်မှာ ရောင်းရမယ် ဆိုတာသိဖို့ကတော့ ဈေးကွက်ကို ကျွမ်းကျင်မှူရှိဖို့လိုပါတယ်။ အားလုံး အမြတ်ရကြပါစေ။

Pyi Soe Oo

Zawgyi Version ျဖင့္ဖတ္ရန္

ေ႐ႊ၊ ေဒၚလာ၊ ေျမ၊ ကား ‌ေရာင္းမယ္ဝယ္မယ္ဆိုရင္ အ႐ႈံးနည္းေစဖို႔ သိထားသင့္တဲ့ အရာတစ္ခု…

ေ႐ႊ၊ ေဒၚလာ၊ ေျမ၊ ကား ‌ေရာင္းမယ္ ဝယ္မယ္ စုမယ္ ဆိုရင္ အ႐ႈံးနည္းေစဖို႔ သိထားသင့္တဲ့ စီးပြားေရးပညာ

စီးပြားေရးမွာ အ႐ႈံးကို ရဲရဲႀကီးလက္ခံႏိုင္သူသာ အျမတ္ရႏိုင္သူျဖစ္တယ္။ တနည္းအ႐ႈံးထဲမွ အျမတ္ကို႐ွာေဖြျခင္းပဲ..

ဒီႏွစ္ပိုင္း ေ႐ႊ ​ေဒၚလာ ေျမ ကား စတာေတြ ဝယ္တဲ့သူအမ်ားစုဟာ ေငြ​ေၾကးခိုင္မာခ်င္လို႔ဝယ္တယ္ဆိုတာထက္ အျမတ္ရခ်င္လို႔ ဝယ္ၾကတယ္ဆိုတာ အလြယ္သိႏိုင္ပါတယ္။

ဘာလို႔လဲဆိုေတာ့ ေငြေၾကးခိုင္မာခ်င္လို႔ဝယ္ထားတဲ့သူအမ်ားစုက ေဈးတက္တက္က်က် စိတ္မဝင္စားဘူး။

အျမတ္ရခ်င္လို႔ဝယ္သူအမ်ားစုကေတာ့ ေဈးတက္လို႔ မဝယ္ထားရဘူးဆို ေလာင္ေနၿပီ။ က်လို႔ မေရာင္းထားရရင္လဲ ေလာင္ၾကျပန္တယ္။

ဝယ္ၾကေရာင္းၾကတဲ့လူ အမ်ားစုဟာလဲ ဒီလုပ္ငန္းေတြကို ထဲထဲဝင္ဝင္ မကြၽမ္းက်င္ၾကဘူးဆိုတာလဲ သိႏိုင္ျပန္ပါတယ္။

ေဈးကြက္အတက္အက်ကို ေဈးကြက္ထဲေနသူေတြကသာ အနီးစပ္ဆုံး ႀကိဳတင္ခန္႔မွန္း သိႏိုင္ၾကတာျဖစ္ၿပီး ေဈးကြက္ထဲမွာ က်င္လည္ေနသူေတြက အျမတ္လဲ ပိုင္းရဲသလို အ႐ွဴံးကိုလဲ ပိုင္းျဖစ္ရဲၾကပါတယ္။

ဥပမာ.. ေ႐ႊ ၁ က်ပ္သား ၃၅ သိန္းမွာ ၁၀ သားဝယ္ထားတဲ့သူတစ္ေယာက္ ေ႐ႊေဈးက ၃၀ သိန္းအထိက်သြားခ်ိန္ အ႐ွဴံးမခံႏိုင္လို႔ မေရာင္းမျခင္းမ႐ွဴံးပါဘူးဆိုတဲ့ အေတြးနဲ႔ အ႐ႈံးမပိုင္းခဲ့ဘူး။

ဒါေပမယ့္ ေ႐ႊေဈးက ၂၅ သိန္းအထိထက္က်တယ္။ ကဲသူဘာဆက္လုပ္မွာလဲ ဒီအခ်ိန္ၾကမွ ေရာင္းျပန္ရင္လဲ ၁၀၀ သိန္း႐ွဴံးမယ္။ မေရာင္းပဲကိုင္ထားေတာ့ေရာ ေ႐ႊေဈးက ၃၅ သိန္းျပန္ျဖစ္ဖို႔ ႏွစ္ခ်ီၾကာေကာင္းၾကာသြားႏိုင္တယ္။

တကယ္လို႔သူက ၃၀ သိန္းေဈးမွာ အ႐ႈံးပိုင္းၿပီးေရာင္းခဲ့မယ္ဆို အခု ၂၅ သိန္းမွာ ျပန္ဝယ္လို႔ရၿပီ။

အဲ့ဒါဆို သူ႕လက္ထဲမွာ ေ႐ႊ ၁ဝ က်ပ္သားလဲ႐ွိေနမယ္ ေငြလဲ ၅၀ သိန္း႐ွိေနမယ္။ ေ႐ႊပဲျပန္ဝယ္မယ္ဆို ေ႐ႊ ၁၂ က်ပ္သားရမယ္။ ေဈးက်တယ္.. ဒါေပမယ့္ သူမ႐ႈံးတဲ့အျပင္ ေ႐ႊ ၂ က်ပ္သားေတာင္ ျမတ္လိုက္ေသးတယ္။

အဲ့ဒီေတာ့ အ႐ႈံးမပိုင္းတတ္ပဲ ကိုင္ထားသူနဲ႔ ရဲရဲႀကီး အ႐ႈံးပိုင္းတတ္သူ ဘယ္သူပိုျမတ္လဲ။ စီးပြားေရးဆိုတာ ဒါမ်ိဳးလုပ္ရပါတယ္။ ကြၽမ္းက်င္မႈ႐ွိဖို႔လဲလိုပါတယ္။

အျမတ္ပိုင္းသင့္တဲ့အခ်ိန္လဲ မပိုင္းခဲ့ဘူး အ႐ႈံးပိုင္းသင့္တဲ့အခ်ိန္လဲ မပိုင္းခဲ့ဘူးဆို သင္မိေအး ၂ ခါနာျဖစ္ၿပီး လုံးပါးပါး ပါလိမ့္မယ္။ အားလုံးအျမတ္ရၾကပါေစ။

ဒီစာက ေ႐ႊေရာင္းၾကပါ (သို႔) ဝယ္ၾကပါဆိုတဲ့သေဘာ ေရးတာမဟုတ္ပါဘူး။ ေ႐ႊနဲ႔ ဥပမာျပေရးတာက ျမင္သာလို႔ ေ႐ႊကို ဥပမာျပေရးတာပါခင္ဗ်ာ။

“ေဈးသုံးလဲမလြယ္နဲ႔ ေ႐ွးထုံးလဲမပယ္နဲ႔တဲ့”.. အဲ့ဒါေၾကာင့္ အေရာင္းအဝယ္နဲ႔ ပက္သက္တဲ့ ေ႐ွးထုံးေလး ၂ ခုကို ေျပာျပေပးခ်င္ပါတယ္..

“ေပါကုန္ေလွာင္ ႐ွားကုန္ေ႐ွာင္” တဲ့.. ဘယ္ကုန္ကေပါေနတာလဲ ဘယ္ကုန္က႐ွားေနတာလဲ သိဖို႔ ပညာေတာ့လိုပါတယ္..

အျမတ္ရခ်င္ရင္ “က်ရင္ဝယ္ တက္ရင္ေရာင္း” တဲ့.. ဘယ္ေလာက္အက်မွာ ဝယ္ရမယ္ ဘယ္ေလာက္အတက္မွာ ေရာင္းရမယ္ ဆိုတာသိဖို႔ကေတာ့ ေဈးကြက္ကို ကြၽမ္းက်င္မႉ႐ွိဖို႔လိုပါတယ္။ အားလုံး အျမတ္ရၾကပါေစ။

Pyi Soe Oo