News

ဗိုလ်မှူးအုန်းသွင်နဲ့ သားမက်ဖြစ်သူ ရဲတေဇတို့ ဖုန်းထဲက အချက်အလက်တွေကို ဖော်ထုတ်…

ဗိုလ်မှူးအုန်းသွင်နဲ့ သားမက်ဖြစ်သူ ရဲတေဇတို့ ဖုန်းထဲက အချက်အလက်တွေကို ဖော်ထုတ်…

ဗိုလ်မှူးအုန်းသွင်နဲ့ သားမက်ဖြစ်သူ ရဲတေဇတို့ ဖုန်းထဲက အချက်အလက်တွေကို ဖော်ထုတ်နိုင်ပြီလို့ IUF ထုတ်ပြန်

အောက်တိုဘာ ၁၀၊ ၂၀၂၂

ရန်ကုန်မြိုပြပြောက်ကျားအဖွဲ့တွေက ရှင်းလင်းသုတ်သင်ခဲ့တဲ့ ဗိုလ်မှူးချုပ်အုန်းသွင်ကိုင်ဆောင်တဲ့ i phone နဲ့ သူ့သားမက် ရဲတေဇတို့ကိုင်ဆောင်ခဲ့တဲ့

SAMSUNG ဖုန်းတွေကို အခင်းဖြစ်ပွားရာနေရာကနေ သိမ်းဆည်းခဲ့ပြီး အချက်အလက်များကို ဖော်ထုတ်နိုင်ခဲ့တယ်လို့

မြို့ပြပြောက်ကျားတပ်ဖွဲ့ Inya Urban Force(IUF) က ထုတ်ပြန်ကြေ ညာပါတယ်။

” ဗိုလ်ချုပ်အုန်းသွင်ဖုန်းနဲ့ သူ့သားမက် ရဲတေဇဖုန်း ကို မစ်ရှင်လုပ်ရင်း တပါတည်း ကျွန်တော်တို့ သိမ်းယူခဲ့တယ်၊ အုန်းသွင်ဖုန်းက iphone ဖြစ်ပေမယ့်

Lock မချထားတော့ ဖုန်းထဲကအချက်အလက် တွေရဖို့ အထူးတလည် အားစိုက်စရာမလိုခဲ့ဘူး၊

သူ့သားမက်ဖုန်းကတော့ lock ရှိထားတော့ သြစတေးလျအထိဖုန်းကို ပို့ပြီး အဲဒီက နည်းပညာရှင်တွေနဲ့ ခက်ခက်ခဲခဲ data backup ပြန်လုပ်လိုက်ရ တယ်

အချက်အလက်အကုန်မဟုတ်ပေမယ့် တော်တော်များများကို ကျွန်တော်တို့ရထားပါတယ် ” ဟု Inya Urban Force တပ်ဖွဲဝင်တစ်ဦးကပြောတယ်လို့

Yangon Police CDM Fighter မှာ ဖော်ပြထားပါ တယ်။

စက်တင်ဘာလ ၂၄ရက်နေ့ နေ့လည် ၃ နာရီခန့်က လှိင်မြိုနယ် ၁၂ရပ်ကွက်အတွင်းရှိ ၎င်း၏နေအိမ် အတွင်း ရန်ကုန်မြိုပြပြောက်ကျားများက ဝင်ရောက်ကာပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး

အခင်းဖြစ်ပွား ပြီး၃ရက်အကြာမှာ စစ်တပ်ထောက်ခံသူတွေက မြို့ပြရဲဘော်များကိုမိပြီလို့ အချင်းချင်း ဝါဒဖြန့် ခဲ့ကြပါတယ်။

သရုပ်ဆောင်အချို့ပါ ပါဝင်နေတယ်လို့ စစ်တပ်လော်ဘီအကောင့်များက တပြိုင်နက် သတင်းဖြန့်ဝေခဲ့ကြပါတယ်။

ခရက်ဒစ်

Zawgyi Version ဖြင့်ဖတ်ရန်



အောက်တိုဘာ ၁၀၊ ၂၀၂၂












ခရက်ဒစ်